ဘုိင္လီ ၅ လေလာက္နားရမွာျဖစ္လို႔ မက္ဂြဲယားကိုေခၚယူဖို႔ဆိုးလ္ရွားတြန္းအားေပး

photo: Getty

မန္ယူအသင္းနည္းျပ ဆိုးလ္ရွားက ေနာက္ခံလူအဲရစ္ဘိုင္ဟာလီဒူးဒဏ္ရခြဲစိတ္ရၿပီး ၅ လေလာက္နားရမွာျဖစ္လို႔ လက္စတာေနာက္ခံလူ မက္ဂြဲယားကိုေခၚယူေပးဖို႔ ကလပ္အရဲ႕အမႈေဆာင္အရာရွိ အက္ဒ္၀ုဒ္၀ါ့ဒ္ကို တြန္းအားေပးေနတယ္လို႔ သိရပါတယ္။

အိုင္ဗရီကို႔စ္လက္ေရြးစင္ျဖစ္တဲ႔ ဘိုင္လီဟာအေမရိကန္မွာ စပါးကိုအႏိုင္ရခဲ့တဲ႔ ပြဲမွာဒူးအရြတ္ဒဏ္ရာ ရရွိသြားတာျဖစ္ၿပီး အနည္းဆုံး ၄ လကေန ၅ လေလာက္အထိအနားယူရမွာျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ရာသီသစ္အတြက္ ဗဟိုေနာက္ခံလူ တစ္ဦးထပ္ေခၚဖို႔မျဖစ္မေနလိုအပ္လာတဲ႔အတြက္ မက္ဂြဲယားကိုေခၚယူေရး ပိုမိုအားထုတ္ႀကိဳးပမ္းဖို႔ နည္းျပ ဆိုးလ္ရွားက ၀ုဒ္၀ါ့ဒ့္ကို တိုက္တြန္းေနတာျဖစ္ပါတယ္။

photo: Getty

မန္ယူက ေနာ္ေ၀ကလပ္ခရစၥတီယန္ဆန္းကို ၁-၀ နဲ႔အႏိုင္ရခဲ့တဲ႔ ပြဲအၿပီးမွာ ဆိုးလ္ရွားက”ဘိုင္လီဟာ ရာသီရဲ႕အေကာင္းဆုံးအပိုင္းျဖစ္တဲ႔ ပထမဆုံး ၅ လေလာက္ကိုလြဲေတာ႔မွာပါ။ ခရစၥမတ္ကာလေလာက္မွာသူျပန္ကစားႏိုင္ဖို႔ ေမွ်ာ္လင့္ေနပါတယ္။ ဒဏ္ရာကိုခြဲစိတ္ကုသခဲ့ရာမွာ အေျခအေနေကာင္းမြန္ခဲ့တာကေတာ႔ သတင္းေကာင္းပါဘဲ” လို႔ေျပာသြားပါတယ္။

ဘိုင္လီဒဏ္ရာရၿပီးေနာက္မွာ ဆိုးလ္ရွားဟာ ဗဟိုေနာက္ခံလူလိုအပ္ခ်က္ႀကီးမားသြားခဲ့လို႔ အမႈေဆာင္အရာရွိျဖစ္သူ ၀ုဒ္၀ါ့ဒ္နဲ႔ အေရးေပၚေတြ႔ဆုံေဆြးေႏြးခဲ့ရတယ္လို႔လည္းသိရပါတယ္။

ဒီလိုေဆြးေႏြးရာမွာ မက္ဂဲြယားကိုဦးစားေပးအျဖစ္အျမန္ေခၚယူေပးဖို႔ေတာင္းဆိုလိုက္တာျဖစ္ပါတယ္။

photo: Getty

လက္စတာဟာ မက္ဂြဲယားအတြက္ေနာက္ခံလူေတြထဲမွာ ကမၻာ႔စံခ်ိန္တင္ေၾကးေပါင္ ၈၅ သန္းအထိအလိုရွိေနလို႔ မန္ယူဟာ နာပိုလီေနာက္ခံလူ ကူလီဘာလီကို ကမ္းလွမ္းဖို႔လည္း အရန္သင့္စီစဥ္ထားတယ္လို႔ သိရပါတယ္။

