ဘောလုံးကနေ ရေခဲပြင်ဟော်ကီကစားသမားအဖြစ် ကူးပြောင်းလိုက်တဲ့ပီတာချက်

photo-metro

photo-guildford phoenix

ဂိုးသမားဟောင်းပီတာချက်ဟာ ရေခဲပြင်ဟော်ကီကလပ်တစ်ခုဖြစ်တဲ့ ဂိုင်းလ်ဖို့ဒ်ဖီးနစ်နဲ့ ရာသီကုန်အထိ စာချုပ်ချုပ်ဆိုလိုက်တာကြောင့် သူ့ရဲ့အားကစားနည်းအပြောင်းအလဲဟာ အံ့သြစရာတော့ ဖြစ်ခဲ့ရပါတယ်။ ပီတာချက်ဟာ ပြီးခဲ့တဲ့ရာသီကုန်ကမှ ပရော်ဖက်ရှင်နယ်ဘောလုံးကနေ အနားယူသွားခဲ့တာပါ။ အဲဒီကတည်းက သူဟာ ရေခဲပြင်ဟော်ကီကစားသမားဘဝစတင်နိုင်ရေးအတွက် ဂိုင်းလ်ဖို့ဒ်ဖီးနစ်ကလပ်နဲ့ လေ့ကျင့်မှုတွေပြုလုပ်နေခဲ့တာပါ။

photo-guildford phoenix

အဲဒီချဲလ်ဆီးနဲ့အာဆင်နယ်ဂိုးသမားဟောင်းဟာ ဒီရာသီ ဂိုင်းလ်ဖို့ဒ်ဖီးနစ်အသင်းမှာ ဂိုးသမားအဖြစ် ကစားသွားမှာဖြစ်ပြီး အားကစားနည်းအသစ်တစ်ခုကို ပြောင်းလိုက်လို့ ဝမ်းမြောက်ရကြောင်းလည်း ဝန်ခံခဲ့ပါတယ်။ ”ပွဲအတွေ့အကြုံရရေးအတွက် ဖီးနစ်အသင်းမှာ ကစားခွင့်ရတာဟာ ဝမ်းမြောက်စရာပါ။ အခုရာသီ သူတို့ရဲ့ရည်မှန်းချက်တွေပြည့်မြောက်အောင်မြင်စေဖို့ ဒီငယ်ရွယ်တဲ့အသင်းကို ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ပရောက်ဖက်ရှင်နယ်ဘောလုံးလောကမှာ နှစ်ပေါင်း ၂၀ ကုန်လွန်ခဲ့ပြီးနောက် ကလေးဘဝကတည်းက ကျွန်တော်ကစားခဲ့ပြီး ကြည့်ရတာလည်းနှစ်သက်တဲ့အားကစားနည်းမှာ နှစ်သက်ပျော်ရွှင်ဖွယ်အတွေ့အကြုံတစ်ခုကို ရတော့မှာပါ။ တချို့လူတွေက ကျွန်တော်အလုပ်ပြောင်းသွားပြီလို့ ထင်ကြမှာပါ။ ကံကောင်းတာက ချဲလ်ဆီးမှာ နည်းစနစ်ဒါရိုက်တာအဖြစ် လုပ်ကိုင်နေပေမယ့်  အားတဲ့အချိန်လေးမှာ ရေခဲပြင်ဟော်ကီကစားခွင့်ရတာပါပဲ”လို့ ပီတာချက်က ပြောခဲ့ပါတယ်။

photo-gettyimages

အဲဒီချက်ဂိုးသမားဟောင်းဟာ ၁၅ နှစ်ကြာပရီးမီးယားလိဂ်ကစားသမားဘဝမှာ ၂၀၂ ပွဲပေးဂိုးမရှိခဲ့ပါဘူး။ သူဟာ ချဲလ်ဆီးမှာ ၁၁ နှစ်ကစားခဲ့ပြီး အာဆင်နယ်မှာ ၄ နှစ်ကြာခဲ့တာပါ။ ပီတာချက်ဟာ လက်ရှိအချိန်မှာ အပြောင်းအရွှေ့ကိစ္စရပ်တွေနဲ့လူငယ်ပေါ်လစီတို့အတွက် ချဲလ်ဆီးနည်းပြလမ်းပတ်နဲ့အတူ ပူးပေါင်းလုပ်ဆောင်နေသူဖြစ်ပါတယ်။

[Zawgyi]

