ဘောကြောက်တဲ့ ပုံစံတွေ ထပ်ပြပြန်တဲ့ ဒိုလေး အတွက် နည်းပြရဲ့စကား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ရော်နယ်ဒိုကတော့ ဒီလမှာ ဇာတာညံ့နေပါတယ်။ ကျားရဲတစ်ကောင်လို ဘောလုံးကို ခုန်တိုက်ဂိုးသွင်းနိုင်တဲ့ သူတစ်ယောက်က ဘောမှန်မှာကြောက်တဲ့ ပုံရိပ်တွေ ကွင်းထဲမှာမြင်နေရပါတယ်။ ထိပ်တန်းကစားသမားတစ်ယောက် ဖြစ်တဲ့ ဒိုလေးကို ပရိသတ်တွေက အမြဲတမ်း စောင့်ကြည့် နေကြရာ မနေ့က ပါးမားနဲ့ပွဲမှာလည်း ရော်နယ်ဒိုဟာ ရယ်စရာ လှုပ်ရှားမှုတွေကို ပြသခဲ့ပါတယ်။

ဘလွန်းဒီအော်ဆု၅ကြိမ်ရကစားသမားဟာဂျူဗင်တပ်စ်အသင်းအတွက်၉၇ဂိုးအထိသွင်းယူထားပါတယ်။ ဒါပေမယ့် သန်မာထွားကြိုင်း မြင့်မားတဲ့ ခန္ဓာကိုယ်ဟာ လူတံတိုင်းကာတဲ့ နေရာမှာ တစ်ခါတလေ လိုအပ်ချက်တွေဖြစ်ပေါ်စေပြန်ပါတယ်။

စီရော်နယ်ဒိုအနေနဲ့လက်ရှိမှာပြစ်ဒဏ်ဘောကန်ချက်တွေကာကွယ်မှုနဲ့ပတ်သက်လို့အပြင်းအထန်ဝေဖန်ခံနေရပြီးပေါ်တိုအသင်းနဲ့ပွဲစဉ်၊ပါးမားအသင်းတို့နဲ့ပွဲစဉ်တွေမှာအန္တရာယ်များလှတဲ့ပြစ်ဒဏ်ဘောတွေကိုမကာကွယ်ပေးနိုင်ခဲ့ပါဘူး။

မနေ့က ကစားခဲ့တဲ့ စီးရီးအေပွဲမှာ ဂျူဗင်တပ်စ်က ပါးမားကို ၃-၁ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း တိုက်စစ်မှူးရော်နယ်ဒိုတစ်ယောက်ကတော့ ဂိုးပေါက်ဆက်ပျောက်နေခဲ့ပြီး အသင်းအတွက်အနိုင်ဂိုးတွေကို နောက်ခံလူတွေကပဲ သွင်းယူပေးခဲ့ပါတယ်။

မနေ့က ပါးမားအသင်းဟာ ဂျူဗင်တပ်စ် အသင်း ဂိုးဧရိယာနဲ့ အနည်းငယ်လှမ်းတဲ့နေရာမှာ အလွတ်တည်ကန်ဘောကန်သွင်းခွင့်ရရှိခဲ့ပါတယ်။ အဲဒီကန်သွင်းမှုကို ရော်နယ်ဒိုအပါအဝင် ဂျူဗီကစားသမားတွေက လူတံတိုင်းပြုလုပ်ကာ ကာကွယ်ခဲ့ပေမယ့်လည်း ပါးမားကစားသမား ဂက်စ်တန်ဘရူဂ်မန်က ဂိုးရအောင်သွင်းယူနိုင်ခဲ့ပါတယ်။

ပြိုင်ဘက်ကစားသမား ကန်သွင်းချိန်မှာ ရော်နယ်ဒိုဟာ မျက်နှာကို လက်နဲ့အုပ်ကာ ခြေထောက်မြှောက်ရုံလောက်သာ ဟန့်တားခဲ့ပြီး ပြည့်ပြည့်၀၀ မခုန်ခဲ့ပါဘူး။ ကျန်အသင်းဖော်တွေဟာ ပါးမားကစားသမားကန်သွင်းယူချိန်မှာ ခုန်ကာဟန့်တားခဲ့ကြပေမယ့် ရော်နယ်ဒိုတစ်ယောက်တည်းကသာ ခြေထောက်လေးမြှောက်ရုံနဲ့ မျက်နှာအုပ်ပြီး ခေါင်းအောက်စိုက်ကာ ကာကွယ်ခဲ့တာဖြစ်ပါတယ်။

နည်းပြ ပီယာလိုက”အဲဒါမျိုးတွေကဖြစ်တတ်ပါတယ်။ကျွန်တော်တို့နောက်ပွဲတွေအတွက်ဘယ်လိုလုပ်ရမလဲ။ ကာကွယ်တဲ့ နေရာမှာ ဘယ်သူ့ကိုတာဝန်ပေးရမလဲဆိုတာစဉ်းစားသွားမှာပါ” လို့ ပြောဆိုပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေဘာေၾကာက္တဲ့ ပုံစံေတြ ထပ္ျပျပန္တဲ့ ဒိုေလး အတြက္ နည္းျပရဲ႕စကား

