ဘိုင်ယန်နဲ့ အဆုံးအဖြတ်ပွဲမှာ ဆန်ချို၊ ဟမ်းမဲလ်နဲ့ ဝှစ်ဆဲလ်တို့အားလုံး ပြန်လည်ပါဝင်လာနိုင်

Photo Credit

Photo Credit

ဒဏ်ရာပြဿနာတွေနဲ့ရင်ဆိုင်နေရတဲ့ ဒေ့ါမွန်အသင်းအတွက် သတင်းကောင်းတစ်ရပ်အဖြစ် နည်းပြ ဖာဗရီဟာ အင်္ဂါညမှာ ကစားရမယ့် ဘိုင်ယန်နဲ့အရေးကြီးပွဲမှာ တောင်ပံကစားသမား ဆန်ချို၊ နောက်ခံလူ ဟမ်းမဲလ်နဲ့ ကွင်းလယ်လူ ဝှစ်ဆဲလ်တု့ိ ပါဝင်နိုင်ဖို့ မျှော်လင့်နေပါတယ်။ အင်္ဂလန်လူငယ်ကြယ်ပွင့် ဆန်ချိုဟာ ပွဲတွေပြန်လည်ကစားပြီးနောက် ၂ပွဲဆက် အရန်အဖြစ်သာ ပါဝင်ခွင့်ရနေပြီး ကြွက်သားဒဏ်ရာကြောင့် ရှော်လ်ကေး၊ ဝုဖ်ဘတ်တို့နဲ့ပွဲတွေမှာ အရန်အဖြစ်သာ ကစားနိုင်ခဲ့ပါတယ်။

Photo Credit

ဟမ်းမဲလ်ဟာ ဝုဖ်ဘတ်ကို ဝ-၂ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ဖနောင့်ကြောဒဏ်ရာကြောင့် စောစောစီးစီးလူစားလဲခံခဲ့ရလို့ အသင်းဟောင်းနဲ့ပွဲအတွက် စိုးရိမ်စရာဖြစ်ခဲ့ပေမယ့် နည်းပြဖာဗရီကတော့ အရေးကြီးပွဲမှာ ဟမ်းမဲလ် ပါဝင်ကစားဖို့ ၉၉ ရာခိုင်နှုန်း သေချာနေတယ်လို့ ပြောပါတယ်။ ”ဟမ်းမဲလ်က ပါဝင်ကစားနိုင်လိမ့်မယ်လို့ ထင်ပါတယ်”လို့ ဖာဗရီက ပြောပါတယ်။ ဒေါ့မွန်အတွက် ဒီပွဲမှာအနိုင်ရဖို့ ပိုမိုလိုအပ်နေပြီး ထိပ်ဆုံးက ဘိုင်ယန်နဲ့ ၄ မှတ်ကွာဟနေမှုကို လျှော့ချနိုင်ဖို့ လိုအပ်နေပါတယ်။

Photo Credit

ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ဖာဗရီက ”ဝှစ်ဆဲလ်ဟာ မနေ့က အသင်းနဲ့အတူ ထပ်မံထရိန်နင်ဆင်းနိုင်ခဲ့ပြီး အသင်းရဲ့လူစာရင်းမှာ ပါဝင်လာနိုင်ပါတယ်။ ဆန်ချိုကတော့ ထရိန်နင် သိပ်မဆင်းနိုင်ဘူးဖြစ်နေပါတယ်။ အခု အသင်းနဲ့ ထရိန်နင်ပူးပေါင်းဆင်းနိုင်တာ ၁၀ ရက်ရှိပါပြီ။ သူဟာ ရှော်လ်ကေးနဲ့ပွဲမှာ မိနစ် ၂၀ လောက်ကစားခဲ့ပြီး ဝုဖ်ဘတ်နဲ့ပွဲမှာတော့ နည်းနည်းပိုကြာခဲ့ပါတယ်။ သူကစားတာလည်း ကောင်းမွန်ခဲ့ပါတယ်”

