ဘိုင်ယန်မြူးနစ်ကို ရှုံးနိမ့်ခဲ့ပေမယ့် မသန်စွမ်းပရိသတ်တစ်ဦးအတွက် စိတ်ကြည်နူးမှုပေးခဲ့တဲ့ ဘယ်လင်ဂမ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပြီးခဲ့တဲ့အင်္ဂါနေ့တုန်းက ဘိုင်ယန်မြူးနစ်အသင်းနဲ့ကစားခဲ့တဲ့ ဂျာမန်စူပါဖလားပွဲမှာ ဒေ့ါမွန်အသင်း(၃-၁)ဂိုးနဲ့အရေးနိမ့်ခဲ့ပေမယ့် အသင်းရဲ့အင်္ဂလန်လူငယ်ကွင်းလယ်လူဘယ်လင်ဂမ်ဟာ ဒေ့ါမွန်ပရိသတ်တစ်ဦး စိတ်ကြည်နှုးမှုရရှိအောင်ဖန်တီးပေးနိုင်ခဲ့ပါတယ်။

ဒေ့ါမွန်အသင်းဟာ အခုနှစ်ဂျာမန်စူပါဖလားပွဲကို အိမ်ကွင်းမှာကစားခွင့်ရခဲ့ပေမယ့်လည်း ကိုယ့်ပရိသတ်ရှေ့မှောက်မှာ အကောင်းဆုံးပုံစံမပြသနိုင်ခဲ့ဘဲ လီဝန်ဒေါစကီးရဲ့အဖွင့်ဂိုး၊

ဂိုးသမားကိုဘယ်လ်ရဲ့အမှားကနေ သောမတ်စ်မူလာက ဒုတိယဂိုးသွင်းယူခဲ့ပြီး အသင်းခေါင်းဆောင်မာကိုရွိုက်စ်က ချေပဂိုးပြန်သွင်းခဲ့ပေမယ့် ဒေါ့မွန်အသင်းက အကာနီရဲ့အမှားကနေ လီဝန်ဒေါစကီးက တတိယမြောက်ဂိုးတွေသွင်းယူပြီးတော့ ဂျာမန်စူပါဖလားကိုင်မြှောက်ခွင့်ရရှိခဲ့ပါတယ်။

ပွဲအပြီးမှာ ဒေ့ါမွန်အသင်းရဲ့ စိတ်ပျက်စရာကစားပုံကြောင့် ပရိသတ်တွေက လှောင်ပြောင်အော်ဟစ်ခဲ့ကြပေမယ့် ဘယ်လင်ဂမ်ကတော့ ပရိသတ်တစ်ဦး ပျော်ရွှင်မှုရအောင်ဖန်တီးပေးခဲ့တာပဲဖြစ်ပါတယ်။

ဒေ့ါမွန်ပရိသတ်တချို့က ကစားသမားတွေကို လက်ခုပ်တီးအားပေးခဲ့ချိန်မှာ ဘယ်လင်ဂမ်ဟာ ပွဲကြည့်စင်နားလျှောက်သွားပြီး သူဝတ်ဆင်ခဲ့တဲ့ဂျာစီကို ကိုယ်ခန္ဓာမသန်စွမ်းတာတောင် ဝှီးချဲလ်နဲ့ အခုပွဲကိုလာရောက်အားပေးခဲ့တဲ့ လူကြီးတစ်ဦးဆီ အမှတ်တရလက်ဆောင်ပေးခဲ့တာပါ။

ဘယ်လင်ဂမ်ဆီကနေ ဂျာစီလက်ဆောင်ရခဲ့တဲ့ မသန်စွမ်းပရိသတ်က အရမ်းကိုပျော်ရွှင်သွားခဲ့ပြီး ဒါက စိတ်ကြည်နူးစရာမြင်ကွင်းဖြစ်ခဲ့တဲ့အပြင် ဒေ့ါမွန်အသင်းကလည်း ဒီအဖြစ်အပျက်ကို သူတို့ရဲ့ တရားဝင် Twitter စာမျက်နှာမှာ Share ခဲ့ပါတယ်။

အဲဒီ Post အောက်မှာ ဘယ်လင်ဂမ်က “ကျွန်တော်တို့တွေဘောလုံးကစားနေရတဲ့ရည်ရွယ်ချက်က ပရိသတ်တွေအတွက်ပဲဖြစ်ပါတယ်။

အခုပွဲမှာ ရလဒ်မကောင်းခဲ့ပေမယ့် နောက်ထပ်ကစားဖို့ပွဲတွေအများကြီးကျန်ပါသေးတယ်”လို့ Comment ရေးသားခဲ့ပါတယ်။