ေရာ္နယ္ဒိုကေတာ့ ဒီလမွာ ဇာတာညံ့ေနပါတယ္။ က်ားရဲတစ္ေကာင္လို ေဘာလုံးကို ခုန္တိုက္ဂိုးသြင္းႏိုင္တဲ့ သူတစ္ေယာက္က ေဘာမွန္မွာေၾကာက္တဲ့ ပုံရိပ္ေတြ ကြင္းထဲမွာျမင္ေနရပါတယ္။ ထိပ္တန္းကစားသမားတစ္ေယာက္ ျဖစ္တဲ့ ဒိုေလးကို ပရိသတ္ေတြက အၿမဲတမ္း ေစာင့္ၾကည့္ ေနၾကရာ မေန႔က ပါးမားနဲ႔ပြဲမွာလည္း ေရာ္နယ္ဒိုဟာ ရယ္စရာ လွဳပ္ရွားမွဳေတြကို ျပသခဲ့ပါတယ္။

ဘလြန္းဒီေအာ္ဆု၅ႀကိမ္ရကစားသမားဟာဂ်ဴဗင္တပ္စ္အသင္းအတြက္၉၇ဂိုးအထိသြင္းယူထားပါတယ္။ ဒါေပမယ့္ သန္မာထြားႀကိဳင္း ျမင့္မားတဲ့ ခႏၶာကိုယ္ဟာ လူတံတိုင္းကာတဲ့ ေနရာမွာ တစ္ခါတေလ လုိအပ္ခ်က္ေတြျဖစ္ေပၚေစျပန္ပါတယ္။

စီေရာ္နယ္ဒိုအေနနဲ႔လက္ရွိမွာျပစ္ဒဏ္ေဘာကန္ခ်က္ေတြကာကြယ္မွုနဲ႔ပတ္သက္လို့အျပင္းအထန္ေဝဖန္ခံေနရၿပီးေပၚတိုအသင္းနဲ႔ပြဲစဥ္၊ပါးမားအသင္းတို့နဲ႔ပြဲစဥ္ေတြမွာအႏၲရာယ္မ်ားလွတဲ့ျပစ္ဒဏ္ေဘာေတြကိုမကာကြယ္ေပးနိုင္ခဲ့ပါဘူး။

မေန႔က ကစားခဲ့တဲ့ စီးရီးေအပြဲမွာ ဂ်ဴဗင္တပ္စ္က ပါးမားကို ၃-၁ နဲ႔ အနိုင္ရရွိခဲ့ပါတယ္။ ဒါေပမယ့္လည္း တိုက္စစ္မွူးေရာ္နယ္ဒိုတစ္ေယာက္ကေတာ့ ဂိုးေပါက္ဆက္ေပ်ာက္ေနခဲ့ၿပီး အသင္းအတြက္အနိုင္ဂိုးေတြကို ေနာက္ခံလူေတြကပဲ သြင္းယူေပးခဲ့ပါတယ္။

မေန႔က ပါးမားအသင္းဟာ ဂ်ဴဗင္တပ္စ္ အသင္း ဂိုးဧရိယာနဲ႔ အနည္းငယ္လွမ္းတဲ့ေနရာမွာ အလြတ္တည္ကန္ေဘာကန္သြင္းခြင့္ရရွိခဲ့ပါတယ္။ အဲဒီကန္သြင္းမွုကို ေရာ္နယ္ဒိုအပါအဝင္ ဂ်ဴဗီကစားသမားေတြက လူတံတိုင္းျပဳလုပ္ကာ ကာကြယ္ခဲ့ေပမယ့္လည္း ပါးမားကစားသမား ဂက္စ္တန္ဘ႐ူဂ္မန္က ဂိုးရေအာင္သြင္းယူနိုင္ခဲ့ပါတယ္။

ၿပိဳင္ဘက္ကစားသမား ကန္သြင္းခ်ိန္မွာ ေရာ္နယ္ဒိုဟာ မ်က္ႏွာကို လက္နဲ႔အုပ္ကာ ေျခေထာက္ေျမႇာက္႐ုံေလာက္သာ ဟန႔္တားခဲ့ၿပီး ျပည့္ျပည့္၀၀ မခုန္ခဲ့ပါဘူး။ က်န္အသင္းေဖာ္ေတြဟာ ပါးမားကစားသမားကန္သြင္းယူခ်ိန္မွာ ခုန္ကာဟန႔္တားခဲ့ၾကေပမယ့္ ေရာ္နယ္ဒိုတစ္ေယာက္တည္းကသာ ေျခေထာက္ေလးေျမႇာက္ရံုနဲ႔ မ်က္ႏွာအုပ္ၿပီး ေခါင္းေအာက္စိုက္ကာ ကာကြယ္ခဲ့တာျဖစ္ပါတယ္။

နည္းျပ ပီယာလိုက”အဲဒါမ်ိဳးေတြကျဖစ္တတ္ပါတယ္။ကၽြန္ေတာ္တို့ေနာက္ပြဲေတြအတြက္ဘယ္လိုလုပ္ရမလဲ။ ကာကြယ္တဲ့ ေနရာမွာ ဘယ္သူ႔ကိုတာဝန္ေပးရမလဲဆိုတာစဥ္းစားသြားမွာပါ” လို့ ေျပာဆုိပါတယ္။