ဘူလ်ဂေးရီယားကို တမင်အရှက်ခွဲခဲ့တာလို့ ဟန်ဒါဆန်ဖွင့်ဟလိုက်

PC ; Getty
PC ; EPA

အင်္ဂလန်အသင်းဟာ ဘူလ်ဂေးရီးယားကို သူတို့ပရိသတ်တွေရဲ့ လူမျိုးရေးခွဲခြားမှုအတွက် ပညာပေးဖို့၊တစ်နည်းအားဖြင့် ကွင်းထဲမှာ ပြိုင်ဘက်အသင်းကိုအရှက်ခွဲပြဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ကစားခဲ့တာလို့ ကွင်းလယ်ကစားသမားဂျော်ဒန်ဟန်ဒါဆန်က ထုတ်ဖော်ဖွင့်ဟလိုက်ပါတယ်။ဘူလ်ဂေးရီးယားကို ၆-၀ ဂိုးနဲ့အနိုင်ရတဲ့ ယူရိုခြေစစ်ပွဲမှာ စတာလင်းအပါအဝင် အင်္ဂလန်အသင်းကလူမည်းကစားသမားအချို့ဟာ အိမ်ရှင်ပရိသတ်အချို့ရဲ့ လူမျိုးရေးခွဲခြားမှုနဲ့ရင်ဆိုင်ခဲ့ရပါတယ်။

PC ; Getty

လီဗာပူးအသင်းခေါင်းဆောင်ကိုယ်တိုင် ဆားဘီးယားနဲ့ကစားခဲ့တဲ့ ယူ-၂၁ကစားသမားဘဝ၊ဒီနှစ်အစောပိုင်း မွန်တီနီဂရိုးနဲ့ပွဲစဉ်တွေမှာ ဒီလိုဖြစ်ရပ်မျိုးအတွေ့အကြုံရခဲ့ဖူးပေမယ့် အခုဆိုဖီယာက ဖြစ်ရပ်အတွက်တော့ အတော်လေးဒေါသထွက်နေတာပါ။

PC ; Getty

သူဟာ ပထမပိုင်းအတွင်း ဒုတိယအကြိမ်မြောက် ပွဲရပ်နားခဲ့ရတဲ့နောက် ဘူလ်ဂေးရီးယားနည်းပြဘယ်လာကော့ဗ်နဲ့ ထိပ်တိုက်တွေ့ခဲ့ပါသေးတယ်။ပွဲရပ်နားထားရစဉ်ကာလမှာ အဝတ်လဲခန်းထဲထိုင်နေရပေမယ့် အင်္ဂလန်အသင်းသားအားလုံးဟာ ကွင်းထဲပြန်ဝင်ပြီး ဘူလ်ဂေးရီးယားကိုအရှက်ခွဲဖို့၊ ဂိုးတွေရသလောက်သွင်းပြီး ပညာပေးဖို့ဆုံးဖြတ်ခဲ့ကြတယ်လို့ ဟန်ဒါဆန်ကဖွင့်ဟလိုက်တာပါ။

PC ; Getty

“ အခြေအနေက ကျွန်တော့်ကိုမပျော်ရွှင်စေခဲ့ပါဘူး။၂၀၁၉ လိုကာလမှာ ဒါမျိုးမဖြစ်သင့်တော့ပါဘူး။သိပ်ကိုစိတ်ပျက်စရာကောင်းပါတယ်။ဒီအသံတွေကြောင့် ကွင်းထဲကနေထွက်သွားရင်၊ပွဲကိုရပ်လိုက်ရရင် သူတို့နိုင်သွားမှာပေါ့။ဒါကြောင့် ပထမပိုင်းအပြီး အဝတ်လဲခန်းထဲမှာ ကျွန်တော်တို့ဆုံးဖြတ်ချက်တစ်ခုချခဲ့ကြတယ်။ပြန်ကစားမယ်၊သူတို့ကို ဂိုးပြတ်ချေမှုန်းပြီး အရှက်ခွဲမယ်၊ဒီနည်းနဲ့ သူတို့ရဲ့အစွန်းရောက်ပရိသတ်တွေကို ဒဏ်ခတ်မယ်လို့တိုင်ပင်ထားတဲ့အတိုင်း လုပ်ခဲ့ကြတာပါ ” လို့ အသက် ၂၉နှစ်အရွယ် အင်္ဂလန်ကွင်းလယ်လူက ပြောဆိုသွားခဲ့ပါတယ်။အင်္ဂလန်ဟာ ပထမပိုင်းအပြီးမှာတင် ၄ဂိုးပြတ်အနိုင်ရနေခဲ့ပြီး ဒုတိယပိုင်းမှာ ၂ဂိုးထပ်သွင်းခဲ့တာပါ။

(zawgyi)

