ဘောပွဲရလဒ်သာမကဘဲ လူခေါ်တဲ့နေရာမှာပါ ပီအက်စ်ဂျီကြောင့် အရှက်ကွဲဦးမယ့် ဘာစီလိုနာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပီအက်စ်ဂျီကြောင့် အရှက်ကွဲခဲ့ရတဲ့ ဘာစီလိုနာဟာ အခုတစ်ခါမှာလည်း လူခေါ်ယူမှုမှာ ထပ်ပြီး အရှက်ကွဲရဖို့ရှိနေပြန်ပါတယ်။

ဘာစီလိုနာအသင်းက အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ကြိုးစားနေတဲ့ လီဗာပူးလ်အသင်း ကွင်းလယ်ကစားသမား ဝင်နယ်လ်ဒန် ဟာ ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သတင်ေးတွေ ထွက်ပေါ်လာပါတယ်။

ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့နှစ်မှာကတည်းက ဝင်နယ်လ်ဒန် ကို ခေါ်ယူဖို့ ချိတ်ဆက်ခဲ့တာဖြစ်ပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့ရမယ့် ရာသီအကုန်ထိ စောင့်ဆိုင်းခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ ဝင်နယ်လ်ဒန်ကို ခေါ်ယူဖို့ ကြိုးစားရာမှာ နှောင့်နှေးနေတာကြောင့် ဒီအပြောင်းအရွှေ့မှာ ပီအက်စ်ဂျီ အသင်းကပါ နောက်ကျမှ ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ ၂ပတ်အတွင်း ဝင်နယ်လ်ဒန်ကို စာချုပ်ကိစ္စသဘောတူညီမှုရရှိပြီး ဆေးစစ်မှုပြုလုပ်ဖို့ စီစဉ်ထားတာဖြစ်ပေမယ့် သူတို့ရဲ့ကမ်းလှမ်းမှုကို ထပ်မံတိုးမြှင့်ပေးဖို့ ရည်ရွယ်ချက်မရှိခဲ့ဘူးလို့ သိရပါတယ်။

ဒါကြောင့် ဝင်နယ်လ်ဒန်ဟာ ၂၀၂၄ အထိ စာချုပ်ချုပ်မယ့် ပီအက်စ်ဂျီ ရဲ့ အဆိုပြုချက်ကို လက်ခံလိုက်ပြီလို့ သိရပါတယ်။

ဒါ့အပြင် ငွေသုံးနိုင်တဲ့ ပီအက်စ်ဂျီအသင်းက ပေးတဲ့လစာဟာ ဘာစီလိုနာ အသင်းကပေးတဲ့ လစာနဲ့ နှိုင်းယှဉ်ရင် ၂ဆပိုများတယ်လို့လည်း သိရပါတယ်။

ဘာစီလိုနာအသင်းဟာ ဝင်နယ်လ်ဒန်ရဲ့ နယ်သာလန်အသင်းဖော် ဒီပေးကိုလည်း အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ ဆက်သွယ်တာတွေ လုပ်နေတာလည်းဖြစ်ပါတယ်။

ဝစ်နယ်လ်ဒန် ဟာ လက်ရှိအချိန်မှာ ယူရိုပြိုင်ပွဲဝင်မယ့် နယ်သာလန်အသင်းရဲ့ အသင်းခေါင်းဆောင် တာဝန်ယူထားသူလည်းဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ပြီးခဲ့တဲ့နှစ်က ပြည်တွင်းအမှတ်ပေးပြိုင်ပွဲ လီဂူးဝမ်းနဲ့ ချန်ပီယံလိဂ်မှာ မအောင်မြင်ခဲ့တာကြောင့် အသင်းကို အားဖြည့်ဖို့ ရှိနေပြီး ဝင်နယ်လ်ဒန်ဟာ ပိုချက်တီနို ပထမဆုံးခေါ်ယူတဲ့ ကစားသမားဖြစ်လာဖွယ်ရှိနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ေဘာပြဲရလဒ္သာမကဘဲ လူေခၚတဲ့ေနရာမွာပါ ပီအက္စ္ဂ်ီေၾကာင့္ အရွက္ကြဲဦးမယ့္ ဘာစီလိုနာ

ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ပီအက္စ္ဂ်ီေၾကာင့္ အရွက္ကြဲခဲ့ရတဲ့ ဘာစီလိုနာဟာ အခုတစ္ခါမွာလည္း လူေခၚယူမႈမွာ ထပ္ၿပီး အရွက္ကြဲရဖို႔ရွိေနျပန္ပါတယ္။ ဘာစီလိုနာအသင္းက အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူဖို႔ ႀကိဳးစားေနတဲ့ လီဗာပူးလ္အသင္း ကြင္းလယ္ကစားသမား ဝင္နယ္လ္ဒန္ ဟာ ပီအက္စ္ဂ်ီအသင္းကို ေျပာင္းေ႐ႊ႕ဖို႔ ဆုံးျဖတ္ခဲ့တယ္လို႔ သတင္ေးေတြ ထြက္ေပၚလာပါတယ္။ ဘာစီလိုနာအသင္းဟာ ၿပီးခဲ့တဲ့ႏွစ္မွာကတည္းက ဝင္နယ္လ္ဒန္ ကို ေခၚယူဖို႔ ခ်ိတ္ဆက္ခဲ့တာျဖစ္ၿပီး အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ရမယ့္ ရာသီအကုန္ထိ ေစာင့္ဆိုင္းခဲ့တာျဖစ္ပါတယ္။

ဘာစီလိုနာအသင္းဟာ ဝင္နယ္လ္ဒန္ကို ေခၚယူဖို႔ ႀကိဳးစားရာမွာ ေႏွာင့္ေႏွးေနတာေၾကာင့္ ဒီအေျပာင္းအေ႐ႊ႕မွာ ပီအက္စ္ဂ်ီ အသင္းကပါ ေနာက္က်မွ ဝင္ေရာက္လာခဲ့တာျဖစ္ပါတယ္။ဘာစီလိုနာအသင္းဟာ ၂ပတ္အတြင္း ဝင္နယ္လ္ဒန္ကို စာခ်ဳပ္ကိစၥသေဘာတူညီမႈရရွိၿပီး ေဆးစစ္မႈျပဳလုပ္ဖို႔ စီစဥ္ထားတာျဖစ္ေပမယ့္ သူတို႔ရဲ႕ကမ္းလွမ္းမႈကို ထပ္မံတိုးျမႇင့္ေပးဖို႔ ရည္႐ြယ္ခ်က္မရွိခဲ့ဘူးလို႔ သိရပါတယ္။

ဒါေၾကာင့္ ဝင္နယ္လ္ဒန္ဟာ ၂၀၂၄ အထိ စာခ်ဳပ္ခ်ဳပ္မယ့္ ပီအက္စ္ဂ်ီ ရဲ႕ အဆိုျပဳခ်က္ကို လက္ခံလိုက္ၿပီလို႔ သိရပါတယ္။ ဒါ့အျပင္ ေငြသုံးႏိုင္တဲ့ ပီအက္စ္ဂ်ီအသင္းက ေပးတဲ့လစာဟာ ဘာစီလိုနာ အသင္းကေပးတဲ့ လစာနဲ႔ ႏႈိင္းယွဥ္ရင္ ၂ဆပိုမ်ားတယ္လို႔လည္း သိရပါတယ္။ ဘာစီလိုနာအသင္းဟာ ဝင္နယ္လ္ဒန္ရဲ႕ နယ္သာလန္အသင္းေဖာ္ ဒီေပးကိုလည္း အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူႏိုင္ဖို႔ ဆက္သြယ္တာေတြ လုပ္ေနတာလည္းျဖစ္ပါတယ္။

ဝစ္နယ္လ္ဒန္ ဟာ လက္ရွိအခ်ိန္မွာ ယူ႐ိုၿပိဳင္ပြဲဝင္မယ့္ နယ္သာလန္အသင္းရဲ႕ အသင္းေခါင္းေဆာင္ တာဝန္ယူထားသူလည္းျဖစ္ပါတယ္။ ပီအက္စ္ဂ်ီအသင္းဟာ ၿပီးခဲ့တဲ့ႏွစ္က ျပည္တြင္းအမွတ္ေပးၿပိဳင္ပြဲ လီဂူးဝမ္းနဲ႔ ခ်န္ပီယံလိဂ္မွာ မေအာင္ျမင္ခဲ့တာေၾကာင့္ အသင္းကို အားျဖည့္ဖို႔ ရွိေနၿပီး ဝင္နယ္လ္ဒန္ဟာ ပိုခ်က္တီႏို ပထမဆုံးေခၚယူတဲ့ ကစားသမားျဖစ္လာဖြယ္ရွိေနပါတယ္။