ဘီအသင်းနဲ့အတူ ပါဝင်ကစားစဉ် အနီကတ်ပြသခံခဲ့ရတဲ့ ရိုဒရီဂို အယ်လ်ကလက်စီကိုပွဲ လွဲချော်ရတော့မည်

Photo Credit

Photo Credit

ရီးရဲလ်လူငယ်ကြယ်ပွင့် ရိုဒရီဂိုဟာ ဘီအသင်းနဲ့အတူ ပါဝင်ကစားစဉ် ပြိုင်ဘက်ဂိုးသမားကို လှောင်ပြောင်သရော်တဲ့ပုံစံမျိုး အောင်ပွဲခံခဲ့တာကြောင့် အနီကတ်ပြသခံခဲ့ရရာ တနင်္ဂနွေနေ့မှာ ဘာစီလိုနာအသင်းနဲ့ကစားရမယ့် အယ်လ်ကလက်စီကိုပွဲကို လွဲချော်ရတော့မှာဖြစ်ပါတယ်။

Photo Credit

ချန်ပီယံဆုအတွက် အရေးပါတဲ့ဒီလိုပွဲမျိုးမှာ အားထားရတဲ့တိုက်စစ်မှူး ရိုဒရီဂိုမပါဝင်နိုင်တာက နည်းပြဇီဒန်းအတွက် သတင်းဆိုးဖြစ်လာခဲ့ပြီး အထူးသဖြင့် တောင်ပံတိုက်စစ်မှူး ဟာဇက် ဒဏ်ရာရသွားချိန်မှာ ရိုဒရီဂိုကိုပါ ထပ်မံဆုံးရှုံးတာက ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်လာနိုင်ပါတယ်။ ဘရာဇီးနိုင်ငံသား ရိုဒရီဂိုဟာ တတိယတန်းပွဲစဉ်အဖြစ် SS ရေးယက်စ်နဲ့ကစားခဲ့တဲ့ပွဲမှာ လှပတဲ့ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် သူ့နားပြေးကပ်လာတဲ့ ပြိုင်ဘက်ဂိုးသမားရဲ့ရှေ့ မျက်နှာနားကပ်ကာ လက်သီးလက်မောင်းတန်းပြီး အလွန်အကျူးအောင်ပွဲခံခဲ့တာဖြစ်ပါတယ်။

Photo Credit

အသက် ၁၉နှစ်အရွယ်ရှိ ရိုဒရီဂိုဟာ အဲဒီဖြစ်ရပ်ကြောင့် ဒုတိယမြောက်အဝါကတ်ပြသခံခဲ့ရကာ အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပြီး ပြိုင်ဘက်ဂိုးသမားကတော့ ဘာပြစ်ဒဏ်မှ ချမှတ်ခြင်းမခံခဲ့ရပါဘူး။ ဒီအတွက်ကြောင့် ရိုဒရီဂိုဟာ အသင်းရဲ့ပထမအသင်းမှာ ပါဝင်ကစားခွင့်မရဘဲ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရရာ ဇီဒန်းအတွက် ရွေးချယ်စရာပိုနည်းပါးလာခဲ့ပါတယ်။

Photo Credit

သူဟာ လာလီဂါနောက်ဆုံး ၄ပွဲဆက် အသင်းရဲ့လူစာရင်းမှာ ပါဝင်ခွင့်မရခဲ့ပေမယ့် အမှတ်ပေးဇယားထိပ်ဆုံးက ဘာစီလိုနာနဲ့ ၂ မှတ်ကွာဟနေမှုကို လျှော့ချဖို့ ကြိုးစားရမယ့် ရီးရဲလ်အတွက်တော့ လက်ရှိအချိန်မှာ အကောင်းဆုံးပြင်ဆင်ထားနိုင်ဖို့က အရေးကြီးဆုံးဖြစ်နေပါတယ်။ ပြီးခဲ့တဲ့သောကြာနေ့ကမှ ဇီဒန်းဟာ ရိုဒရီဂိုနဲ့တွေ့ဆုံခဲ့ပြီး နောက်ပိုင်းမှာ ဘီအသင်းဆီ ပြန်ပို့ထားပေမယ့် အသင်းကြီးရဲ့အစီအစဉ်တွေမှာ ပါဝင်နေဆဲလို့ ရှင်းပြခဲ့ပါတယ်။

https://twitter.com/RMPIay/status/1231654076280197126?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1231654076280197126&ref_url=https%3A%2F%2Fwww.dailymail.co.uk%2Fsport%2Ffootball%2Farticle-8037361%2FReal-Madrid-youngster-Rodrygo-given-red-card-celebrating-goalkeepers-face.html

Video Credit

ရိုဒရီဂိုဟာ ယခုရာသီမှာ လာလီဂါ ၈ပွဲနဲ့ ချန်ပီယံလိဂ် ၃ပွဲ ပါဝင်ကစားခွင့်ရရှိထားပြီး စုစုပေါင်း ၇ဂိုးသွင်းယူထားပါတယ်။ ဟာဇက်ကတော့ ခြေကျင်းဝတ်ဒဏ်ရာကြောင့် ၃လကနေ ၄လကြား အနားယူရဖွယ်ရှိနေပြီး ရိုဒရီဂိုအနေနဲ့ လာလီဂါမှာ ကစားခွင့်မရပေမယ့် စီးတီးနဲ့ကစားရမယ့်ချန်ပီယံလိဂ်ပွဲမှာတော့ ပါဝင်ကစားခွင့်ရရှိထားပါတယ်။

Photo Credit

Zawgyi

ဘီအသင္းနဲ႔အတူ ပါ၀င္ကစားစဥ္ အနီကတ္ျပသခံခဲ့ရတဲ့ ႐ုိဒရီဂို အယ္လ္ကလက္စီကုိပဲြ လြဲေခ်ာ္ရေတာ့မည္

