ဘိုလီဗီးယားနဲ့ ပွဲစဉ်မှာ (၂) ဂိုးသွင်း၊ (၁) ဂိုးဖန်တီးပြီး စံချိန်သစ်တစ်ခုပါ တင်ခဲ့တဲ့ မက်ဆီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အာဂျင်တီးနား နှင့် ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီဟာ ဘိုလီဗီးယားအသင်းကို (၁-၄) ရလဒ်နဲ့ အနိုင်ရရှိခဲ့တဲ့ ကိုပါအမေရိက အုပ်စု နောက်ဆုံး ပွဲစဉ်မှာ သွင်းဂိုး (၂) ဂိုး နဲ့ ဂိုးဖန်တီးမူး (၁) ကြိမ် ပြုလုပ်ခဲ့ပြီး စံချိန်သစ်တစ်ခုကိုပါ တင်ခဲ့တာပါ။

အာဂျင်တီးနားအသင်းဟာ ဂိုမက်စ်ရဲ့ အဖွင့်ဂိုး၊ မက်ဆီရဲ့ ပင်နယ်တီ သွင်းဂိုး အပါအဝင် သွင်းဂိုး (၂) ဂိုး နှင့် မာတီနက်စ်ရဲ့ သွင်းဂိုးကြောင့် (၁-၄) လဒ်နဲ့ အနိုင်ရရှိခဲ့ပြီး နောက်တစ်ဆင့် ကွာတား ဖိုင်နယ်ကို အုပ်စု အေက တက်လှမ်းခဲ့ပါတယ်။

အာဂျင်တီးနားအသင်းဟာ အုပ်စု အေရဲ့ အုပ်စုဗိုလ် အဖြစ် ကွားတာ ဖိုင်နယ်ကို တက်လှမ်းခဲ့ပြီး ကွာတား ဖိုင်နယ် ပွဲစဉ်ကိုတော့ လာမယ့် နောက်လ ဇူလိုင်လ ၄ ရက်နေ့ တနင်္ဂနွေနေ့မှာ အီကွေဒါအသင်းနဲ့ ကစားဖို ပွဲစဉ် ထွက်ပေါ်လာခဲ့ပါတယ်။

မက်ဆီဟာ ဘိုလီဗီးယားအသင်းကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အာဂျင်တီးနားအတွက် လက်ရွေးစင် ပွဲစဉ် (၁၄၈)မြောက် ဖြစ်ပြီး အာဂျင်တီးနားအသင်းအတွက် လက်ရွေးစင် ပွဲစဉ် အများဆုံး ကစားသူ အဖြစ် စံချိန်သစ် တစ်ခုကိုလည်း တင်ခဲ့ပါတယ်။

ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီဟာ လက်ရွေးစင် ပွဲစဉ် (၁၄၈) ပွဲ ကစားထားပြီ ဖြစ်တာကြောင့် အာဂျင်တီးနားအသင်းအတွက် လက်ရွေးစင် (၁၄၇) ပွဲနဲ့ လက်ရွေးစင် ပွဲစဉ် အများဆုံး ကစားထားတဲ့ မာရှေယာနိုရဲ့ စံချိန်ကို ကျော်ဖြတ်သွားခဲ့တာပါ။

မက်ဆီဟာ ဘိုလီဗီးယားအသင်းကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ သွင်းဂိုး (၂) ဂိုး နဲ့ ဂိုးဖန်တီးမှူး (၁) ကြိမ် ပြုလုပ်ခဲ့ပြီးနောက် လက်ရှိ ကိုပါ အမေရိက ပြိုင်ပွဲမှာ ဂိုးသွင်းအများဆုံး (၃) ဂိုး နဲ့ ဂိုးဖန်တီးမှူး အများ (၂ ကြိမ်) အဖြစ် ရပ်တည်နေပါတယ်။

ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီဟာ လက်ကျန် ကိုပါ အမေရိက ပွဲစဉ်တွေကို ကစားရအုံးမှာ ဖြစ်တာကြောင့် သူ့ရဲ့ သွင်းဂိုးတွေ နဲ့ ကစားတဲ့ ပွဲစဉ် အရေအတွက်တွေကလည်း တိုးများလာအုံးမှာ ဖြစ်ပြီး စံချိန်သစ်တွေ ရရှိအုံးမှာ အသေချာပါပဲ။

ကိုပါ အမေရိက ပြိုင်ပွဲရဲ့ အုပ်စု ပွဲစဉ်တွေ ပြီးဆုံးသွားတဲ့ ကွာတား ဖိုင်နယ် ပွဲစဉ် (၄) ပွဲ ကစားရမှာ ဖြစ်ပြီး အာဂျင်တီးနား နဲ့ အီကွေဒါ၊ ဥရုဂွေး နဲ့ ကိုလံဘီယာ၊ ဘရာဇီးလ် နဲ့ ချီလီ၊ ပီရူး နဲ့ ပါရာဂွေး စတဲ့ ကွာတား ဖိုင်နယ် ပွဲစဉ် (၄) ပွဲ ရှိနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi








