ဘိုင်ယန်မြူးနစ်အသင်းကို ဂိုးပြတ်နိုင်ပွဲတွေဆက်တိုက်ရယူပေးနေတဲ့ နည်းပြနာဂယ်လ်စမန်း ကိုဗစ်ရောဂါကူးစက်ခံထားရ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘိုင်ယန်မြူးနစ်အသင်းနည်းပြနာဂယ်လ်စမန်းဟာ ကိုဗစ်ရောဂါကူးစက်ခံထားရတာကြောင့်

ဘင်ဖီကာနဲ့ကစားခဲ့တဲ့ချန်ပီယံလိဂ်ပွဲမှာ အသင်းကို မကြီးကြပ်နိုင်ခဲ့ပေမယ့် သူ့အသင်းကတော့ ခြေစွမ်းကောင်းဆက်လက်ပြသခဲ့ပြီး

အဝေးကွင်းမှာ ပေါ်တူဂီထိပ်သီးဘင်ဖီကာအသင်းကို (၄-ဝ)ဂိုးပြတ်နဲ့အနိုင်ယူခဲ့ပါတယ်။

နာဂယ်လ်စမန်းဟာ အသင်းနဲ့အတူ လစ္စဘွန်းမြို့ကို လိုက်ပါသွားပေမယ့် ကိုဗစ်ရောဂါကူးစက်ခံထားရတယ်လို့ စစ်ဆေးတွေ့ရှိခဲ့ရတာကြောင့်

ဘင်ဖီကာနဲ့ပွဲကို မကိုင်တွယ်နိုင်ခဲ့ဘဲ အသင်းနေထိုင်တဲ့ဟိုတယ်မှာသာ သီးသန့်နေခဲ့ရတာဖြစ်ပါတယ်။

ဒါ့အပြင် နာဂယ်လ်စမန်းဟာ မြူးနစ်မြို့ကို အသင်းနဲ့အတူတကွ ပြန်မလိုက်ခဲ့ဘဲ တစ်ဦးတည်းအစီအစဉ်နဲ့သာ ပြန်ဖို့စီစဉ်ခဲ့ရတာပါ။

ဘင်ဖီကာနဲ့ပွဲမှာ နာဂယ်လ်စမန်းမကိုင်တွယ်နိုင်တာကြောင့် လက်ထောက်နည်းပြဖြစ်သူတော့ပ်မိုလာက နည်းပြအဖြစ်ဆောင်ရွက်ခဲ့ပြီး

ဆာနေး(၂ဂိုး)၊လီဝန်ဒေါစကီး၊ အဲဗာတန်(OG)တို့ရဲ့ဂိုးတွေနဲ့ ဂိုးပြတ်နိုင်ပွဲရယူခဲ့တဲ့အပြင်

ပွဲချိန်အတွင်းမှာ လီဝန်ဒေါစကီး၊ မူလာတို့ရဲ့ဂိုးတွေကို VAR က ဂိုးမပေးခဲ့လို့(၄-ဝ)ဂိုးရလဒ်နဲ့သာ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။

နာဂယ်လ်စမန်းအနေနဲ့ အခုရက်ပိုင်းအတွင်း တစ်ဦးတည်းသီးသန့်နေထိုင်ရမှာဖြစ်တာကြောင့်

အခုတစ်ပတ်စနေနေ့ကျရင် ဟော့ဖန်ဟင်မ်အသင်းနဲ့ကစားမယ့်ပွဲမှာလည်း နည်းပြအဖြစ်ဆောင်ရွက်နိုင်မှာမဟုတ်ပါဘူး။

အသက်(၃၄)နှစ်အရွယ်သာရှိသေးတဲ့နာဂယ်လ်စမန်းဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက လိုက်ပ်ဇစ်အသင်းကနေ

ဘိုင်ယန်မြူးနစ်အသင်းကို နည်းပြတစ်ဦးအတွက်ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့ ယူရို(၂၅)သန်းနဲ့ရောက်ရှိခဲ့တာဖြစ်ပြီး