Photo Credit

”သူ တစ်ဖြည်းဖြည်းကြံ့ခိုင်မှုပြည့်လာပြီး ထရိန်နင်မှာလည်း ကောင်းကောင်းလုပ်နိုင်ပါတယ်။ သူ အရင်လိုခြေစွမ်းမျိုးပြန်ရဖို့ နည်းနည်းကြာနေပေမယ့် မရပ်မနားလုပ်ဆောင်နေပါတယ်။ သူ အဲဒီအဆင့်မျိုး ရောက်နေပါပြီ။ ပြဿနာရှိနိုင်တယ်လို့လည်း မထင်ပါဘူး”လို့ ဖာဗရီက ဆက်ပြောပါတယ်။ ဘိုင်ယန်ကလည်း ဒေါ့မွန်လိုပဲ ပြန်ကစားတဲ့ ၂ပွဲစလုံး ဂိုးပြတ်အနိုင်ရခဲ့ပေမယ့် ယူနီယံဘာလင်ကို ဝ-၂ ဂိုးနဲ့အနိုင်ရတဲ့ပွဲမှာ ပုံမှန်ခြေစွမ်းမရခဲ့သလို ဖရန့်ဖတ်ကို ၅-၂ ဂိုးနဲ့အနိုင်ရခဲ့တဲ့ စနေညပွဲမှာလည်း ခံစစ်ပိုင်းအားနည်းချက်တွေ ရှိခဲ့ပါတယ်။

Photo Credit

အစဉ်အလာပိုင်းမှာတော့ ဘိုင်ယန်က အသာရနေပြီး နိုဝင်ဘာလက အိမ်ကွင်းမှာ ဒေါ့မွန်ကို ၄-၀ ဂိုးနဲ့အနိုင်ရထားသလို ယမန်နှစ် ဧပြီလကလည်း ဒေါ့မွန်ကို ၅-၀ ဂိုးနဲ့ပြတ်ပြတ်သားသားအနိုင်ရခဲ့ပါတယ်။ ဖာဗရီကတော့ ပ-အကျော့မှာ ရင်ဆိုင်ခဲ့စဉ်ကထက် လက်ရှိအသင်းက ပိုကောင်းနေပြီဖြစ်ကြောင်း သတိပေးလိုက်ပါတယ်။

Photo Credit

Zawgyi

ဘိုင္ယန္နဲ႔ အဆုံးအျဖတ္ပြဲမွာ ဆန္ခိ်ဳ၊ ဟမ္းမဲလ္နဲ႔ ၀ွစ္ဆဲလ္တို႔အားလုံး ျပန္လည္ပါ၀င္လာႏိုင္

