
photo-sportbible
photo-gettyimages
ပြီးခဲ့တဲ့တနင်္ဂနွေက ပွဲစဉ်တစ်ပွဲအပြီးမှာ ဘောကောက်ကောင်လေးကို လက်ဆွဲနှုတ်ဆက်ဖို့ ငြင်းဆန်လိုက်ခြင်းအားဖြင့် နောက်ခံလူပီပီဟာ ဘယ်လိုကစားသမားလဲဆိုတာ ပရိသတ်တွေကို ပြန်လည်အမှတ်ရသွားစေမှာပါ။ အခုပေါ်တိုမှာ ကစားနေတဲ့ ရီးရဲလ်ကြယ်ပွင့်ဟောင်းပီပီဟာ ပေါ်တိုရဲ့ ၁-၁ သရေပွဲအပြီးမှာ ဘောကောက်ကောင်လေးရဲ့ချဉ်းကပ်ခြင်းကို ခံခဲ့ရတာပါ။ သူ့ပုံစံအတိုင်းပဲ ပီပီဟာ ဒေါသနဲ့တုံ့ပြန်ခဲ့ပြီး သူ့လက်ကို ရှောင်ဖယ်လိုက်ပါတယ်။
concordo com o texto. pic.twitter.com/QQkneDkdUP
— Hugo Gil (@HugoGil07) December 9, 2019
အဲဒီကောင်လေးက ပွဲအတွင်းမှာ သူ့ကို ဘာအမှားလုပ်လဲတော့ မသိပါဘူး။ ဒါပေမဲ့ ဆိုရှယ်မီဒီယာသုံးစွဲသူတစ်ယောက်ကတော့”ဒါက တကယ်ကို ပီပီရဲ့ကောင်းမွန်တဲ့အပြုအမူပါ။ လွန်ခဲ့တဲ့ ၂ နှစ်လောက်မှာသာဆိုရင် သူက အဲဒီကောင်လေးကို ကန်ကျောက်ပစ်လိုက်မှာပါ”လို့ အဲဒီအဖြစ်အပျက်နဲ့ပတ်သက်လို့ မှတ်ချက်ပြုခဲ့ပါတယ်။ နောက်ထပ်ဆိုရှယ်မီဒီယာသုံးစွဲသူတစ်ယောက်ကလည်း”ဘာအနာတရမှ မဖြစ်ခဲ့ဘူးဆိုတော့ အဲဒီဘောကောက်ကောင်လေးအနေနဲ့ သူ့ကိုယ်သူကံကောင်းတယ်လို့ စဉ်းစားသင့်ပါတယ်”လို့ ရေးတင်ခဲ့ပါတယ်။ အဲဒီပွဲမှာ ပြိုင်ဘက်ဘယ်လီနန်ဆက်အသင်းဟာ ပွဲချိန်တစ်လျှောက်လုံး အချိန်ဆွဲခဲ့တဲ့အတွက် ပီပီတစ်ယောက် အတော်လေးကို ဒေါသထွက်နေပုံရပါတယ်။
photo-gettyimages
၃၆ နှစ်ရှိပြီဖြစ်တဲ့ ပီပီဟာ ရီးရဲလ်မှာ သူ့ခြေစွမ်းအကောင်းဆုံးရှိစဉ်တုန်းက ကမ္ဘာ့အဆင့်တန်းဝင်နောက်ခံလူတစ်ယောက်ဖြစ်ခဲ့တာပါ။ ဒါပေမဲ့ သူ့ခြေစွမ်းထက် ညစ်ကျယ်ကျယ်ရှိတဲ့အပြင် ပြိုင်ဘက်ကိုပြင်းပြင်းထန်ထန်ခံစားရအောင် ဖျက်ထုတ်မှုတွေကြောင့် ပိုပြီးနာမည်ကြီးပါတယ်။ သူနဲ့ရာမို့စ်တို့ရဲ့ရီးရဲလ်ဗဟိုခံစစ်ဟာ တစ်ချိန်က ဥရောပကို စိုးမိုးခဲ့ပြီး လာလီဂါ ၃ ကြိမ်နဲ့ ချန်ပီယံလိဂ် ၃ ကြိမ်ရရှိခဲ့တာပါ။ ဒါ့အပြင် ပြိုင်ဘက်ကို တမင်ဆွကစားတာလည်း ပီပီရဲ့ပုံစံဖြစ်ခဲ့ပါတယ်။ ပီပီဟာ ပြိုင်ဘက်ကို မခံချင်အောင် တီးတိုးသွားပြောတတ်တာကိုလည်း လာလီဂါမှာတုန်းက မကြာခဏတွေ့ခဲ့ရပါတယ်။
