ဘောက်ဆင်ဒေးဂိုးပြတ်နိုင်ပွဲက မန်ယူကစားသမားတွေရဲ့စွမ်းဆောင်ရည်အဆင့်သတ်မှတ်ချက်

photo-squawka

photo-gettyimages

အိုးလ်ထရက်ဖို့ဒ်မှာ နယူးကာဆယ်ကို ၄-၁ နဲ့ဂိုးပြတ်ခဲ့မှုနဲ့အတူ ဘောက်ဆင်ဒေးဟာ မန်ယူအတွက် တစ်ဖတ်သက်ညတစ်ညဖြစ်ခဲ့ပါတယ်။ တကယ်တမ်းမှာ လှပတဲ့ဂိုးတစ်ဂိုးနဲ့ နယူးကာဆယ်က စတင်ဦးဆောင်နိုင်ခဲ့ပေမယ့် အထနှေးခဲ့တဲ့မန်ယူဟာ တစ်ဖြည်းဖြည်းနဲ့အရှိန်ရလာပြီး ချေပဂိုးသွင်းပြီးတဲ့နောက်မှာ ကျန်ပွဲချိန်တစ်လျှောက်လုံးကို စိုးမိုးနိုင်ခဲ့ကာ သူတို့အတွက် ဂိုးပြတ်နိုင်ပွဲတစ်ပွဲဖြစ်လာခဲ့တာပါ။ အဲဒီပွဲက မန်ယူကစားသမားတစ်ယောက်ချင်းစီရဲ့စွမ်းဆောင်ရည်ကို အဆင့်သတ်မှတ်ရမယ်ဆိုရင်…

ဒီဂီယာ-၅- ပေးလိုက်ရတဲ့ဂိုးနဲ့ပတ်သက်လို့ သူဘယ်လိုမှမတတ်နိုင်ခဲ့ပေမယ့် တစ်ပွဲလုံးမှာ သင့်တင့်ခဲ့ပါတယ်။

ဘစ်ဆာကာ-၈- ထုံးစံအတိုင်း ခံစစ်မှာ ကျေ်ဖြတ်ခွင့်မပေးတဲ့နောက်ခံတံတိုင်းဖြစ်ခဲ့ပါတယ်။ ရှေ့တက်ပြီးတော့ ရက်ရှ်ဖို့ဒ်သွင်းတဲ့ တတိယဂိုးကိုတောင် ဖြတ်တင်ဖန်တီးပေးခဲ့သေးတယ်။

လင်ဒီလော့ဖ်-၅- ကာဆယ်ဘက်က ဂျိုရယ်လင်တန်ကို မထိန်းနိုင်ခဲ့ဘူး။ အဖွင့် ၂၅ မိနစ်နောက်ပိုင်း အဲဒီဘရာဇီးသား ဘာမှဆက်မလုပ်နိုင်လို့ ကံကောင်းသွားတယ်။

မက်ဂွိုင်းယား-၆- နယူးကာဆယ်ရသွားတဲ့ဂိုးမှာ ပိုကောင်းအောင်လုပ်နိုင်သင့်ပါတယ်။ ဒါပေမဲ့လည်း တည်တည်ငြိမ်ငြိမ်တော့ ရှိခဲ့ပါတယ်။

လုခ်ရှော-၅- တိုက်စစ်အတွက် အရမ်းကိုနည်းနည်းလောက်ပဲလုပ်ပေးခဲ့ကာ ခံစစ်မှာလည်း တကယ်ကို မယ်မယ်ရရ မရှိခဲ့ဘူး။

photo-gettyimages

တွမ်မီနေး-၅- စောစောစီးစီး မိုက်မဲတဲ့အဝါကတ်ရခဲ့ပြီး ပထမပိုင်းမှာ ဒုတိယအဝါထပ်မရတာ ကံကောင်းခဲ့ပါတယ်။ ဒူးဒဏ်ရာလည်း ရသွားသေးလို့ ပထမပိုင်းပြီးချိန်မှာ လူစားလဲခံလိုက်ရတယ်။

ဖရက်ဒ်-၉- ဒီရာသီမန်ယူရဲ့အကောင်းဆုံးကွင်းလယ်လူဆီကနေ ပြောင်မြောက်တဲ့စွမ်းဆောင်ရည် တွေ့ခဲ့ရပါတယ်။

