M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
လွန်ခဲ့တဲ့၁၀လခန့်က ဂျက်စတင် ဂေသီကို အလဲထိုးခဲ့ပြီးနောက် ယခုအခါ UFC အကျော်အမော် ခါဘစ်ဟာ ရုရှားတတိယတန်းကလပ်နဲ့ ပရော်ဖက်ရှင်နယ်စာချုပ် ချုပ်ကာ ဘောလုံးသမားဘဝကို ကူးပြောင်းလိုက်ပါတယ်။
Lightweight ချန်ပီယံဟာလွန်ခဲ့တဲ့၁၀လတုန်းကUFCကစားသမားဘဝမှအနားယူခဲ့သူဖြစ်ပါတယ်။
သူဟာUFC ပွဲ၂၉ပွဲထိုးခဲ့ရာမှာပွဲအားလုံးအနိုင်ရရှိပြီးရှုံးပွဲမရှိမှတ်တမ်းနဲ့အနားယူခဲ့တာလည်းဖြစ်ပါတယ်။
ခါဘစ်ဟာ သူ့ရဲ့ဖခင်ကွယ်လွန်ပြီးနောက် အထိုးအသတ်သမားဘဝကနေ အနားယူသွားခဲ့တာဖြစ်ပြီး သူ့အမေနဲ့ကတိပေးထားခဲ့တာလို့ပြောပါတယ်။
အဲဒီနောက် သူဟာ ဘောလုံးလေ့ကျင်ရေးတွေ လုပ်နေခဲ့ပြီး ရော်နယ်ဒိုကိုလည်း အားကျတယ်လို့မကြာခဏ ထုတ်ဖော်ပြောကြားထားခဲ့ပါတယ်။
ရုရှားတတိယတန်းကလပ်လီဂျီယန်ဒိုင်နမိုဟာပြီးခဲ့ဘောလုံးရာသီတုန်းကအမှတ်ပေးဇယားအဆင့်၄နေရာမှာရပ်တည်နိုင်ခဲ့တဲ့အသင်းဖြစ်ပါတယ်။
ခါဘစ်ဟာလွန်ခဲ့တဲ့လအနည်းငယ်ခန့်တုန်းကဘောလုံးလောကကို ဝင်ရောက်မယ်လို့ တရားဝင်ကြေညာပြီးနောက်ကလပ်ပေါင်းများစွာတို့ရဲ့ကမ်းလှမ်းမှုများရရှိလာခဲ့တဲ့သူလည်းဖြစ်ပါတယ်။
ဒိုင်နမိုအသင်းရဲ့ official ပေ့ချ်မှာ ခါဘစ်ရဲ့ ပုံကို တင်ထားကာ ခါဘစ်အား တိုက်စစ်သမားအဖြစ် ထားကစားသွားမယ်လို့ဆိုထားပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ဘောလုံးကစားဖို့ စာချုပ်ချုပ် လိုက်ပြီ ဖြစ်တဲ့ နပန်းလုံး ထိုးသတ် ကျွမ်းကျင်သူ ခါဘစ်
ဒိုင်နမိုအသင်းရဲ့ official ပေ့ခ်ျမှာ ခါဘစ်ရဲ့ ပုံကို တင်ထားကာ ခါဘစ်အား တိုက်စစ်သမားအဖြစ် ထားကစားသွားမယ်လို့ဆိုထားပါတယ်။