ဘုန္းေမာက္ကို ဂိုးျပတ္အႏိုင္ယူကာ လီဗာပူးကို စီးတီး ဖိအားေပး

Photo Credit

Photo Credit ; Daily Mail

ၿပီးခဲ့တဲ့ရက္သတၱပတ္က စပါးအသင္းနဲ႔ အိမ္ကြင္းမွာ ၂-၂ ဂိုးသေရသာကစးႏိုင္ခဲ့တဲ့ ၂ႏွစ္ဆက္ခ်န္ပီယံ မန္စီးတီးဟာ ဒီပြဲမွာေတာ့ ဘုန္းေမာက္အသင္းကို အေ၀းကြင္းမွာ ဂိုးျပတ္အႏိုင္ယူၿပီး အမွတ္ေပးဇယားထိပ္ဆုံးက လီဗာပူးနဲ႔ ၂မွတ္အကြာကို ျပန္လည္တက္လွမ္းႏိုင္ခဲ့ပါတယ္။

Photo Credit ; Daily Mail

ဒီပြဲမွာ ပါ၀င္ကစားသြားတဲ့ ကြင္းလယ္လူ ေဒးဗစ္ေဆးလ္ဗားဟာ စီးတီးအတြက္ ပြဲ ၄၀၀ျပည့္ေျမာက္ခဲ့ၿပီး ၁၉၇၅ ကေန ၁၉၈၆ အထိ ကစားခဲ့တဲ့ ေပါလ္ပါ၀ါေနာက္ပိုင္း စီးတီးအတြက္ ပြဲ ၄၀၀ ျပည့္ေျမာက္တဲ့ပထမဆုံးကစားသမားျဖစ္လာပါတယ္။

Photo Credit ; Daily Mail

ပရီးမီးယားလိဂ္ပြဲဦးထြက္အျဖစ္ ၂၀၁၀ ၾသဂုတ္လက စပါးနဲ႔ပြဲမွာ ပါ၀င္ကစားခဲ့ၿပီးေနာက္ ေဆးလ္ဗားဟာ အဲဒီကာလအတြင္း အခြင့္အေရးဖန္တီးေပးႏိုင္မႈ ၇၄၅ ႀကိမ္၊ ဂိုးဖန္တီးမႈ ၈၃ႀကိမ္၊ ႏိုင္ပြဲ ၁၉၆ ပြဲနဲ႔ ပရီးမီးယားလိဂ္ခ်န္ပီယံဆု ၄ႀကိမ္အထိရရွိခဲ့ပါတယ္။

Photo Credit ; Daily Mail

ဒ့ါအျပင္ ဒီပြဲမွာ ၂ဂိုးသြင္းယူသြားခဲ့တ့ဲ တုိက္စစ္မွဴး အဂြဲ႐ိုးကလည္း ကစားသမားဘ၀တစ္ေလွ်ာက္ သြင္းဂိုး ၄၀၀ ျပည့္ခဲ့တာျဖစ္ၿပီး အာဂ်င္တီးနားအသင္းအတြက္ ၄၁ဂုိး၊ အင္ဒီပန္ဒီယန္တီအသင္းအတြက္ ၂၃ဂိုး၊ အက္သလက္တီကိုအသင္းအတြက္ ၁၀၁ ဂိုးနဲ႔ လက္ရွိကလပ္ စီးတီးအတြက္ ၂၃၅ ဂိုးသြင္းယူေပးထားတာပါ။

Photo Credit

ေနာက္ၿပီး အဂြဲ႐ိုးအတြက္ ပထမဦးေဆာင္ဂိုးကို ဖန္တီးေပးခဲ့တဲ့ ကြင္းလယ္လူ ဒီဘ႐ိုင္းကလည္း ပရီးမီးယားလိဂ္သမုိင္းတစ္ေလွ်ာက္ ဂိုးဖန္တီးမႈ ၅၀ ကို ပြဲအနည္းဆုံးနဲ႔ ျပည့္ေျမာက္ခဲ့တဲ့ကစားသမားအျဖစ္ မွတ္တမ္း၀င္ႏိုင္ခဲ့ၿပီး ၁၂၃ပဲြနဲ႔ ဂိုးဖန္တီးမႈအႀကိမ္ ၅၀ ျပည့္သြားတာျဖစ္ကာ သူ႕ေနာက္မွာ အိုေဇးလ္(၁၄၁ပြဲ)၊ ကန္တုိနာ(၁၄၃ပြဲ)၊ ဘားကမ့္(၁၄၆ပြဲ)နဲ႔ ဖာဘရီဂတ္စ္(၁၆၅ပြဲ)တုိ႔ ရပ္တည္ေနပါတယ္။

Photo Credit ; Daily Mail

ပြဲအစတည္းက စီးတီးပဲ ဖိအားေပးႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၇မိနစ္မွာ စတာလင္းရဲ႕ကန္သြင္းခ်က္ ဘုန္းေမာက္ေနာက္ခံလူ အကီးနဲ႔ထိသြားလုိ႔ ေထာင့္ကန္ေဘာပဲျဖစ္သြားရေပမယ့္ ေနာက္ ၈မိနစ္အၾကာမွာေတာ့ ဦးေဆာင္ဂိုးရရွိသြားခဲ့ၿပီး ဒီဘ႐ို္င္း ကန္ဖုိ႔ ႀကိဳးစားတာက ဘုန္းေမာက္ခံစစ္နဲ႔ထိကာ အဂြဲ႐ိုးရဲ႕လမ္းေၾကာင္းထဲ ေရာက္သြားတာျဖစ္ပါတယ္။ ဒါကို အဂြဲ႐ိုးက ဂိုးသမားရဲ႕ဘယ္ဘက္ေထာင့္ထဲ ကန္သြင္းခဲ့တာပါ။

Photo Credit ; Daily Mail

ေနာက္ပိုင္းမွာလည္း စီးတီးပဲ ပြဲကို ဖိအားေပးကစားႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၄၃မိနစ္မွာ ေဒးဗစ္ေဆးလ္ဗားရဲ႕လွပတဲ့ဖန္တီးေပးမႈကေန စတာလင္းက ပိတ္သြင္းသြားခဲ့တာျဖစ္ပါတယ္။ ဒါေပမဲ့ ပထမပိုင္းၿပီးခါနီးမွာ ဟယ္ရီ၀ီလ္ဆင္က ဖရီးကစ္ကို လွလွပပကန္သြင္းယူနုိင္ခဲ့လုိ႔ ဘုန္းေမာက္အသင္း ေခ်ပဂိုးျပန္လည္ရရွိခဲ့ပါတယ္။

Photo Credit

ပြဲခ်ိန္ ၆၄မိနစ္မွာေတာ့ ေဆးလ္ဗားရဲ႕ဖန္တီးေပးမႈကေန အဂြဲ႐ုိးကပဲ စီးတီးအတြက္ တတိယေျမာက္ဂိုးအျဖစ္ သြင္းယူႏိုင္ခဲ့ပါတယ္။