ပါရဲရား-၆- မာရှယ်ရဲ့အဖွင့်ဂိုးကို ဖန်တီးပေးခဲ့ပြီး ကောင်းမွန်တဲ့ပေးပို့မှုအချို့နဲ့ သူ့ရဲ့ပိုကောင်းတဲ့ပွဲတွေထဲက တစ်ပွဲပါပဲ။ ဒါပေမဲ့ တချို့ပေးပို့လို့ကောင်းမယ့် အခွင့်အရေးတွေကို ဖြုန်းတီးနေဆဲပါပဲ။

photo-gettyimages

ဂရင်းဝုဒ်-၇- သူ့ရဲ့လှုပ်ရှားမှုတွေဟာ ထက်မြက်ပြီး မန်ယူကို ပြန်လည်ဦးဆောင်နိုင်စေမယ့်ဂိုးသွင်းပေးခဲ့တာပါ။ ရာသီအဆုံးအဖြတ်ကာလဝင်ရောက်လာချိန် ဒီဂိုးသွင်းပါရမီရှင်လေးဟာ အဆုံးအဖြတ်ပေးနိုင်စွမ်းရှိပါတယ်။

ရက်ရှ်ဖို့ဒ်-၇- အကောင်းဆုံးပုံစံမရှိပေမယ့်လည်း မန်အတွက် အနိုင်သေချာစေမယ့် တတိယဂိုးကို ခေါင်းတိုက်သွင်ပေးခဲ့ပါတယ်။

မာရှယ်-၉- ဒီနှစ်ဘောက်ဆင်ဒေးက မန်ယူရဲ့ကယ်တင်ရှင်လို့ပဲ ဆိုကြပါစို့။ ပြတ်ပြတ်သားသားပုံစံနဲ့ မန်ယူတိုက်စစ်ကို ဦးဆောင်ခဲ့ပြီး သူ့ရဲ့ချေပဂိုးနဲ့ ပွဲကို အပြောင်းအလဲဖြစ်စေခဲ့ပါတယ်။ ဒုတိယပိုင်းအစမှာပဲ ပွဲကို အဆုံးသတ်စေမယ့် စတုတ္ထဂိုးသွင်းခဲ့ပြီး တိုင်ထိကန်ချက်ကြောင့် ဟက်ထရစ်တောင် ရလုနီးပါးဖြစ်ခဲ့တာပါ။

လူစားဝင်

ပေါ့ဂ်ဘာ(၄၆ မိနစ်မှာ တွမ်မီနေးအစား)-၆-

လင်ဂတ်(၆၃ မိနစ်မှာ ရက်ရှ်ဖို့ဒ်အစား)-၅-

မာတာ(၆၇ မိနစ်မှာ မာရှယ်အစား)-၆-

[Zawgyi]

ေဘာက္ဆင္ေဒးဂိုးျပတ္ႏိုင္ပြဲက မန္ယူကစားသမားေတြရဲ႕စြမ္းေဆာင္ရည္အဆင့္သတ္မွတ္ခ်က္

အုိးလ္ထရက္ဖုိ႔ဒ္မွာ နယူးကာဆယ္ကို ၄-၁ နဲ႔ဂိုးျပတ္ခဲ့မႈနဲ႔အတူ ေဘာက္ဆင္ေဒးဟာ မန္ယူအတြက္ တစ္ဖတ္သက္ညတစ္ညျဖစ္ခဲ့ပါတယ္။ တကယ္တမ္းမွာ လွပတဲ့ဂိုးတစ္ဂိုးနဲ႔ နယူးကာဆယ္က စတင္ဦးေဆာင္ႏိုင္ခဲ့ေပမယ့္ အထေႏွးခဲ့တဲ့မန္ယူဟာ တစ္ျဖည္းျဖည္းနဲ႔အရွိန္ရလာၿပီး ေခ်ပဂိုးသြင္းၿပီးတဲ့ေနာက္မွာ က်န္ပြဲခ်ိန္တစ္ေလွ်ာက္လုံးကို စုိးမိုးႏိုင္ခဲ့ကာ သူတုိ႔အတြက္ ဂိုးျပတ္ႏိုင္ပြဲတစ္ပြဲျဖစ္လာခဲ့တာပါ။ အဲဒီပြဲက မန္ယူကစားသမားတစ္ေယာက္ခ်င္းစီရဲ႕စြမ္းေဆာင္ရည္ကို အဆင့္သတ္မွတ္ရမယ္ဆုိရင္…

ဒီဂီယာ-၅- ေပးလိုက္ရတဲ့ဂိုးနဲ႔ပတ္သက္လို႔ သူဘယ္လုိမွမတတ္ႏိုင္ခဲ့ေပမယ့္ တစ္ပြဲလုံးမွာ သင့္တင့္ခဲ့ပါတယ္။

ဘစ္ဆာကာ-၈- ထုံးစံအတိုင္း ခံစစ္မွာ ေက်္ျဖတ္ခြင့္မေပးတဲ့ေနာက္ခံတံတိုင္းျဖစ္ခဲ့ပါတယ္။ ေရွ႕တက္ၿပီးေတာ့ ရက္ရွ္ဖို႔ဒ္သြင္းတဲ့ တတိယဂိုးကိုေတာင္ ျဖတ္တင္ဖန္တီးေပးခဲ့ေသးတယ္။

