ဘီလ်ဘာအိုအတွက် လာလီဂါပွဲ(၂၀၀)ဆက်တိုက်ကစားပြီး ပြိုင်ပွဲသမိုင်းမှာ ပွဲဆက်အများဆုံးစံချိန်ပိုင်ဆိုင်ဖို့နီးစပ်နေတဲ့ အီနာကီဝီလီယံစ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘီလ်ဘာအိုအသင်းရဲ့ စပိန်တိုက်စစ်မှူးအီနာကီဝီလီယံစ်ဟာ အက်သလက်တီကိုနဲ့ဂိုးမရှိသရေကျခဲ့တဲ့ပွဲမှာ ဘီလ်ဘာအိုအတွက် လာလီဂါပွဲ(၂၀၀)ဆက်အဖြစ် ပါဝင်ကစားခဲ့ပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် ပွဲဆက်အများဆုံးကစားခဲ့သူစံချိန်ရေးထိုးနိုင်ဖို့ နီးစပ်နေပါပြီ။

အသက်(၂၇)နှစ်အရွယ်ရှိပြီဖြစ်သူ အီနာကီဝီလီယံစ်ဟာ ၂၀၁၆ ဧပြီလကတည်းကစတင်ပြီး ဘီလ်ဘာအိုအသင်းကစားခဲ့တဲ့ လာလီဂါပွဲတွေမှာ တစ်ပွဲမှမလွဲချော်ဘဲ ဆက်တိုက်ပါဝင်ကစားခဲ့သလို ကံကောင်းတာက အဲဒီကာလအတွင်း ဒဏ်ရာပြဿနာတွေနဲ့ မကြုံတွေ့ခဲ့ရတာပါပဲ။

ဘီလ်ဘာအိုလူငယ်အကယ်ဒမီကထွက်ပေါ်ခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်သူ အီနာကီဝီလီယံစ်ဟာ ၂၀၁၄၊ ဒီဇင်ဘာလတုန်းက ကော်ဒိုဘာအသင်းနဲ့ကစားခဲ့တဲ့လာလီဂါပွဲမှာ စီနီယာအသင်းအတွက် ပွဲထွက်ခွင့်ရခဲ့ပြီး

အဲဒီနောက် ယူရိုပါလိဂ်ပွဲစဉ်ဖြစ်တဲ့ တိုရီနိုနဲ့ပွဲမှာ ဂိုးသွင်းယူခဲ့တာကြောင့် ဘီလ်ဘာအိုအသင်းအတွက် ဂိုးသွင်းခဲ့တဲ့ပထမဆုံးလူမည်းကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

နောက်ပိုင်းနှစ်တွေမှာ ဘီလ်ဘာအိုအသင်းရဲ့အဓိကတိုက်စစ်မှူးအဖြစ် ပါဝင်ကစားခွင့်ရခဲ့ပြီး ၂၀၁၉၊ ဇန်နဝါရီ(၁၃)ရက်က ဆီဗီလာအသင်းကို (၂-၀)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ လာလီဂါပွဲ(၁၀၀)ဆက်ကစားခဲ့တာကြောင့် အသင်းသမိုင်းတစ်လျှောက်

ပွဲဆက်အများဆုံးကစားခဲ့သူစာရင်းမှာ ပဥ္စမမြောက်ကစားသမားဖြစ်လာသလို ၁၉၉၃ ခုနှစ်က ဖရန်နောက်ပိုင်း လာလီဂါအသင်းတစ်သင်းအတွက် ပွဲဆက်အများဆုံးကစားခဲ့တဲ့ ပထမဆုံး Outfield Player (ဂိုးသမားမှလွဲပြီး ကျန်တဲ့ကစားသမားတွေကို,ဆိုလို)အဖြစ် စံချိန်တင်နိုင်ခဲ့တာဖြစ်ပါတယ်။

၂၀၁၉၊ နိုဝင်ဘာလမှာတော့ အိုဆာဆူနာနဲ့ပွဲမှာ အီနာကီဝီလီယံစ်ဟာ အသင်းအတွက် လာလီဂါ(၁၃၃)ပွဲဆက်ကစားခဲ့တာကြောင့် ဘီလ်ဘာအိုအသင်းသမိုင်းတစ်လျှောက် ပွဲဆက်အများဆုံးကစားသမားအဖြစ်စံချိန်တင်ထားတဲ့ ကာမယ်လိုစီဒရန်ကို ကျော်ဖြတ်ပြီးတော့ စံချိန်တင်သစ်တင်နိုင်ခဲ့ပါတယ်။

အီနာကီဝီလီယံစ်ဟာ ၂၀၁၆-၁၇၊ ၂၀၁၇-၁၈၊ ၂၀၁၈-၁၉၊ ၂၀၁၉-၂၀၊ ၂၀၂၀-၂၁ ရာသီတွေမှာ (၅)ရာသီဆက်တိုက် လာလီဂါ(၃၈)ပွဲစလုံးကစားခဲ့သလို ဒီရာသီမှာလည်း ရာသီအစ(၅)ပွဲဆက်ကစားခဲ့တာပါ။

ပြီးခဲ့တဲ့ဧပြီလတုန်းက အက်သလက်တီကိုနဲ့ကစားခဲ့တဲ့လာလီဂါပွဲမှာ အီနာကီဝီလီယံစ် လာလီဂါပွဲပေါင်း(၁၈၉)ပွဲဆက်ကစားခဲ့တာကြောင့် လာလီဂါပြိုင်ပွဲသမိုင်းတစ်လျှောက်

ပွဲဆက်အများဆုံးကစားခဲ့သူစာရင်းမှာ ဆိုစီဒက်ဂန္ထဝင်ကစားသမားလူးဝစ်အာကိုနာဒါကို ကျော်ဖြတ်ပြီးတော့ ဒုတိယနေရာတက်လှမ်းနိုင်ခဲ့တဲ့အပြင် အခုဆိုရင် ပွဲဆက်အများဆုံးစံချိန်ရှင် ဆိုစီဒက်ဂန္ထဝင်ကစားသမားတစ်ဦးပဲဖြစ်တဲ့ အန်တိုနီယိုလာရာနာဂါရဲ့စံချိန်ကိုလည်း ချိုးဖျက်နိုင်ဖို့နီးစပ်နေပါပြီ။

ဆိုစီဒက်အသင်းမှာ ၁၉၈၀ ကနေ ၁၉၉၄ ခုနှစ်အထိကစားခဲ့တဲ့ နောက်ခံလူဟောင်းလာရာနာဂါဟာ အသင်းအတွက် လာလီဂါပွဲပေါင်း(၂၀၂)ပွဲဆက်တိုက်ကစားခဲ့တာဖြစ်ပြီး လာမယ့်ကာလအတွင်း အီနာကီဝီလီယံစ်သာ ဒဏ်ရာပြင်းပြင်းထန်ထန်မရခဲ့ရင်တော့ အဲဒီစံချိန်ကို အလွယ်တကူပဲကျော်ဖြတ်နိုင်မှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဘီလ္ဘာအိုအတြက္ လာလီဂါပြဲ(၂၀၀)ဆက္တိုက္ကစားၿပီး ၿပိဳင္ပြဲသမိုင္းမွာ ပြဲဆက္အမ်ားဆုံးစံခ်ိန္ပိုင္ဆိုင္ဖို႔နီးစပ္ေနတဲ့ အီနာကီဝီလီယံစ္

ဘီလ္ဘာအိုအသင္းရဲ႕ စပိန္တိုက္စစ္မႉးအီနာကီဝီလီယံစ္ဟာ အက္သလက္တီကိုနဲ႔ဂိုးမရွိသေရက်ခဲ့တဲ့ပြဲမွာ ဘီလ္ဘာအိုအတြက္ လာလီဂါပြဲ(၂၀၀)ဆက္အျဖစ္ ပါဝင္ကစားခဲ့ၿပီး ၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ ပြဲဆက္အမ်ားဆုံးကစားခဲ့သူစံခ်ိန္ေရးထိုးႏိုင္ဖို႔ နီးစပ္ေနပါၿပီ။ အသက္(၂၇)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ အီနာကီဝီလီယံစ္ဟာ ၂၀၁၆ ဧၿပီလကတည္းကစတင္ၿပီး ဘီလ္ဘာအိုအသင္းကစားခဲ့တဲ့ လာလီဂါပြဲေတြမွာ တစ္ပြဲမွမလြဲေခ်ာ္ဘဲ ဆက္တိုက္ပါဝင္ကစားခဲ့သလို ကံေကာင္းတာက အဲဒီကာလအတြင္း ဒဏ္ရာျပႆနာေတြနဲ႔ မႀကဳံေတြ႕ခဲ့ရတာပါပဲ။

ဘီလ္ဘာအိုလူငယ္အကယ္ဒမီကထြက္ေပၚခဲ့တဲ့ ကစားသမားတစ္ဦးျဖစ္သူ အီနာကီဝီလီယံစ္ဟာ ၂၀၁၄၊ ဒီဇင္ဘာလတုန္းက ေကာ္ဒိုဘာအသင္းနဲ႔ကစားခဲ့တဲ့လာလီဂါပြဲမွာ စီနီယာအသင္းအတြက္ ပြဲထြက္ခြင့္ရခဲ့ၿပီး အဲဒီေနာက္ ယူ႐ိုပါလိဂ္ပြဲစဥ္ျဖစ္တဲ့ တိုရီႏိုနဲ႔ပြဲမွာ ဂိုးသြင္းယူခဲ့တာေၾကာင့္ ဘီလ္ဘာအိုအသင္းအတြက္ ဂိုးသြင္းခဲ့တဲ့ပထမဆုံးလူမည္းကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။

ေနာက္ပိုင္းႏွစ္ေတြမွာ ဘီလ္ဘာအိုအသင္းရဲ႕အဓိကတိုက္စစ္မႉးအျဖစ္ ပါဝင္ကစားခြင့္ရခဲ့ၿပီး ၂၀၁၉၊ ဇန္နဝါရီ(၁၃)ရက္က ဆီဗီလာအသင္းကို (၂-၀)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ လာလီဂါပြဲ(၁၀၀)ဆက္ကစားခဲ့တာေၾကာင့္ အသင္းသမိုင္းတစ္ေလွ်ာက္ ပြဲဆက္အမ်ားဆုံးကစားခဲ့သူစာရင္းမွာ ပၪၥမေျမာက္ကစားသမားျဖစ္လာသလို ၁၉၉၃ ခုႏွစ္က ဖရန္ေနာက္ပိုင္း လာလီဂါအသင္းတစ္သင္းအတြက္ ပြဲဆက္အမ်ားဆုံးကစားခဲ့တဲ့ ပထမဆုံး Outfield Player (ဂိုးသမားမွလြဲၿပီး က်န္တဲ့ကစားသမားေတြကို,ဆိုလို)အျဖစ္ စံခ်ိန္တင္ႏိုင္ခဲ့တာျဖစ္ပါတယ္။

၂၀၁၉၊ ႏိုဝင္ဘာလမွာေတာ့ အိုဆာဆူနာနဲ႔ပြဲမွာ အီနာကီဝီလီယံစ္ဟာ အသင္းအတြက္ လာလီဂါ(၁၃၃)ပြဲဆက္ကစားခဲ့တာေၾကာင့္ ဘီလ္ဘာအိုအသင္းသမိုင္းတစ္ေလွ်ာက္ ပြဲဆက္အမ်ားဆုံးကစားသမားအျဖစ္စံခ်ိန္တင္ထားတဲ့ ကာမယ္လိုစီဒရန္ကို ေက်ာ္ျဖတ္ၿပီးေတာ့ စံခ်ိန္တင္သစ္တင္ႏိုင္ခဲ့ပါတယ္။ အီနာကီဝီလီယံစ္ဟာ ၂၀၁၆-၁၇၊ ၂၀၁၇-၁၈၊ ၂၀၁၈-၁၉၊ ၂၀၁၉-၂၀၊ ၂၀၂၀-၂၁ ရာသီေတြမွာ (၅)ရာသီဆက္တိုက္ လာလီဂါ(၃၈)ပြဲစလုံးကစားခဲ့သလို ဒီရာသီမွာလည္း ရာသီအစ(၅)ပြဲဆက္ကစားခဲ့တာပါ။

ၿပီးခဲ့တဲ့ဧၿပီလတုန္းက အက္သလက္တီကိုနဲ႔ကစားခဲ့တဲ့လာလီဂါပြဲမွာ အီနာကီဝီလီယံစ္ လာလီဂါပြဲေပါင္း(၁၈၉)ပြဲဆက္ကစားခဲ့တာေၾကာင့္ လာလီဂါၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ ပြဲဆက္အမ်ားဆုံးကစားခဲ့သူစာရင္းမွာ ဆိုစီဒက္ဂႏၴဝင္ကစားသမားလူးဝစ္အာကိုနာဒါကို ေက်ာ္ျဖတ္ၿပီးေတာ့ ဒုတိယေနရာတက္လွမ္းႏိုင္ခဲ့တဲ့အျပင္ အခုဆိုရင္ ပြဲဆက္အမ်ားဆုံးစံခ်ိန္ရွင္ ဆိုစီဒက္ဂႏၴဝင္ကစားသမားတစ္ဦးပဲျဖစ္တဲ့ အန္တိုနီယိုလာရာနာဂါရဲ႕စံခ်ိန္ကိုလည္း ခ်ိဳးဖ်က္ႏိုင္ဖို႔နီးစပ္ေနပါၿပီ။

ဆိုစီဒက္အသင္းမွာ ၁၉၈၀ ကေန ၁၉၉၄ ခုႏွစ္အထိကစားခဲ့တဲ့ ေနာက္ခံလူေဟာင္းလာရာနာဂါဟာ အသင္းအတြက္ လာလီဂါပြဲေပါင္း(၂၀၂)ပြဲဆက္တိုက္ကစားခဲ့တာျဖစ္ၿပီး လာမယ့္ကာလအတြင္း အီနာကီဝီလီယံစ္သာ ဒဏ္ရာျပင္းျပင္းထန္ထန္မရခဲ့ရင္ေတာ့ အဲဒီစံခ်ိန္ကို အလြယ္တကူပဲေက်ာ္ျဖတ္ႏိုင္မွာျဖစ္ပါတယ္။