သူ့ရဲ့ဘိုင်ယန်မြူးနစ်နည်းပြဘဝပထမဆုံးရာသီမှာပဲ ဂိုးပြတ်နိုင်ပွဲတွေဆက်တိုက်ရယူပေးနေတာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ပြိုင်ပွဲစုံနောက်ဆုံး(၁၀)ပွဲမှာ ဖရန့်ဖတ်အသင်းကို အိမ်ကွင်းမှာမထင်မှတ်ဘဲရှုံးနိမ့်ခဲ့တဲ့ဘွန်ဒစ်လီဂါပွဲကလွဲရင်

ကျန်တဲ့ပွဲတိုင်းအနိုင်ယူခဲ့သလို စုစုပေါင်း(၄၉)ဂိုးအထိသွင်းယူခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အနိုင်ရခဲ့တဲ့ပွဲတွေထဲမှာ ဂျာမန်ဖလားပွဲတုန်းက ဘရီမာကို (၁၂-ဝ)ဂိုးပြတ်၊

ဘွန်ဒစ်လီဂါပွဲတွေအဖြစ် ဟာသာဘာလင်ကို (၅-ဝ)ဂိုးပြတ်၊

ဘိုချမ်နဲ့ပွဲမှာ (၇-ဝ)ဂိုး၊ ချန်ပီယံလိဂ်ပွဲတွေမှာတော့ ဒိုင်နမိုကိဗ်ကို (၅-ဝ)ဂိုး၊

အခု ဘင်ဖီကာအသင်းကို (၄-ဝ)ဂိုးပြတ်တွေနဲ့အနိုင်ရခဲ့တဲ့ပွဲတွေပါဝင်ခဲ့ပြီး တစ်ပွဲပျမ်းမျှသွင်းဂိုးက (၄.၉)ဂိုးအထိရှိခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဘိုင္ယန္ျမဴးနစ္အသင္းကို ဂိုးျပတ္ႏိုင္ပြဲေတြဆက္တိုက္ရယူေပးေနတဲ့ နည္းျပနာဂယ္လ္စမန္း ကိုဗစ္ေရာဂါကူးစက္ခံထားရ

ဘိုင္ယန္ျမဴးနစ္အသင္းနည္းျပနာဂယ္လ္စမန္းဟာ ကိုဗစ္ေရာဂါကူးစက္ခံထားရတာေၾကာင့္ ဘင္ဖီကာနဲ႔ကစားခဲ့တဲ့ခ်န္ပီယံလိဂ္ပြဲမွာ အသင္းကို မႀကီးၾကပ္ႏိုင္ခဲ့ေပမယ့္

သူ႔အသင္းကေတာ့ ေျခစြမ္းေကာင္းဆက္လက္ျပသခဲ့ၿပီး အေဝးကြင္းမွာ ေပၚတူဂီထိပ္သီးဘင္ဖီကာအသင္းကို (၄-၀)ဂိုးျပတ္နဲ႔အႏိုင္ယူခဲ့ပါတယ္။

နာဂယ္လ္စမန္းဟာ အသင္းနဲ႔အတူ လစၥဘြန္းၿမိဳ႕ကို လိုက္ပါသြားေပမယ့္ ကိုဗစ္ေရာဂါကူးစက္ခံထားရတယ္လို႔စစ္ေဆးေတြ႕ရွိခဲ့ရတာေၾကာင့္ ဘင္ဖီကာနဲ႔ပြဲကို မကိုင္တြယ္ႏိုင္ခဲ့ဘဲ အသင္းေနထိုင္တဲ့ဟိုတယ္မွာသာ သီးသန႔္ေနခဲ့ရတာျဖစ္ပါတယ္။

ဒါ့အျပင္ နာဂယ္လ္စမန္းဟာ ျမဴးနစ္ၿမိဳ႕ကို အသင္းနဲ႔အတူတကြ ျပန္မလိုက္ခဲ့ဘဲ တစ္ဦးတည္းအစီအစဥ္နဲ႔သာ ျပန္ဖို႔စီစဥ္ခဲ့ရတာပါ။

