ဘိုင်ယန် အသာရတဲ့ ပွဲမှာ မအိုသေးကြောင်းပြသနေဆဲ လီဝမ်ဒေါ့စကီး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘာစီလိုနာအသင်းအနေနဲ့ မနေ့ကပွဲမှာ ဘိုင်ယန်မြူးနစ်အသင်းကို အိမ်ကွင်းမှာ လက်ခံကစားခဲ့ရပေမယ့် ဂျာမန်ချန်ပီယံအသင်းကို နူးကမ့်မှာ မရှုမလှ အရှုံးပေးခဲ့ရပါတယ်။

အိမ်ရှင်နည်းပြ ကိုးမန်းအနေနဲ့ ၃-၅-၂ ကစားကွက်နဲ့ ပွဲထွက်ခဲ့သလို ခံစစ်မှာ ပီကေး၊ အဲရစ် ဂါစီယာနဲ့ အာရော်ဂျို၊ ကွင်းလယ်မှာ ဘူးစကွက်စ်၊ ဖရင်ကီ ဒီယုံး၊ ပက်ဒရီ၊ ဆာဂျီ ရော်ဘတ်တိုနဲ့ ဂျော်ဒီ အယ်လ်ဘာ၊ တိုက်စစ်မှာတော့ ဒတ်ချ်အတွဲဖြစ်တဲ့ ဒီပိုင်းနဲ့ လုခ် ဒီယုံးတို့ကို သုံးစွဲခဲ့ပါတယ်။

ဘိုင်ယန်ကတော့ လီဝမ်ဒေါ့စကီးကို အထောင်ထားပြီး တိုက်စစ်မှာ ဆာနေး၊ မူစီယာလာနဲ့ မူလာတို့ ကစားခဲ့သလို ကင်းမစ်ချ်နဲ့ ဂိုရက်ဇ်ကာတို့ ကတော့ ကွင်းလယ်မှာ ကစားခဲ့ပြီး ခံစစ်မှာတော့ ဆူးလား၊ အူပါမီကာနို၊ ပါဗတ်နဲ့ ဒေးဗီးစ်တို့ကို သုံးစွဲခဲ့ပါတယ်။

ပွဲချိန် ၃၄ မိနစ်မှာ ဆာနေး ပေးခဲ့တဲ့ ဘောလုံးကို တိုက်စစ်မှူး မူလာက အဝေးကနေ လှမ်းကန်သွင်းခဲ့ရာမှာ နောက်ခံလူ အဲရစ် ဂါစီယာနဲ့ထိပြီး လမ်းကြောင်းပြောင်းသွားခဲ့လို့ တာစတီဂန် မကာကွယ်နိုင်ခဲ့ဘဲ ဘာစီလိုနာတို့ ဂိုးစပေးခဲ့ရပါတယ်။

ပွဲချိန် ၅၆ မိနစ်မှာတော့ ဒေးဗီးစ် ကန်သွင်းတဲ့ ဘောလုံးက ဘာဆာနောက်တန်းက အဲရစ် ဂါစီယာနဲ့ထိပြီး ပြန်ထွက်လာခဲ့တာကို မူစီယာလာက အပြင်းထပ်မံကန်သွင်းရာမှာ တိုင်နဲ့ထိပြီး ထွက်လာခဲ့တာကို လီဝမ်ဒေါ့စကီး

ကအနီးကပ်ပြေးပိတ်နိုင်ခဲ့ပြီး ဘိုင်ယန်မြူးနစ်အတွက် ဒုတိယ ဦးဆောင်ဂိုးကို ရယူပေးနိုင်ခဲ့ပါတယ်။

ပွဲချိန် ၈၅ မိနစ်မှာလည်း လီဝမ်ဒေါ့စကီးက ဘိုင်ယန်တို့ အတွက် တတိယဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

လီဝမ်ဒေါ့စကီးဟာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးအဖြစ် ရှိနေဆဲပါ။

လီဝမ်ဒေါ့စကီးက ဘိုင်ယန်အတွက် ဂိုးသွင်းတာ ၁၈ ပွဲဆက်တိုက်ဖြစ်နေပါပြီ။

ပြီးခဲ့တဲ့ဘောလုံးရာသီမှာ မူလာရဲ့စံချိန်ကို ချိုးခဲ့တဲ့ လီဝမ်ဒေါ့စကီးဟာ အသက် ၃၃ နှစ်ရှိပြီဖြစ်ပေမယ့် သက်တမ်းရင့် ဝိုင်တစ်ခွက်လို ခြေစွမ်းပြနေဆဲပါ။

ပင်နယ်တီဧရိယာထဲမှာ လီဝမ်ဒေါ့စကီးလောက် အဆိပ်ပြင်းတဲ့ တိုက်စစ်မှူးမျိုး မရှိနိုင်ပါဘူး။

ဒီနှစ်မှာလည်း ဂိုးသွင်းအများဆုံးဆုကိုယူဖို့ အလားအလာ အများကြီးရှိတဲ့ တိုက်စစ်မှူးကြီးဖြစ်ပါတယ်။

သူ့ရဲ့ ဂိုးသွင်းပုံတွေက သဘာဝအတိုင်းပဲ လျင်မြန်လွန်းနေဆဲပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဘိုင္ယန္ အသာရတဲ့ ပြဲမွာ မအိုေသးေၾကာင္းျပသေနဆဲ လီဝမ္ေဒါ့စကီး