အဂၤလန္အသင္းဟာ ဘူလ္ေဂးရီးယားကို သူတို႔ပရိသတ္ေတြရဲ႕ လူမ်ိဳးေရးခြဲျခားမႈအတြက္ ပညာေပးဖို႔၊တစ္နည္းအားျဖင့္ ကြင္းထဲမွာ ၿပိဳင္ဘက္အသင္းကိုအရွက္ခြဲျပဖို႔ဆိုတဲ့ ရည္ရြယ္ခ်က္နဲ႔ကစားခဲ့တာလို႔ ကြင္းလယ္ကစားသမားေဂ်ာ္ဒန္ဟန္ဒါဆန္က ထုတ္ေဖာ္ဖြင့္ဟလိုက္ပါတယ္။ဘူလ္ေဂးရီးယားကို ၆-၀ ဂိုးနဲ႔အႏိုင္ရတဲ့ ယူရိုေျခစစ္ပြဲမွာ စတာလင္းအပါအ၀င္ အဂၤလန္အသင္းကလူမည္းကစားသမားအခ်ိဳ႔ဟာ အိမ္ရွင္ပရိသတ္အခ်ိဳ႔ရဲ႕ လူမ်ိဳးေရးခြဲျခားမႈနဲ႔ရင္ဆိုင္ခဲ့ရပါတယ္။လီဗာပူးအသင္းေခါင္းေဆာင္ကိုယ္တိုင္ ဆားဘီးယားနဲ႔ကစားခဲ့တဲ့ ယူ-၂၁ကစားသမားဘ၀၊ဒီႏွစ္အေစာပိုင္း မြန္တီနီဂရိုးနဲ႔ပြဲစဥ္ေတြမွာ ဒီလိုျဖစ္ရပ္မ်ိဳးအေတြ႔အႀကံဳရခဲ့ဖူးေပမယ့္ အခုဆိုဖီယာက ျဖစ္ရပ္အတြက္ေတာ့ အေတာ္ေလးေဒါသထြက္ေနတာပါ။သူဟာ ပထမပိုင္းအတြင္း ဒုတိယအႀကိမ္ေျမာက္ ပြဲရပ္နားခဲ့ရတဲ့ေနာက္ ဘူလ္ေဂးရီးယားနည္းျပဘယ္လာေကာ့ဗ္နဲ႔ ထိပ္တိုက္ေတြ႔ခဲ့ပါေသးတယ္။ပြဲရပ္နားထားရစဥ္ကာလမွာ အ၀တ္လဲခန္းထဲထိုင္ေနရေပမယ့္ အဂၤလန္အသင္းသားအားလံုးဟာ ကြင္းထဲျပန္၀င္ၿပီး ဘူလ္ေဂးရီးယားကိုအရွက္ခြဲဖို႔၊ ဂိုးေတြရသေလာက္သြင္းၿပီး ပညာေပးဖို႔ဆံုးျဖတ္ခဲ့ၾကတယ္လို႔ ဟန္ဒါဆန္ကဖြင့္ဟလိုက္တာပါ။“ အေျခအေနက ကၽြန္ေတာ့္ကိုမေပ်ာ္ရႊင္ေစခဲ့ပါဘူး။၂၀၁၉ လိုကာလမွာ ဒါမ်ိဳးမျဖစ္သင့္ေတာ့ပါဘူး။သိပ္ကိုစိတ္ပ်က္စရာေကာင္းပါတယ္။ဒီအသံေတြေၾကာင့္ ကြင္းထဲကေနထြက္သြားရင္၊ပြဲကိုရပ္လိုက္ရရင္ သူတို႔ႏိုင္သြားမွာေပါ့။ဒါေၾကာင့္ ပထမပိုင္းအၿပီး အ၀တ္လဲခန္းထဲမွာ ကၽြန္ေတာ္တို႔ဆံုးျဖတ္ခ်က္တစ္ခုခ်ခဲ့ၾကတယ္။ျပန္ကစားမယ္၊သူတို႔ကို ဂိုးျပတ္ေခ်မႈန္းၿပီး အရွက္ခြဲမယ္၊ဒီနည္းနဲ႔ သူတို႔ရဲ႕အစြန္းေရာက္ပရိသတ္ေတြကို ဒဏ္ခတ္မယ္လို႔တိုင္ပင္ထားတဲ့အတိုင္း လုပ္ခဲ့ၾကတာပါ ” လို႔ အသက္ ၂၉ႏွစ္အရြယ္ အဂၤလန္ကြင္းလယ္လူက ေျပာဆိုသြားခဲ့ပါတယ္။အဂၤလန္ဟာ ပထမပိုင္းအၿပီးမွာတင္ ၄ဂိုးျပတ္အႏိုင္ရေနခဲ့ၿပီး ဒုတိယပိုင္းမွာ ၂ဂိုးထပ္သြင္းခဲ့တာပါ။