ေဘာလုံးကေန ေရခဲျပင္ေဟာ္ကီကစားသမားအျဖစ္ ကူးေျပာငး္လုိက္တဲ့ပီတာခ်က္

ဂိုးသမားေဟာင္းပီတာခ်က္ဟာ ေရခဲျပင္ေဟာ္ကီကလပ္တစ္ခုျဖစ္တဲ့ ဂိုင္းလ္ဖို႔ဒ္ဖီးနစ္နဲ႔ ရာသီကုန္အထိ စာခ်ဳပ္ခ်ဳပ္ဆိုလုိက္တာေၾကာင့္ သူ႔ရဲ႕အားကစားနည္းအေျပာင္းအလဲဟာ အံ့ၾသစရာေတာ့ ျဖစ္ခဲ့ရပါတယ္။ ပီတာခ်က္ဟာ ၿပီးခဲ့တဲ့ရာသီကုန္ကမွ ပေရာ္ဖက္ရွင္နယ္ေဘာလုံးကေန အနားယူသြားခဲ့တာပါ။ အဲဒီကတည္းက သူဟာ ေရခဲျပင္ေဟာ္ကီကစားသမားဘ၀စတင္ႏိုင္ေရးအတြက္ ဂိုင္းလ္ဖို႔ဒ္ဖီးနစ္ကလပ္နဲ႔ ေလ့က်င့္မႈေတြျပဳလုပ္ေနခဲ့တာပါ။

အဲဒီခ်ဲလ္ဆီးနဲ႔အာဆင္နယ္ဂိုးသမားေဟာင္းဟာ ဒီရာသီ ဂိုင္းလ္ဖို႔ဒ္ဖီးနစ္အသင္းမွာ ဂိုးသမားအျဖစ္ ကစားသြားမွာျဖစ္ၿပီး အားကစားနည္းအသစ္တစ္ခုကို ေျပာင္းလိုုက္လို႔ ၀မ္းေျမာက္ရေၾကာင္းလညး္ ၀န္ခံခဲ့ပါတယ္။ ”ပြဲအေတြ႕အႀကဳံရေရးအတြက္ ဖီးနစ္အသင္းမွာ ကစားခြင့္ရတာဟာ ၀မ္းေျမာက္စရာပါ။ အခုရာသီ သူတို႔ရဲ႕ရည္မွန္းခ်က္ေတြျပည့္ေျမာက္ေအာင္ျမင္ေစဖုိ႔ ဒီငယ္ရြယ္တဲ့အသင္းကို ကူညီေပးႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ပေရာက္ဖက္ရွင္နယ္ေဘာလုံးေလာကမွာ ႏွစ္ေပါင္း ၂၀ ကုန္လြန္ခဲ့ၿပီးေနာက္ ကေလးဘ၀ကတည္းက ကၽြန္ေတာ္ကစားခဲ့ၿပီး ၾကည့္ရတာလည္းႏွစ္သက္တဲ့အားကစားနည္းမွာ ႏွစ္သက္ေပ်ာ္ရႊင္ဖြယ္အေတြ႕အႀကဳံတစ္ခုကို ရေတာ့မွာပါ။ တခ်ိဳ႔လူေတြက ကၽြန္ေတာ္အလုပ္ေျပာင္းသြားၿပီလို႔ ထင္ၾကမွာပါ။ ကံေကာင္းတာက ခ်ဲလ္ဆီးမွာ နည္းစနစ္ဒါရိုက္္တာအျဖစ္ လုပ္ကိုင္ေနေပမယ့္  အားတဲ့အခ်ိန္ေလးမွာ ေရခဲျပင္ေဟာ္ကီကစားခြင့္ရတာပါပဲ”လို႔ ပီတာခ်က္က ေျပာခဲ့ပါတယ္။

အဲဒီခ်က္ဂိုးသမားေဟာင္းဟာ ၁၅ ႏွစ္ၾကာပရီးမီးယားလိဂ္ကစားသမားဘ၀မွာ ၂၀၂ ပြဲေပးဂိုးမရွိခဲ့ပါဘူး။ သူဟာ ခ်ဲလ္ဆီးမွာ ၁၁ ႏွစ္ကစားခဲ့ၿပီး အာဆင္နယ္မွာ ၄ ႏွစ္ၾကာခဲ့တာပါ။ ပီတာခ်က္ဟာ လက္ရွိအခ်ိန္မွာ အေျပာင္းအေရႊ႕ကိစၥရပ္ေတြနဲ႔လူငယ္ေပၚလစီတုိ႔အတြက္ ခ်ဲလ္ဆီးနည္းျပလမး္ပတ္နဲ႔အတူ ပူးေပါင္းလုပ္ေဆာင္ေနသူျဖစ္ပါတယ္။