photo: Getty

Unicode

ဘိုင်လီ ၅ လလောက်နားရမှာဖြစ်လို့ မက်ဂွဲယားကိုခေါ်ယူဖို့ဆိုးလ်ရှားတွန်းအားပေး
မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက နောက်ခံလူအဲရစ်ဘိုင်ဟာလီဒူးဒဏ်ရခွဲစိတ်ရပြီး ၅ လလောက်နားရမှာဖြစ်လို့ လက်စတာနောက်ခံလူ မက်ဂွဲယားကိုခေါ်ယူပေးဖို့ ကလပ်အရဲ့အမှုဆောင်အရာရှိ အက်ဒ်ဝုဒ်ဝါ့ဒ်ကို တွန်းအားပေးနေတယ်လို့ သိရပါတယ်။

အိုင်ဗရီကို့စ်လက်ရွေးစင်ဖြစ်တဲ့ ဘိုင်လီဟာအမေရိကန်မှာ စပါးကိုအနိုင်ရခဲ့တဲ့ ပွဲမှာဒူးအရွတ်ဒဏ်ရာ ရရှိသွားတာဖြစ်ပြီး အနည်းဆုံး ၄ လကနေ ၅ လလောက်အထိအနားယူရမှာဖြစ်ပါတယ်။ ဒါကြောင့်လည်း ရာသီသစ်အတွက် ဗဟိုနောက်ခံလူ တစ်ဦးထပ်ခေါ်ဖို့မဖြစ်မနေလိုအပ်လာတဲ့အတွက် မက်ဂွဲယားကိုခေါ်ယူရေး ပိုမိုအားထုတ်ကြိုးပမ်းဖို့ နည်းပြ ဆိုးလ်ရှားက ဝုဒ်ဝါ့ဒ့်ကို တိုက်တွန်းနေတာဖြစ်ပါတယ်။

မန်ယူက နော်ဝေကလပ်ခရစ္စတီယန်ဆန်းကို ၁-၀ နဲ့အနိုင်ရခဲ့တဲ့ ပွဲအပြီးမှာ ဆိုးလ်ရှားက”ဘိုင်လီဟာ ရာသီရဲ့အကောင်းဆုံးအပိုင်းဖြစ်တဲ့ ပထမဆုံး ၅ လလောက်ကိုလွဲတော့မှာပါ။ ခရစ္စမတ်ကာလလောက်မှာသူပြန်ကစားနိုင်ဖို့ မျှော်လင့်နေပါတယ်။ ဒဏ်ရာကိုခွဲစိတ်ကုသခဲ့ရာမှာ အခြေအနေကောင်းမွန်ခဲ့တာကတော့ သတင်းကောင်းပါဘဲ” လို့ပြောသွားပါတယ်။

ဘိုင်လီဒဏ်ရာရပြီးနောက်မှာ ဆိုးလ်ရှားဟာ ဗဟိုနောက်ခံလူလိုအပ်ချက်ကြီးမားသွားခဲ့လို့ အမှုဆောင်အရာရှိဖြစ်သူ ဝုဒ်ဝါ့ဒ်နဲ့ အရေးပေါ်တွေ့ဆုံဆွေးနွေးခဲ့ရတယ်လို့လည်းသိရပါတယ်။ ဒီလိုဆွေးနွေးရာမှာ မက်ဂွဲယားကိုဦးစားပေးအဖြစ်အမြန်ခေါ်ယူပေးဖို့တောင်းဆိုလိုက်တာဖြစ်ပါတယ်။

လက်စတာဟာ မက်ဂွဲယားအတွက်နောက်ခံလူတွေထဲမှာ ကမ္ဘာ့စံချိန်တင်ကြေးပေါင် ၈၅ သန်းအထိအလိုရှိနေလို့ မန်ယူဟာ နာပိုလီနောက်ခံလူ ကူလီဘာလီကို ကမ်းလှမ်းဖို့လည်း အရန်သင့်စီစဉ်ထားတယ်လို့ သိရပါတယ်။