ဒေါ့မွန်အသင်းဟာ ဂျာမန်စူပါဖလားပွဲမှာ အနိုင်မရခဲ့ပေမယ့် အဲဒီမတိုင်ခင် ဘွန်ဒစ်လီဂါရာသီအဖွင့်ပွဲအဖြစ် ဖရန့်ဖတ်နဲ့ကစားခဲ့တဲ့ပွဲမှာ တိုက်စစ်မှူးဟာလန်းရဲ့ခြေစွမ်းပြမှုနဲ့အတူ (၅-၂)ဂိုးနဲ့အနိုင်ရခဲ့ပြီး အမှတ်ပေးဇယားအဆင့်(၃)နေရာမှာ ရပ်တည်နေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi


ပြီးခဲ့တဲ့အင်္ဂါနေ့တုန်းက ဘိုင်ယန်မြူးနစ်အသင်းနဲ့ကစားခဲ့တဲ့ ဂျာမန်စူပါဖလားပွဲမှာ ဒေါ့မွန်အသင်း(၃-၁)ဂိုးနဲ့အရေးနိမ့်ခဲ့ပေမယ့် အသင်းရဲ့အင်္ဂလန်လူငယ်ကွင်းလယ်လူဘယ်လင်ဂမ်ဟာ ဒေါ့မွန်ပရိသတ်တစ်ဦး စိတ်ကြည်နှုးမှုရရှိအောင်ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒေါ့မွန်အသင်းဟာ အခုနှစ်ဂျာမန်စူပါဖလားပွဲကို အိမ်ကွင်းမှာကစားခွင့်ရခဲ့ပေမယ့်လည်း ကိုယ့်ပရိသတ်ရှေ့မှောက်မှာ အကောင်းဆုံးပုံစံမပြသနိုင်ခဲ့ဘဲ လီဝန်ဒေါစကီးရဲ့အဖွင့်ဂိုး၊ ဂိုးသမားကိုဘယ်လ်ရဲ့အမှားကနေ သောမတ်စ်မူလာက ဒုတိယဂိုးသွင်းယူခဲ့ပြီး အသင်းခေါင်းဆောင်မာကိုရွိုက်စ်က ချေပဂိုးပြန်သွင်းခဲ့ပေမယ့် ဒေါ့မွန်အသင်းက အကာနီရဲ့အမှားကနေ လီဝန်ဒေါစကီးက တတိယမြောက်ဂိုးတွေသွင်းယူပြီးတော့ ဂျာမန်စူပါဖလားကိုင်မြှောက်ခွင့်ရရှိခဲ့ပါတယ်။ ပွဲအပြီးမှာ ဒေါ့မွန်အသင်းရဲ့ စိတ်ပျက်စရာကစားပုံကြောင့် ပရိသတ်တွေက လှောင်ပြောင်အော်ဟစ်ခဲ့ကြပေမယ့် ဘယ်လင်ဂမ်ကတော့ ပရိသတ်တစ်ဦး ပျော်ရွှင်မှုရအောင်ဖန်တီးပေးခဲ့တာပဲဖြစ်ပါတယ်။

ဒေါ့မွန်ပရိသတ်တချို့က ကစားသမားတွေကို လက်ခုပ်တီးအားပေးခဲ့ချိန်မှာ ဘယ်လင်ဂမ်ဟာ ပွဲကြည့်စင်နားလျှောက်သွားပြီး သူဝတ်ဆင်ခဲ့တဲ့ဂျာစီကို ကိုယ်ခန္ဓာမသန်စွမ်းတာတောင် ဝှီးချဲလ်နဲ့ အခုပွဲကိုလာရောက်အားပေးခဲ့တဲ့ လူကြီးတစ်ဦးဆီ အမှတ်တရလက်ဆောင်ပေးခဲ့တာပါ။ ဘယ်လင်ဂမ်ဆီကနေ ဂျာစီလက်ဆောင်ရခဲ့တဲ့ မသန်စွမ်းပရိသတ်က အရမ်းကိုပျော်ရွှင်သွားခဲ့ပြီး ဒါက စိတ်ကြည်နူးစရာမြင်ကွင်းဖြစ်ခဲ့တဲ့အပြင် ဒေါ့မွန်အသင်းကလည်း ဒီအဖြစ်အပျက်ကို သူတို့ရဲ့ တရားဝင် Twitter စာမျက်နှာမှာ Share ခဲ့ပါတယ်။