ဘာစီလိုနာအသင္းအေနနဲ႔ မေန႔ကပြဲမွာ ဘိုင္ယန္ျမဴးနစ္အသင္းကို အိမ္ကြင္းမွာ လက္ခံကစားခဲ့ရေပမယ့္ ဂ်ာမန္ခ်န္ပီယံအသင္းကို ႏူးကမ့္မွာ မရႈမလွ အရႈံးေပးခဲ့ရပါတယ္။ အိမ္ရွင္နည္းျပ ကိုးမန္းအေနနဲ႔ ၃-၅-၂ ကစားကြက္နဲ႔ ပြဲထြက္ခဲ့သလို ခံစစ္မွာ ပီေကး၊ အဲရစ္ ဂါစီယာနဲ႔ အာေရာ္ဂ်ိဳ၊ ကြင္းလယ္မွာ ဘူးစကြက္စ္၊ ဖရင္ကီ ဒီယုံး၊ ပက္ဒရီ၊ ဆာဂ်ီ ေရာ္ဘတ္တိုနဲ႔ ေဂ်ာ္ဒီ အယ္လ္ဘာ၊ တိုက္စစ္မွာေတာ့ ဒတ္ခ်္အတြဲျဖစ္တဲ့ ဒီပိုင္းနဲ႔ လုခ္ ဒီယုံးတို႔ကို သုံးစြဲခဲ့ပါတယ္။

ဘိုင္ယန္ကေတာ့ လီဝမ္ေဒါ့စကီးကို အေထာင္ထားၿပီး တိုက္စစ္မွာ ဆာေနး၊ မူစီယာလာနဲ႔ မူလာတို႔ ကစားခဲ့သလို ကင္းမစ္ခ်္နဲ႔ ဂိုရက္ဇ္ကာတို႔ ကေတာ့ ကြင္းလယ္မွာ ကစားခဲ့ၿပီး ခံစစ္မွာေတာ့ ဆူးလား၊ အူပါမီကာႏို၊ ပါဗတ္နဲ႔ ေဒးဗီးစ္တို႔ကို သုံးစြဲခဲ့ပါတယ္။

ပြဲခ်ိန္ ၃၄ မိနစ္မွာ ဆာေနး ေပးခဲ့တဲ့ ေဘာလုံးကို တိုက္စစ္မႉး မူလာက အေဝးကေန လွမ္းကန္သြင္းခဲ့ရာမွာ ေနာက္ခံလူ အဲရစ္ ဂါစီယာနဲ႔ထိၿပီး လမ္းေၾကာင္းေျပာင္းသြားခဲ့လို႔ တာစတီဂန္ မကာကြယ္ႏိုင္ခဲ့ဘဲ ဘာစီလိုနာတို႔ ဂိုးစေပးခဲ့ရပါတယ္။

ပြဲခ်ိန္ ၅၆ မိနစ္မွာေတာ့ ေဒးဗီးစ္ ကန္သြင္းတဲ့ ေဘာလုံးက ဘာဆာေနာက္တန္းက အဲရစ္ ဂါစီယာနဲ႔ထိၿပီး ျပန္ထြက္လာခဲ့တာကို မူစီယာလာက အျပင္းထပ္မံကန္သြင္းရာမွာ တိုင္နဲ႔ထိၿပီး ထြက္လာခဲ့တာကို လီဝမ္ေဒါ့စကီးကအနီးကပ္ေျပးပိတ္ႏိုင္ခဲ့ၿပီး ဘိုင္ယန္ျမဴးနစ္အတြက္ ဒုတိယ ဦးေဆာင္ဂိုးကို ရယူေပးႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၈၅ မိနစ္မွာလည္း လီဝမ္ေဒါ့စကီးက ဘိုင္ယန္တို႔ အတြက္ တတိယဂိုးကို သြင္းယူႏိုင္ခဲ့ပါတယ္။လီဝမ္ေဒါ့စကီးဟာ ကမာၻ႔အေကာင္းဆုံး တိုက္စစ္မႉးအျဖစ္ ရွိေနဆဲပါ။
လီဝမ္ေဒါ့စကီးက ဘိုင္ယန္အတြက္ ဂိုးသြင္းတာ ၁၈ ပြဲဆက္တိုက္ျဖစ္ေနပါၿပီ။ ၿပီးခဲ့တဲ့ေဘာလုံးရာသီမွာ မူလာရဲ႕စံခ်ိန္ကို ခ်ိဳးခဲ့တဲ့ လီဝမ္ေဒါ့စကီးဟာ အသက္ ၃၃ ႏွစ္ရွိၿပီျဖစ္ေပမယ့္ သက္တမ္းရင့္ ဝိုင္တစ္ခြက္လို ေျခစြမ္းျပေနဆဲပါ။ ပင္နယ္တီဧရိယာထဲမွာ လီဝမ္ေဒါ့စကီးေလာက္ အဆိပ္ျပင္းတဲ့ တိုက္စစ္မႉးမ်ိဳး မရွိႏိုင္ပါဘူး။ ဒီႏွစ္မွာလည္း ဂိုးသြင္းအမ်ားဆုံးဆုကိုယူဖို႔ အလားအလာ အမ်ားႀကီးရွိတဲ့ တိုက္စစ္မႉးႀကီးျဖစ္ပါတယ္။ သူ႔ရဲ႕ ဂိုးသြင္းပုံေတြက သဘာဝအတိုင္းပဲ လ်င္ျမန္လြန္းေနဆဲပါ။