ဘီယာခွက်နဲ့ ပေါက်တာလောက်တော့ ဟာလန်းက ရယ်တာပေါ့ . . .
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ဒေါ့မွန်တိုက်စစ်မှူးဟာလန်းနဲ့ အသင်းဖော်တို့ဟာမနေ့ညတုန်းကလေဗာကူဆင်အား၄-၃ဂိုးနဲ့ အနိုင်ရရှိတဲ့ပွဲစဉ်မှာသူတို့ကိုတိုက်ခိုက်ဆဲဆိုမှုပြုလုပ်တဲ့လေဗာကူဆင်ပရိသတ်များကိုပညာသားပါပါတုံ့ပြန်မှုပြုလုပ်ခဲ့ပါတယ်။
အဆိုပါပွဲမှာ ဟာလန်းက၃၇မိနစ်နဲ့ ၇၅မိနစ်တွေမှာ ဂိုးတွေသွင်းယူခဲ့တာ ဖြစ်ပါတယ်။
နှစ်ဂိုးသွင်းယူခဲ့တဲ့ဟာလန်းဟာ ပွဲပြီးဖို့၁၃မိနစ်မှာအနိုင်ဂိုးကိုပင်နယ်တီကနေ သွင်းယူပြီးနောက် ကစားဖော်များနှင့်အောင်ပွဲခံချိန်မှာ လေဗာကူဆင်ပရိသတ်များရဲ့ဘီယာခွက်ဖြင့်ပစ်ပေါက်ခြင်းခံခဲ့ရပါတယ်။
ဟာလန်းဟာလေဗာကူဆင်ပရိသတ်များပစ်ပေါက်တဲ့ဘီယာခွက်များကိုကောက်ယူပြီးကွင်းဘေးသို့ဖယ်ရှားပစ်ထုတ်ခဲ့ပါတယ်။
အသင်းဖော် ဘယ်လင်ဂမ်ကတော့ခပ်တည်တည်ပဲ တစ်ခွက်ကိုအမိအရဖမ်းကာ သောက်ပြခဲ့ပေမယ့် ချက်ချင်းပဲလွှင့်ပစ်ခဲ့တာဖြစ်ပါတယ်။
ပွဲအပြီးမှာ ဘယ်လင်ဂမ်ကသူ့ရဲ့တွစ်တာမှာ’ ငါ့ဘဝရဲ့ပထမဆုံးဘီယာအတွက် အသင့်တော်ဆုံးနေ့ပဲ။ ငါမသောက်တတ်ပါဘူး။
မနှစ်ကလိုသာဆို ဒီပွဲမျိုးရှုံးနေပါပြီ။ ဒီနေ့အနိုင်ရခဲ့တဲ့ အဓိကအကြောင်းအရင်းက ကျွန်တော်တို့ရဲ့ပရိသတ်ကြီးကြောင့်ပါ။
ဒီအထိလိုက်ပြီး အားပေးတဲ့ပရိသတ်အားလုံးကို တကယ်ကျေးဇူးတင်ပါတယ်။
ကျွန်တော်တို့အားလုံး တကယ်အသိအမှတ်ပြုပါတယ်’ လို့ရေးသားခဲ့တာဖြစ်ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
ဒေါ့မွန်တိုက်စစ်မှူးဟာလန်းနဲ့ အသင်းဖော်တို့ဟာမနေ့ညတုန်းကလေဗာကူဆင်အား၎-၃ဂိုးနဲ့ အနိုင်ရရှိတဲ့ပွဲစဉ်မှာသူတို့ကိုတိုက်ခိုက်ဆဲဆိုမှုပြုလုပ်တဲ့လေဗာကူဆင်ပရိသတ်များကိုပညာသားပါပါတုံ့ပြန်မှုပြုလုပ်ခဲ့ပါတယ်။