ဘိုင်ယန်မြူးနစ်အလိုရှိတဲ့ ယူရို သန်း 30 ဝန်းကျင် တန်ကြေးရှိတဲ့ လူငယ်နည်းပြ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘိုင်ယန်တို့ မျက်စိကျနေတဲ့ နည်းပြအသစ်ကတော့ လူငယ်တစ်ယောက်ပါ။

ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့နည်းပြသစ်ရာထူးအတွက်ဂျူလီယန်နာဂယ်စ်မန်းကိုစိတ်ဝင်စားနေကြောင်း

တရားဝင်ထုတ်ပြောခဲ့ပေမယ့်လိုက်ပ်ဇစ်အသင်းက ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးယူရိုသန်း-၃၀ရရှိမှလက်လွှတ်ဖွယ်ရှိပါတယ်။

အသက် ၃၃ နှစ်အရွယ် သာရှိသေးတဲ့ နာဂယ်စ်မန်းကို ဘိုင်ယန်မြူးနစ်ဟာ လွန်ခဲ့တဲ့ ၅ နှစ် ဟော့ဖန်ဟိမ်းအသင်း ကို

ကိုင်တွယ်ကတည်းက စောင့်ကြည့်နေခဲ့တာဖြစ်ပါတယ်။

ဘွန်ဒက်စ်လီဂါပြိုင်ပွဲသမိုင်းရဲ့ အသက်အငယ် ဆုံးနည်းပြဖြစ်တဲ့ နာဂယ်စ်မန်းဟာ

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းတုန်းက စပါးနည်းပြနေရာအတွက် စိတ်ဝင်စား မှုရှိတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းကိုတစ်ရာသီအတွင်းဖလား၆လုံးအထိရရှိအောင်စွမ်းဆောင်ပေးခဲ့တဲ့

နည်းပြဖလစ်ခ်ဟာအသင်းအားကစားဒါရိုက်တာဟာဆန်ဆယ်လီဟာမီဇစ်နဲ့အဆင်မပြေတော့ တာကြောင့်

အသင်းနဲ့လမ်းခွဲလိုနေတာဖြစ်ပါတယ်။

ဖလစ်ခ်အနေနဲ့ရာသီကုန်မှာဘိုင်ယန်မြူးနစ်အသင်း နည်းပြရာထူးကနေနှုတ်ထွက်ဖွယ်ရှိနေတယ်လို့အင်တာဗျူးတစ်ခုမှာဖြေကြားခဲ့ ဖူးပါတယ်။

အသက်၃၃နှစ်အရွယ် နာဂယ်စ်မန်းဟာ ဟော့ဖန်ဟိမ်းအသင်းကိုနည်းပြအဖြစ်စတင်တာဝန်ယူခဲ့တာဖြစ်ပါတယ်။

ဟော့ဖန်ဟိမ်းအသင်းကို၃နှစ်နီးပါးကိုင်တွယ်ခဲ့ပြီးနောက်နာဂယ်စ်မန်းအနေနဲ့ RB လိုက်ပ်ဇစ်အသင်းထံပြောင်းရွှေ့သွားခဲ့ပါတယ်။

နာဂယ်စ်မန်းဟာ လိုက်ပ်ဇစ်အသင်းကိုချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပြီး

၂၀၁၉-၂၀ဘောလုံးရာသီမှာဆီမီးဖိုင်နယ်အဆင့်ထိရောက်ရှိအောင်ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

ဒါပေမယ့်ပီအက်စ်ဂျီအသင်းကိုရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

လက်ရှိဘောလုံးရာသီမှာနာဂယ်စ်မန်းအနေနဲ့လိုက်ပ်ဇစ်အသင်းကိုအဆင့်(၂)နေရာမှာ ရပ်တည်နိုင်အောင်စွမ်းဆောင်ပေးထားပြီး

ချန်ပီယံဆုအတွက်ဘိုင်ယန်မြူးနစ်အသင်းကိုအနီးကပ်ဖိအားပေးနေတာဖြစ်ပါတယ်။

အသက်ငယ်ပေမယ့် တန်ကြေးမြင့်တဲ့ လူငယ်နည်းပြအနေနဲ့ ဘယ်အသင်းကို ပြောင်းရွှေ့မလဲဆိုတာ

စောင့် ကြည့်ကြရအောင်ပါ။

ဘောလုံးကမ္ဘာမှာ ငွေရေးကြေးရေး ခက်ခဲနေတဲ့ အချိန် ယူရိုသန်း 30 ဝန်းကျင်ဆိုတာ

စံချိန်ကောင်းတစ်ခုဖြစ်သွားစေနိုင်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi Version