ဘင္ဖီကာနဲ႔ပြဲမွာ နာဂယ္လ္စမန္းမကိုင္တြယ္ႏိုင္တာေၾကာင့္ လက္ေထာက္နည္းျပျဖစ္သူေတာ့ပ္မိုလာက နည္းျပအျဖစ္ေဆာင္႐ြက္ခဲ့ၿပီး

ဆာေနး(၂ဂိုး)၊လီဝန္ေဒါစကီး၊ အဲဗာတန္(OG)တို႔ရဲ႕ဂိုးေတြနဲ႔ ဂိုးျပတ္ႏိုင္ပြဲရယူခဲ့တဲ့အျပင္ ပြဲခ်ိန္အတြင္းမွာ လီဝန္ေဒါစကီး၊ မူလာတို႔ရဲ႕ဂိုးေတြကို VAR က ဂိုးမေပးခဲ့လို႔(၄-၀)ဂိုးရလဒ္နဲ႔သာ ေက်နပ္ခဲ့ရတာျဖစ္ပါတယ္။

နာဂယ္လ္စမန္းအေနနဲ႔ အခုရက္ပိုင္းအတြင္း တစ္ဦးတည္းသီးသန႔္ေနထိုင္ရမွာျဖစ္တာေၾကာင့္ အခုတစ္ပတ္စေနေန႔က်ရင္ ေဟာ့ဖန္ဟင္မ္အသင္းနဲ႔ကစားမယ့္ပြဲမွာလည္း နည္းျပအျဖစ္ေဆာင္႐ြက္ႏိုင္မွာမဟုတ္ပါဘူး။

အသက္(၃၄)ႏွစ္အ႐ြယ္သာရွိေသးတဲ့နာဂယ္လ္စမန္းဟာ ၿပီးခဲ့တဲ့ေႏြရာသီတုန္းက လိုက္ပ္ဇစ္အသင္းကေန ဘိုင္ယန္ျမဴးနစ္အသင္းကို နည္းျပတစ္ဦးအတြက္ကမာၻ႔စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးျဖစ္တဲ့ ယူ႐ို(၂၅)သန္းနဲ႔ေရာက္ရွိခဲ့တာျဖစ္ၿပီး သူ႔ရဲ႕ဘိုင္ယန္ျမဴးနစ္နည္းျပဘဝပထမဆုံးရာသီမွာပဲ ဂိုးျပတ္ႏိုင္ပြဲေတြဆက္တိုက္ရယူေပးေနတာျဖစ္ပါတယ္။

ဘိုင္ယန္ျမဴးနစ္အသင္းဟာ ၿပိဳင္ပြဲစုံေနာက္ဆုံး(၁၀)ပြဲမွာ ဖရန႔္ဖတ္အသင္းကို အိမ္ကြင္းမွာမထင္မွတ္ဘဲရႈံးနိမ့္ခဲ့တဲ့ဘြန္ဒစ္လီဂါပြဲကလြဲရင္ က်န္တဲ့ပြဲတိုင္းအႏိုင္ယူခဲ့သလို စုစုေပါင္း(၄၉)ဂိုးအထိသြင္းယူခဲ့ပါတယ္။

ဘိုင္ယန္ျမဴးနစ္အႏိုင္ရခဲ့တဲ့ပြဲေတြထဲမွာ ဂ်ာမန္ဖလားပြဲတုန္းက ဘရီမာကို (၁၂-၀)ဂိုးျပတ္၊ ဘြန္ဒစ္လီဂါပြဲေတြအျဖစ္ ဟာသာဘာလင္ကို (၅-၀)ဂိုးျပတ္၊ ဘိုခ်မ္နဲ႔ပြဲမွာ (၇-၀)ဂိုး၊ ခ်န္ပီယံလိဂ္ပြဲေတြမွာေတာ့ ဒိုင္နမိုကိဗ္ကို (၅-၀)ဂိုး၊ အခု ဘင္ဖီကာအသင္းကို (၄-၀)ဂိုးျပတ္ေတြနဲ႔အႏိုင္ရခဲ့တဲ့ပြဲေတြပါဝင္ခဲ့ၿပီး တစ္ပြဲပ်မ္းမွ်သြင္းဂိုးက (၄.၉)ဂိုးအထိရွိခဲ့ပါတယ္။