Photo Credit

Unicode

ဘုန်းမောက်ကို ဂိုးပြတ်အနိုင်ယူကာ လီဗာပူးကို စီးတီး ဖိအားပေး

ပြီးခဲ့တဲ့ရက်သတ္တပတ်က စပါးအသင်းနဲ့ အိမ်ကွင်းမှာ ၂-၂ ဂိုးသရေသာကစးနိုင်ခဲ့တဲ့ ၂နှစ်ဆက်ချန်ပီယံ မန်စီးတီးဟာ ဒီပွဲမှာတော့ ဘုန်းမောက်အသင်းကို အဝေးကွင်းမှာ ဂိုးပြတ်အနိုင်ယူပြီး အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးနဲ့ ၂မှတ်အကွာကို ပြန်လည်တက်လှမ်းနိုင်ခဲ့ပါတယ်။
ဒီပွဲမှာ ပါဝင်ကစားသွားတဲ့ ကွင်းလယ်လူ ဒေးဗစ်ဆေးလ်ဗားဟာ စီးတီးအတွက် ပွဲ ၄၀၀ပြည့်မြောက်ခဲ့ပြီး ၁၉၇၅ ကနေ ၁၉၈၆ အထိ ကစားခဲ့တဲ့ ပေါလ်ပါဝါနောက်ပိုင်း စီးတီးအတွက် ပွဲ ၄၀၀ ပြည့်မြောက်တဲ့ပထမဆုံးကစားသမားဖြစ်လာပါတယ်။
ပရီးမီးယားလိဂ်ပွဲဦးထွက်အဖြစ် ၂၀၁၀ သြဂုတ်လက စပါးနဲ့ပွဲမှာ ပါဝင်ကစားခဲ့ပြီးနောက် ဆေးလ်ဗားဟာ အဲဒီကာလအတွင်း အခွင့်အရေးဖန်တီးပေးနိုင်မှု ၇၄၅ ကြိမ်၊ ဂိုးဖန်တီးမှု ၈၃ကြိမ်၊ နိုင်ပွဲ ၁၉၆ ပွဲနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆု ၄ကြိမ်အထိရရှိခဲ့ပါတယ်။
ဒ့ါအပြင် ဒီပွဲမှာ ၂ဂိုးသွင်းယူသွားခဲ့တဲ့ တိုက်စစ်မှူး အဂွဲရိုးကလည်း ကစားသမားဘဝတစ်လျှောက် သွင်းဂိုး ၄၀၀ ပြည့်ခဲ့တာဖြစ်ပြီး အာဂျင်တီးနားအသင်းအတွက် ၄၁ဂိုး၊ အင်ဒီပန်ဒီယန်တီအသင်းအတွက် ၂၃ဂိုး၊ အက်သလက်တီကိုအသင်းအတွက် ၁၀၁ ဂိုးနဲ့ လက်ရှိကလပ် စီးတီးအတွက် ၂၃၅ ဂိုးသွင်းယူပေးထားတာပါ။
နောက်ပြီး အဂွဲရိုးအတွက် ပထမဦးဆောင်ဂိုးကို ဖန်တီးပေးခဲ့တဲ့ ကွင်းလယ်လူ ဒီဘရိုင်းကလည်း ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ဂိုးဖန်တီးမှု ၅၀ ကို ပွဲအနည်းဆုံးနဲ့ ပြည့်မြောက်ခဲ့တဲ့ကစားသမားအဖြစ် မှတ်တမ်းဝင်နိုင်ခဲ့ပြီး ၁၂၃ပွဲနဲ့ ဂိုးဖန်တီးမှုအကြိမ် ၅၀ ပြည့်သွားတာဖြစ်ကာ သူ့နောက်မှာ အိုဇေးလ်(၁၄၁ပွဲ)၊ ကန်တိုနာ(၁၄၃ပွဲ)၊ ဘားကမ့်(၁၄၆ပွဲ)နဲ့ ဖာဘရီဂတ်စ်(၁၆၅ပွဲ)တို့ ရပ်တည်နေပါတယ်။
ပွဲအစတည်းက စီးတီးပဲ ဖိအားပေးနိုင်ခဲ့ပြီး ပွဲချိန် ၇မိနစ်မှာ စတာလင်းရဲ့ကန်သွင်းချက် ဘုန်းမောက်နောက်ခံလူ အကီးနဲ့ထိသွားလို့ ထောင့်ကန်ဘောပဲဖြစ်သွားရပေမယ့် နောက် ၈မိနစ်အကြာမှာတော့ ဦးဆောင်ဂိုးရရှိသွားခဲ့ပြီး ဒီဘရိုင်း ကန်ဖို့ ကြိုးစားတာက ဘုန်းမောက်ခံစစ်နဲ့ထိကာ အဂွဲရိုးရဲ့လမ်းကြောင်းထဲ ရောက်သွားတာဖြစ်ပါတယ်။ ဒါကို အဂွဲရိုးက ဂိုးသမားရဲ့ဘယ်ဘက်ထောင့်ထဲ ကန်သွင်းခဲ့တာပါ။
နောက်ပိုင်းမှာလည်း စီးတီးပဲ ပွဲကို ဖိအားပေးကစားနိုင်ခဲ့ပြီး ပွဲချိန် ၄၃မိနစ်မှာ ဒေးဗစ်ဆေးလ်ဗားရဲ့လှပတဲ့ဖန်တီးပေးမှုကနေ စတာလင်းက ပိတ်သွင်းသွားခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ပထမပိုင်းပြီးခါနီးမှာ ဟယ်ရီဝီလ်ဆင်က ဖရီးကစ်ကို လှလှပပကန်သွင်းယူနိုင်ခဲ့လို့ ဘုန်းမောက်အသင်း ချေပဂိုးပြန်လည်ရရှိခဲ့ပါတယ်။
ပွဲချိန် ၆၄မိနစ်မှာတော့ ဆေးလ်ဗားရဲ့ဖန်တီးပေးမှုကနေ အဂွဲရိုးကပဲ စီးတီးအတွက် တတိယမြောက်ဂိုးအဖြစ် သွင်းယူနိုင်ခဲ့ပါတယ်။