ဘောလုံးကန်လို့ရတဲ့ပိုက်ဆံထက် ပိုများတဲ့ငွေတွေဝင်နေတဲ့ ဘောလုံးမင်းသား

photo internet

ဆိုရှယ်မီဒီယာခေတ်မှာ ဘောလုံးသမားတွေလည်း ဘောလုံးချည်းပဲကန်မနေဘဲ လူမှုကွန်ရက်ကနေ ပိုက်ဆံဝင်အောင်လုပ်ဆောင်နေကြပါတယ်။ ဘောလုံးသမားတွေထဲမှာတော့ စီရော်နယ်ဒိုက လက်ရှိမှာ အင်စတာဂရမ်ကနေ ဝင်ငွေအများဆုံးသော အားကစားသမားဖြစ်ပါတယ်။ Follower သန်း 200 ပြည့်သွားပြီဖြစ်တဲ့ဒိုလေးဟာအရင်နှစ်ကထက် အခုနှစ်မှာ ဆိုရှယ်မီဒီယာကနေ ငွေတွေသောက်သောက်လဲရ တော့မှာဖြစ်ပါတယ်။

photo internet

အသက် (၃၄)နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ စီရော်နယ်ဒိုရဲ့ အင်စတာဂရမ်ကနေရတဲ့ ဝင်ငွေဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအကုန်မှာပေါင် (၃၈.၂)သန်းရထားပြီလို့ ဆိုပါတယ်။ စပွန်ဆာ (၄၉)ခုနဲ့ စာချုပ်ချုပ်ထားပြီး အဲဒီထဲကတစ်ခုက ပေါင်(၇၈၀၀၀၀)တန်ကြေးရှိတယ်လို့ ဆိုပါတယ်။ ပိုက်ဆံတွေဝင်ဖို့အတွက် ရော်နယ်ဒိုလုပ်ရမှာက ပုံလေးတစ်ပုံကို သူတို့ရဲ့ကြော်ငြာအလိုက်တင်လိုက်ဖို့ပါပဲ။ဒါကြောင့် ရော်နယ်ဒိုရဲ့အင်စတာဝင်ငွေဟာ ဂျူဗင်တပ်မှာရတဲ့လစာထက်ပိုများနေပါတယ်။

photo internet

မက်ဆီကလည်း အဲလိုပါပဲ။ အင်စတာဂရမ်ကနေ တစ်နှစ်ဝင်ငွေ ပေါင်(၁၈.၇)သန်း ရရှိနေပါတယ်။ Follower များတဲ့အခြားဘောလုံးသမားတွေကတော့ နေမာ၊ ဒေးဗစ်ဘက်ခမ်း၊ ရော်နယ်ဒင်ဟိုတို့ဖြစ်ပါတယ်။ ဘောလုံးလောကက မဟုတ်တဲ့ဆယ်လီထဲမှာတော့ လီဘရွန်းဂျိမ်းတစ်ယောက်ပဲပါတဲ့အတွက် ဘတ်စကတ်ဘောစပွန်ဆာတွေဟာ သူ့အတွက်အများဆုံးဖြစ်နေမှာပါ။

photo internet

(Zawgyi Version)

ေဘာလုံးကန္လို႔ရတဲ့ပိုက္ဆံထက္ ပိုမ်ားတဲ့ေငြေတြ၀င္ေနတဲ့ ေဘာလုံးမင္းသား

ဆိုရွယ္မီဒီယာေခတ္မွာ ေဘာလုံးသမားေတြလည္း ေဘာလုံးခ်ည္းပဲကန္မေနဘဲ လူမႈကြန္ရက္ကေန ပိုက္ဆံ၀င္ေအာင္လုပ္ေဆာင္ေနၾကပါတယ္။ ေဘာလုံးသမားေတြထဲမွာေတာ့ စီေရာ္နယ္ဒိုက လက္ရွိမွာ အင္စတာဂရမ္ကေန ၀င္ေငြအမ်ားဆံုးေသာ အားကစားသမားျဖစ္ပါတယ္။ Follower သန္း 200 ျပည့္သြားၿပီျဖစ္တဲ့ဒိုေလးဟာအရင္ႏွစ္ကထက္ အခုႏွစ္မွာ ဆိုရွယ္မီဒီယာကေန ေငြေတြေသာက္ေသာက္လဲရ ေတာ့မွာျဖစ္ပါတယ္။

အသက္ (၃၄)ႏွစ္အရြယ္ရိွေနၿပီျဖစ္တဲ့ စီေရာ္နယ္ဒိုရဲ႕ အင္စတာဂရမ္ကေနရတဲ့ ၀င္ေငြဟာ ျပီးခဲ့တဲ့ႏွစ္ ေအာက္တိုဘာလအကုန္မွာေပါင္ (၃၈.၂)သန္းရထားျပီလို႔ ဆိုပါတယ္။ စပြန္ဆာ (၄၉)ခုနဲ႔ စာခ်ဳပ္ခ်ဳပ္ထားျပီး အဲဒီထဲကတစ္ခုက ေပါင္(၇၈၀၀၀၀)တန္ေၾကးရွိတယ္လို႔ ဆိုပါတယ္။ ပိုက္ဆံေတြ၀င္ဖို႔အတြက္ ေရာ္နယ္ဒိုလုပ္ရမွာက ပံုေလးတစ္ပံုကို သူတို႔ရဲ႕ေၾကာ္ျငာအလိုက္တင္လိုက္ဖို႔ပါပဲ။ဒါေၾကာင့္ ေရာ္နယ္ဒိုရဲ႕အင္စတာ၀င္ေငြဟာ ဂ်ဴဗင္တပ္မွာရတဲ့လစာထက္ပိုမ်ားေနပါတယ္။

မက္ဆီကလည္း အဲလုိပါပဲ။ အင္စတာဂရမ္ကေန တစ္ႏွစ္၀င္ေငြ ေပါင္(၁၈.၇)သန္း ရရွိေနပါတယ္။ Follower မ်ားတဲ့အျခားေဘာလုံးသမားေတြကေတာ့ ေနမာ၊ ေဒးဗစ္ဘက္ခမ္း၊ ေရာ္နယ္ဒင္ဟိုတို႔ျဖစ္ပါတယ္။ ေဘာလံုးေလာကက မဟုတ္တဲ့ဆယ္လီထဲမွာေတာ့ လီဘရြန္းဂ်ိမ္းတစ္ေယာက္ပဲပါတဲ့အတြက္ ဘတ္စကတ္ေဘာစပြန္ဆာေတြဟာ သူ႔အတြက္အမ်ားဆံုးျဖစ္ေနမွာပါ။