ဘိုင္ယန္ျမဴးနစ္အလိုရိွတဲ့ ယူရို သန္း 30 ၀န္းက်င္ တန္ေၾကးရိွတဲ့ လူငယ္နည္းျပ

ဘိုင္ယန္တို႔ မ်က္စိက်ေနတဲ့ နည္းျပအသစ္ကေတာ့ လူငယ္တစ္ေယာက္ပါ။

ဘိုင္ယန္ျမဴးနစ္အသင္းအေနနဲ႔နည္းျပသစ္ရာထူးအတြက္ဂ်ဴလီယန္နာဂယ္စ္မန္းကိုစိတ္ဝင္စားေနေ

ၾကာင္းတရားဝင္ထုတ္ေျပာခဲ့ေပမယ့္

လိုက္ပ္ဇစ္အသင္းက ကမၻာ့စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးယူရိုသန္း-၃၀ရရွိမွလက္လႊတ္ဖြယ္ရွိပါတယ္။

အသက္ ၃၃ ႏွစ္အရြယ္ သာရွိေသးတဲ့ နာဂယ္စ္မန္းကို

ဘိုင္ယန္ျမဴးနစ္ဟာ လြန္ခဲ့တဲ့ ၅ ႏွစ္ ေဟာ့ဖန္ဟိမ္းအသင္း ကို ကိုင္တြယ္ကတည္းက ေစာင့္ၾကည့္ေနခဲ့တာျဖစ္ပါတယ္။

ဘြန္ဒက္စ္လီဂါၿပိဳင္ပြဲသမိုင္းရဲ့ အသက္အငယ္ ဆုံးနည္းျပျဖစ္တဲ့ နာဂယ္စ္မန္းဟာ ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္းတုန္းက

စပါးနည္းျပေနရာအတြက္ စိတ္ဝင္စား မွုရွိတယ္လို့ ထုတ္ေဖာ္ေျပာဆိုခဲ့ဖူးပါတယ္။

ဘိုင္ယန္ျမဴးနစ္အသင္းကိုတစ္ရာသီအတြင္းဖလား၆လုံးအထိရရွိေအာင္စြမ္းေဆာင္ေပးခဲ့တဲ့

နည္းျပဖလစ္ခ္ဟာအသင္းအားကစားဒါရိုက္တာဟာဆန္ဆယ္လီဟာမီဇစ္နဲ႔အဆင္မေျပေတာ့

တာေၾကာင့္အသင္းနဲ႔လမ္းခြဲလိုေနတာျဖစ္ပါတယ္။

ဖလစ္ခ္အေနနဲ႔ရာသီကုန္မွာဘိုင္ယန္ျမဴးနစ္အသင္းနည္းျပရာထူးကေနႏွုတ္ထြက္ဖြယ္ရွိေနတယ္လို့

အင္တာဗ်ဴးတစ္ခုမွာေျဖၾကားခဲ့ ဖူးပါတယ္။

အသက္၃၃ႏွစ္အရြယ္ နာဂယ္စ္မန္းဟာ ေဟာ့ဖန္ဟိမ္းအသင္းကိုနည္းျပအျဖစ္စတင္တာဝန္ယူခဲ့

တာျဖစ္ပါတယ္။ေဟာ့ဖန္ဟိမ္းအသင္းကို၃ႏွစ္နီးပါးကိုင္တြယ္ခဲ့ၿပီးေနာက္နာဂယ္စ္မန္းအေနနဲ

႔ RB လိုက္ပ္ဇစ္အသင္းထံေျပာင္းေရႊ႕သြားခဲ့ပါတယ္။

နာဂယ္စ္မန္းဟာ လိုက္ပ္ဇစ္အသင္းကိုခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိေအာင္စြမ္းေဆာင္ေပးနိုင္ခဲ့ၿပီ

း၂၀၁၉-၂၀ေဘာလုံးရာသီမွာဆီမီးဖိုင္နယ္အဆင့္ထိေရာက္ရွိေအာင္ပို့ေဆာင္ေပးနိုင္ခဲ့ပါတယ္။

ဒါေပမယ့္ပီအက္စ္ဂ်ီအသင္းကိုရွုံးနိမ့္ခဲ့တာျဖစ္ပါတယ္။

လက္ရွိေဘာလုံးရာသီမွာနာဂယ္စ္မန္းအေနနဲ႔လိုက္ပ္ဇစ္အသင္းကိုအဆင့္(၂)ေနရာ

မွာရပ္တည္နိုင္ေအာင္စြမ္းေဆာင္ေပးထားၿပီးခ်န္ပီယံဆုအတြက္ဘိုင္ယန္ျမဴးနစ္အသင္းကို

အနီးကပ္ဖိအားေပးေနတာျဖစ္ပါတယ္။

အသက္ငယ္ေပမယ့္ တန္ေၾကးျမင့္တဲ့ လူငယ္နည္းျပအေနနဲ႔ ဘယ္အသင္းကို

ေျပာင္းေရႊ႕မလဲဆိုတာ ေစာင့္ ၾကည့္ၾကရေအာင္ပါ။ေဘာလုံးကမၻာမွာ

ေငြေရးေၾကးေရး ခက္ခဲေနတဲ့ အခ်ိန္ ယူရိုသန္း 30 ၀န္းက်င္ဆိုတာ စံခ်ိန္ေကာင္းတစ္ခုျဖစ္သြားေစႏိုင္ပါတယ္။