[Zawgyi]
ေဘာေကာက္ေကာင္ေလးကို လက္ဆြဲႏႈတ္ဆက္ဖို႔ျငင္းဆန္တဲ့အထိ ေဒါသထြက္ခဲ့တဲ့ရီးရဲလ္ၾကယ္ပြင့္ေဟာင္း
ၿပီးခဲ့တဲ့တနဂၤေႏြက ပဲြစဥ္တစ္ပြဲအၿပီးမွာ ေဘာေကာက္ေကာင္ေလးကို လက္ဆဲြႏႈတ္ဆက္ဖို႔ ျငင္းဆန္လိုက္ျခင္းအားျဖင့္ ေနာက္ခံလူပီပီဟာ ဘယ္လုိကစားသမားလဲဆုိတာ ပရိသတ္ေတြကို ျပန္လည္အမွတ္ရသြားေစမွာပါ။ အခုေပၚတုိမွာ ကစားေနတဲ့ ရီးရဲလ္ၾကယ္ပြင့္ေဟာင္းပီပီဟာ ေပၚတုိရဲ႕ ၁-၁ သေရပြဲအၿပီးမွာ ေဘာေကာက္ေကာင္ေလးရဲ႕ခ်ဥ္းကပ္ျခင္းကို ခံခဲ့ရတာပါ။ သူ႔ပုံစံအတိုင္းပဲ ပီပီဟာ ေဒါသနဲ႔တုံ႔ျပန္ခဲ့ၿပီး သူ႔လက္ကို ေရွာင္ဖယ္လုိက္ပါတယ္။
အဲဒီေကာင္ေလးက ပြဲအတြင္းမွာ သူ႔ကို ဘာအမွားလုပ္လဲေတာ့ မသိပါဘူး။ ဒါေပမဲ့ ဆုိရွယ္မီဒီယာသုံးစြဲသူတစ္ေယာက္ကေတာ့”ဒါက တကယ္ကို ပီပီရဲ႕ေကာင္းမြန္တဲ့အျပဳအမူပါ။ လြန္ခဲ့တဲ့ ၂ ႏွစ္ေလာက္မွာသာဆုိရင္ သူက အဲဒီေကာင္ေလးကို ကန္ေက်ာက္ပစ္လိုက္မွာပါ”လို႔ အဲဒီအျဖစ္အပ်က္နဲ႔ပတ္သက္လို႔ မွတ္ခ်က္ျပဳခဲ့ပါတယ္။ ေနာက္ထပ္ဆိုရွယ္မီဒီယာသုံးစဲြသူတစ္ေယာက္ကလည္း”ဘာအနာတရမွ မျဖစ္ခဲ့ဘူးဆုိေတာ့ အဲဒီေဘာေကာက္ေကာင္ေလးအေနနဲ႔ သူ႔ကိုယ္သူကံေကာင္းတယ္လို႔ စဥ္းစားသင့္ပါတယ္”လို႔ ေရးတင္ခဲ့ပါတယ္။ အဲဒီပြဲမွာ ၿပိဳင္ဘက္ဘယ္လီနန္ဆက္အသင္းဟာ ပြဲခ်ိန္တစ္ေလွ်ာက္လုံး အခ်ိန္ဆြဲခဲ့တဲ့အတြက္ ပီပီတစ္ေယာက္ အေတာ္ေလးကို ေဒါသထြက္ေနပုံရပါတယ္။
၃၆ ႏွစ္ရွိၿပီျဖစ္တဲ့ ပီပီဟာ ရီးရဲလ္မွာ သူ႔ေျခစြမ္းအေကာင္းဆုံးရွိစဥ္တုန္းက ကမာၻ႔အဆင့္တန္း၀င္ေနာက္ခံလူတစ္ေယာက္ျဖစ္ခဲ့တာပါ။ ဒါေပမဲ့ သူ႔ေျခစြမ္းထက္ ညစ္က်ယ္က်ယ္ရွိတဲ့အျပင္ ၿပိဳင္ဘက္ကိုျပင္းျပင္းထန္ထန္ခံစားရေအာင္ ဖ်က္ထုတ္မႈေတြေၾကာင့္ ပိုၿပီးနာမည္ႀကီးပါတယ္။ သူန႔ဲရာမို႔စ္တို႔ရဲဲ႕ရီးရဲလ္ဗဟိုခံစစ္ဟာ တစ္ခ်ိန္က ဥေရာပကို စိုးမိုးခဲ့ၿပီး လာလီဂါ ၃ ႀကိမ္နဲ႔ ခ်န္ပီယံလိဂ္ ၃ ႀကိမ္ရရွိခဲ့တာပါ။ ဒါ့အျပင္ ၿပိဳင္ဘက္ကို တမင္ဆြကစားတာလည္း ပီပီရဲ႕ပုံစံျဖစ္ခဲ့ပါတယ္။ ပီပီဟာ ၿပိဳင္ဘက္ကို မခံခ်င္ေအာင္ တီးတိုးသြားေျပာတတ္တာကိုလည္း လာလီဂါမွာတုန္းက မၾကာခဏေတြ႕ခဲ့ရပါတယ္။