
photo-salamanca
photo-gettyimages
စပိန်တတိယတန်းကလပ်တစ်ခုဖြစ်တဲ့ ဆယ်လာမန်ကာအသင်းဟာ စပိန်ဘုရင့်ဖလား ၃၂ သင်းအဆင့်မှာ လာလီဂါထိပ်သီးတစ်သင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ တွေ့ဆုံနေပါတယ်။ ဒါပေမဲ့လည်း သူတို့ရဲ့အသင်းသားတွေကတော့ ဇီဒန်းရဲ့အသင်းနဲ့ တွေ့ဆုံနေမှုအတွက် အတော်လေးကို ပျော်ရွှင်နေကြပါတယ်။ ရီးရဲလ်နဲ့ ရင်ဆိုင်တွေ့ရမှာမို့ အသင်းသားတွေ အောင်ပွဲခံနေကြတဲ့ ဗီဒီယိုဖိုင်ကို ဆယ်လာမန်ကာအသင်းဟာ ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Twitter ပေါ်မှာ တင်ခဲ့တာပါ။
photo-social media
အဲဒီမှာ တစ်သင်းလုံးဟာ စပိန်ဘုရင့်ဖလားမဲခွဲပွဲကို ရုပ်သံကနေ ကြည့်ခဲ့ကြပြီး ရီးရဲလ်နဲ့ကစားရမယ်လည်းဆိုရော သူတို့အနိုင်ရနှင့်နေသလို ကစားသမားတွေဟာ အောင်ပွဲခံခဲ့ကြပါတယ်။ ဆယ်လာမန်ကာအသင်းဟာ ပြီးခဲ့တဲ့အဆင့်မှာ စပိန်ဒုတိယတန်းဖြစ်တဲ့ ဆီဂန်ဒါက ဒီပို့တီဗိုအသင်းကို မိနစ် ၉၀ ၁-၁ သရေကစားပြီး ပင်နယ်တီအဆုံးအဖြတ်မှာ ၈-၇ နဲ့ အနိုင်ယူကျော်ဖြတ်လာခဲ့တာပါ။
https://twitter.com/i/status/1217059058118688769
ဆယ်လာမန်ကာအသင်းဟာ စတင်ဖွဲ့စည်းတည်ထောင်ခဲ့တာ ၂၀၁၃ ကသာဖြစ်လို့ အသင်းသက်တမ်းအားဖြင့် ဘာမှ မကြာလှသေးပါဘူး။ ဒါပေမဲ့ သူတို့ဟာ အချိန်တိုလေးအတွင်းမှာပဲ ပြိုင်ပွဲတစ်ရပ်မှာ ရီးရဲလ်လိုအသင်းမျိးနဲ့ ရင်ဆိုင်ရတဲ့ အခြေအနေအထိ ရောက်လာခဲ့ပါတယ်။ သူတို့ဟာ နောက်အပတ်မှာ ရီးရဲလ်ကို အိမ်ကွင်းဧည့်ခံကစားရမှာ ဖြစ်ပါတယ်။
[Zawgyi]
ဘုရင့္ဖလား ၃၂ သင္းအဆင့္မွာ ရီးရဲလ္နဲ႔ေတြ႕လို႔ ေပ်ာ္ေနၾကတဲ့ တတိယတန္းကလပ္အသင္းသားေတြ
စပိန္တတိယတန္းကလပ္တစ္ခုျဖစ္တဲ့ ဆယ္လာမန္ကာအသင္းဟာ စပိန္ဘုရင့္ဖလား ၃၂ သင္းအဆင့္မွာ လာလီဂါထိပ္သီးတစ္သင္းျဖစ္တဲ့ ရီးရဲလ္မက္ဒရစ္နဲ႔ ေတြ႕ဆုံေနပါတယ္။ ဒါေပမဲ့လည္း သူတုိ႔ရဲ႕အသင္းသားေတြကေတာ့ ဇီဒန္းရဲ႕အသင္းနဲ႔ ေတြ႕ဆုံေနမႈအတြက္ အေတာ္ေလးကို ေပ်ာ္ရႊင္ေနၾကပါတယ္။ ရီးရဲလ္နဲ႔ ရင္ဆုိင္ေတြ႕ရမွာမို႔ အသင္းသားေတြ ေအာင္ပြဲခံေနၾကတဲ့ ဗီဒီယိုဖိုင္ကို ဆယ္လာမန္ကာအသင္းဟာ ဆိုရွယ္မီဒီယာတစ္ခုျဖစ္တဲ့ Twitter ေပၚမွာ တင္ခဲ့တာပါ။
အဲဒီမွာ တစ္သင္းလုံးဟာ စပိန္ဘုရင့္ဖလားမဲခြဲပြဲကို ရုပ္သံကေန ၾကည့္ခဲ့ၾကၿပီး ရီးရဲလ္နဲ႔ကစားရမယ္လည္းဆိုေရာ သူတို႔အႏိုင္ရႏွင့္ေနသလို ကစားသမားေတြဟာ ေအာင္ပြဲခံခဲ့ၾကပါတယ္။ ဆယ္လာမန္ကာအသင္းဟာ ၿပီးခဲ့တ့ဲအဆင့္မွာ စပိန္ဒုတိယတန္းျဖစ္တဲ့ ဆီဂန္ဒါက ဒီပို႔တီဗုိအသင္းကို မိနစ္ ၉၀ ၁-၁ သေရကစားၿပီး ပင္နယ္တီအဆုံးအျဖတ္မွာ ၈-၇ နဲ႔ အႏိုင္ယူေက်ာ္ျဖတ္လာခဲ့တာပါ။
ဆယ္လာမန္ကာအသင္းဟာ စတင္ဖြဲ႕စည္းတည္ေထာင္ခဲ့တာ ၂၀၁၃ ကသာျဖစ္လုိ႔ အသင္းသက္တမ္းအားျဖင့္ ဘာမွ မၾကာလွေသးပါဘူး။ ဒါေပမဲ့ သူတုိ႔ဟာ အခ်ိန္တုိေလးအတြင္းမွာပဲ ၿပိဳင္ပြဲတစ္ရပ္မွာ ရီးရဲလ္လိုအသင္းမ်ိးနဲ႔ ရင္ဆိုင္ရတဲ့ အေျခအေနအထိ ေရာက္လာခဲ့ပါတယ္။ သူတို႔ဟာ ေနာက္အပတ္မွာ ရီးရဲလ္ကို အိမ္ကြင္းဧည့္ခံကစားရမွာ ျဖစ္ပါတယ္။