လင္ဒီေလာ့ဖ္-၅- ကာဆယ္ဘက္က ဂ်ိဳရယ္လင္တန္ကို မထိန္းႏိုင္ခဲ့ဘူး။ အဖြင့္ ၂၅ မိနစ္ေနာက္ပိုင္း အဲဒီဘရာဇီးသား ဘာမွဆက္မလုပ္ႏိုင္လို႔ ကံေကာင္းသြားတယ္။

မက္ဂြိဳင္းယား-၆- နယူးကာဆယ္ရသြားတဲ့ဂိုးမွာ ပိုေကာင္းေအာင္လုပ္ႏိုင္သင့္ပါတယ္။ ဒါေပမဲ့လည္း တည္တည္ၿငိမ္ၿငိမ္ေတာ့ ရွိခဲ့ပါတယ္။

လုခ္ေရွာ-၅- တိုက္စစ္အတြက္ အရမ္းကိုနည္းနည္းေလာက္ပဲလုပ္ေပးခဲ့ကာ ခံစစ္မွာလည္း တကယ္ကို မယ္မယ္ရရ မရွိခဲ့ဘူး။

တြမ္မီေနး-၅- ေစာေစာစီးစီး မိုက္မဲတဲ့အ၀ါကတ္ရခဲ့ၿပီး ပထမပိုင္းမွာ ဒုတိယအ၀ါထပ္မရတာ ကံေကာင္းခဲ့ပါတယ္။ ဒူးဒဏ္ရာလည္း ရသြားေသးလို႔ ပထမပိုင္းၿပီးခ်ိန္မွာ လူစားလဲခံလိုက္ရတယ္။

ဖရက္ဒ္-၉- ဒီရာသီမန္ယူရဲ႕အေကာင္းဆုံးကြငး္လယ္လူဆီကေန ေျပာင္ေျမာက္တဲ့စြမ္းေဆာင္ရည္ ေတြ႕ခ့ဲရပါတယ္။

ပါရဲရား-၆- မာရွယ္ရဲ႕အဖြင့္ဂိုးကို ဖန္တီးေပးခဲ့ၿပီး ေကာင္းမြန္တဲ့ေပးပို႔မႈအခ်ိဳ႕နဲ႔ သူ႔ရဲ႕ပိုေကာင္းတဲ့ပြဲေတြထဲက တစ္ပြဲပါပဲ။ ဒါေပမဲ့ တခ်ိဳ႕ေပးပို႔လို႔ေကာင္းမယ့္ အခြင့္အေရးေတြကို ျဖဳန္းတီးေနဆဲပါပဲ။

ဂရင္း၀ုဒ္-၇- သူ႔ရဲ႕လႈပ္ရွားမႈေတြဟာ ထက္ျမက္ၿပီး မန္ယူကို ျပန္လည္ဦးေဆာင္ႏိုင္ေစမယ့္ဂိုးသြင္းေပးခဲ့တာပါ။ ရာသီအဆုံးအျဖတ္ကာလ၀င္ေရာက္လာခ်ိန္ ဒီဂိုးသြငး္ပါရမီရွင္ေလးဟာ အဆုံးအျဖတ္ေပးႏိုင္စြမ္းရွိပါတယ္။

ရက္ရွ္ဖုိ႔ဒ္-၇- အေကာင္းဆုံးပုံစံမရွိေပမယ့္လည္း မန္အတြက္ အႏိုင္ေသခ်ာေစမယ့္ တတိယဂိုးကို ေခါင္းတိုက္သြင္ေပးခဲ့ပါတယ္။

မာရွယ္-၉- ဒီႏွစ္ေဘာက္ဆင္ေဒးက မန္ယူရဲ႕ကယ္တင္ရွင္လုိ႔ပဲ ဆုိၾကပါစို႔။ ျပတ္ျပတ္သားသားပုံစံနဲ႔ မန္ယူတုိက္စစ္ကို ဦးေဆာင္ခဲ့ၿပီး သူ႔ရဲ႕ေခ်ပဂိုးနဲ႔ ပြဲကို အေျပာင္းအလဲျဖစ္ေစခဲ့ပါတယ္။ ဒုတိယပိုင္းအစမွာပဲ ပြဲကို အဆုံးသတ္ေစမယ့္ စတုတၳဂိုးသြင္းခဲ့ၿပီး တိုင္ထိကန္ခ်က္ေၾကာင့္ ဟက္ထရစ္ေတာင္ ရလုနီးပါးျဖစ္ခဲ့တာပါ။

လူစား၀င္

ေပါ့ဂ္ဘာ(၄၆ မိနစ္မွာ တြမ္မီေနးအစား)-၆-

လင္ဂတ္(၆၃ မိနစ္မွာ ရက္ရွ္ဖို႔ဒ္အစား)-၅-

မာတာ(၆၇ မိနစ္မွာ မာရွယ္အစား)-၆-