ရီးရဲလ္လူငယ္ၾကယ္ပြင့္ ႐ိုဒရီဂိုဟာ ဘီအသင္းနဲ႔အတူ ပါ၀င္ကစားစဥ္ ၿပိဳင္ဘက္ဂိုးသမားကို ေလွာင္ေျပာင္သေရာ္တဲ့ပုံစံမ်ိဳး ေအာင္ပဲြခံခဲ့တာေၾကာင့္ အနီကတ္ျပသခံခဲ့ရရာ တနဂၤေႏြေန႔မွာ ဘာစီလုိနာအသင္းနဲ႔ကစားရမယ့္ အယ္လ္ကလက္စီကိုပြဲကို လဲြေခ်ာ္ရေတာ့မွာျဖစ္ပါတယ္။
ခ်န္ပီယံဆုအတြက္ အေရးပါတဲ့ဒီလုိပြဲမ်ိဳးမွာ အားထားရတဲ့တုိက္စစ္မွဴး ႐ိုဒရီဂိုမပါ၀င္ႏိုင္တာက နည္းျပဇီဒန္းအတြက္ သတင္းဆုိးျဖစ္လာခဲ့ၿပီး အထူးသျဖင့္ ေတာင္ပံတုိက္စစ္မွဴး ဟာဇက္ ဒဏ္ရာရသြားခ်ိ္န္မွာ ႐ိုဒရီဂိုကိုပါ ထပ္မံဆုံး႐ံႈးတာက ႀကီးမားတဲ့ထိုးႏွက္ခ်က္ျဖစ္လာႏိုင္ပါတယ္။ ဘရာဇီးႏိုင္ငံသား ႐ိုဒရီဂိုဟာ တတိယတန္းပြဲစဥ္အျဖစ္ SS ေရးယက္စ္နဲ႔ကစားခဲ့တဲ့ပဲြမွာ လွပတဲ့ဂိုး သြင္းယူႏိုင္ခဲ့ၿပီးေနာက္ သူ႕နားေျပးကပ္လာတဲ့ ၿပိဳင္ဘက္ဂိုးသမားရဲ႕ေရွ႕ မ်က္ႏွာနားကပ္ကာ လက္သီးလက္ေမာင္းတန္းၿပီး အလြန္အက်ဴးေအာင္ပြဲခံခဲ့တာျဖစ္ပါတယ္။
အသက္ ၁၉ႏွစ္အရြယ္ရွိ ႐ိုဒရီဂိုဟာ အဲဒီျဖစ္ရပ္ေၾကာင့္ ဒုတိယေျမာက္အ၀ါကတ္ျပသခံခဲ့ရကာ အနီကတ္နဲ႔ ထုတ္ပယ္ခံခဲ့ရၿပီး ၿပိဳင္ဘက္ဂိုးသမားကေတာ့ ဘာျပစ္ဒဏ္မွ ခ်မွတ္ျခင္းမခံခဲ့ရပါဘူး။ ဒီအတြက္ေၾကာင့္ ႐ုိဒရီဂိုဟာ အသင္းရဲ႕ပထမအသင္းမွာ ပါ၀င္ကစားခြင့္မရဘဲ ပြဲပယ္ျပစ္ဒဏ္ခ်မွတ္ခံခဲ့ရရာ ဇီဒန္းအတြက္ ေရြးခ်ယ္စရာပိုနည္းပါးလာခဲ့ပါတယ္။
သူဟာ လာလီဂါေနာက္ဆုံး ၄ပဲြဆက္ အသင္းရဲ႕လူစာရင္းမွာ ပါ၀င္ခြင့္မရခဲ့ေပမယ့္ အမွတ္ေပးဇယားထိပ္ဆုံးက ဘာစီလုိနာနဲ႔ ၂ မွတ္ကြာဟေနမႈကို ေလွ်ာ့ခ်ဖို႔ ႀကိဳးစားရမယ့္ ရီးရဲလ္အတြက္ေတာ့ လက္ရွိအခ်ိန္မွာ အေကာင္းဆုံးျပင္ဆင္ထားႏိုင္ဖို႔က အေရးႀကီးဆုံးျဖစ္ေနပါတယ္။ ၿပီးခဲ့တဲ့ေသာၾကာေန႔ကမွ ဇီဒန္းဟာ ႐ိုဒရီဂိုနဲ႔ေတြ႕ဆုံခဲ့ၿပီး ေနာက္ပိုင္းမွာ ဘီအသင္းဆီ ျပန္ပို႔ထားေပမယ့္ အသင္းႀကီးရဲ႕အစီအစဥ္ေတြမွာ ပါ၀င္ေနဆဲလုိ႔ ရွင္းျပခဲ့ပါတယ္။
႐ိုဒရီဂိုဟာ ယခုရာသီမွာ လာလီဂါ ၈ပြဲနဲ႔ ခ်န္ပီယံလိဂ္ ၃ပြဲ ပါ၀င္ကစားခြင့္ရရွိထားၿပီး စုစုေပါင္း ၇ဂိုးသြင္းယူထားပါတယ္။ ဟာဇက္ကေတာ့ ေျခက်င္း၀တ္ဒဏ္ရာေၾကာင့္ ၃လကေန ၄လၾကား အနားယူရဖြယ္ရွိေနၿပီး ႐ိုဒရီဂိုအေနနဲ႔ လာလီဂါမွာ ကစားခြင့္မရေပမယ့္ စီးတီးနဲ႔ကစားရမယ့္ခ်န္ပီယံလိဂ္ပြဲမွာေတာ့ ပါ၀င္ကစားခြင့္ရရွိထားပါတယ္။