ဒဏ္ရာျပႆနာေတြနဲ႔ရင္ဆုိင္ေနရတဲ့ ေဒ့ါမြန္အသင္းအတြက္ သတင္းေကာင္းတစ္ရပ္အျဖစ္ နည္းျပ ဖာဗရီဟာ အဂၤါညမွာ ကစားရမယ့္ ဘုိင္ယန္နဲ႔အေရးႀကီးပဲြမွာ ေတာင္ပံကစားသမား ဆန္ခ်ိဳ၊ ေနာက္ခံလူ ဟမ္းမဲလ္နဲ႔ ကြင္းလယ္လူ ၀ွစ္ဆဲလ္တု႔ိ ပါ၀င္ႏိုင္ဖို႔ ေမွ်ာ္လင့္ေနပါတယ္။ အဂၤလန္လူငယ္ၾကယ္ပြင့္ ဆန္ခ်ိဳဟာ ပြဲေတြျပန္လည္ကစားၿပီးေနာက္ ၂ပြဲဆက္ အရန္အျဖစ္သာ ပါ၀င္ခြင့္ရေနၿပီး ႂကြက္သားဒဏ္ရာေၾကာင့္ ေရွာ္လ္ေကး၊ ၀ုဖ္ဘတ္တုိ႔နဲ႔ပြဲေတြမွာ အရန္အျဖစ္သာ ကစားႏိုင္ခဲ့ပါတယ္။
ဟမ္းမဲလ္ဟာ ၀ုဖ္ဘတ္ကို ၀-၂ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ ဖေနာင့္ေၾကာဒဏ္ရာေၾကာင့္ ေစာေစာစီးစီးလူစားလဲခံခဲ့ရလုိ႔ အသင္းေဟာင္းနဲ႔ပြဲအတြက္ စိုးရိမ္စရာျဖစ္ခဲ့ေပမယ့္ နည္းျပဖာဗရီကေတာ့ အေရးႀကီးပြဲမွာ ဟမ္းမဲလ္ ပါ၀င္ကစားဖို႔ ၉၉ ရာခုိင္ႏႈန္း ေသခ်ာေနတယ္လုိ႔ ေျပာပါတယ္။ ”ဟမ္းမဲလ္က ပါ၀င္ကစားႏုိင္လိမ့္မယ္လုိ႔ ထင္ပါတယ္”လုိ႔ ဖာဗရီက ေျပာပါတယ္။ ေဒါ့မြန္အတြက္ ဒီပြဲမွာအႏိုင္ရဖို႔ ပိုမိုလိုအပ္ေနၿပီး ထိပ္ဆုံးက ဘိုင္ယန္နဲ႔ ၄ မွတ္ကြာဟေနမႈကို ေလွ်ာ့ခ်ႏိုင္ဖို႔ လုိအပ္ေနပါတယ္။
ပဲြႀကိဳသတင္းစာရွင္းလင္းပြဲမွာ ဖာဗရီက ”၀ွစ္ဆဲလ္ဟာ မေန႔က အသင္းနဲ႔အတူ ထပ္မံထရိန္နင္ဆင္းႏိုင္ခဲ့ၿပီး အသင္းရဲ႕လူစာရင္းမွာ ပါ၀င္လာႏုိင္ပါတယ္။ ဆန္ခ်ိဳကေတာ့ ထရိန္နင္ သိပ္မဆင္းႏိုင္ဘူးျဖစ္ေနပါတယ္။ အခု အသင္းနဲ႔ ထရိန္နင္ပူးေပါင္းဆင္းႏိုင္တာ ၁၀ ရက္ရွိပါၿပီ။ သူဟာ ေရွာ္လ္ေကးနဲ႔ပြဲမွာ မိနစ္ ၂၀ ေလာက္ကစားခဲ့ၿပီး ၀ုဖ္ဘတ္နဲ႔ပြဲမွာေတာ့ နည္းနည္းပိုၾကာခ့ဲပါတယ္။ သူကစားတာလည္း ေကာင္းမြန္ခဲ့ပါတယ္”
”သူ တစ္ျဖည္းျဖည္းႀကံ့ခိုင္မႈျပည့္လာၿပီး ထရိန္နင္မွာလည္း ေကာင္းေကာင္းလုပ္ႏိုင္ပါတယ္။ သူ အရင္လုိေျခစြမ္းမ်ိဳးျပန္ရဖို႔ နည္းနည္းၾကာေနေပမယ့္ မရပ္မနားလုပ္ေဆာင္ေနပါတယ္။ သူ အဲဒီအဆင့္မ်ိဳး ေရာက္ေနပါၿပီ။ ျပႆနာရွိႏုိင္တယ္လုိ႔လည္း မထင္ပါဘူး”လုိ႔ ဖာဗရီက ဆက္ေျပာပါတယ္။ ဘုိင္ယန္ကလည္း ေဒါ့မြန္လုိပဲ ျပန္ကစားတဲ့ ၂ပြဲစလံုး ဂိုးျပတ္အႏိုင္ရခဲ့ေပမယ့္ ယူနီယံဘာလင္ကို ၀-၂ ဂိုးနဲ႔အႏိုင္ရတဲ့ပြဲမွာ ပုံမွန္ေျခစြမ္းမရခဲ့သလို ဖရန္႔ဖတ္ကို ၅-၂ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ စေနညပြဲမွာလည္း ခံစစ္ပိုင္းအားနည္းခ်က္ေတြ ရွိခဲ့ပါတယ္။
အစဥ္အလာပိုင္းမွာေတာ့ ဘုိင္ယန္က အသာရေနၿပီး ႏို၀င္ဘာလက အိမ္ကြင္းမွာ ေဒါ့မြန္ကို ၄-၀ ဂိုးနဲ႔အႏုိင္ရထားသလို ယမန္ႏွစ္ ဧၿပီလကလည္း ေဒါ့မြန္ကို ၅-၀ ဂိုးနဲ႔ျပတ္ျပတ္သားသားအႏုိင္ရခဲ့ပါတယ္။ ဖာဗရီကေတာ့ ပ-အေက်ာ့မွာ ရင္ဆိုင္ခဲ့စဥ္ကထက္ လက္ရွိအသင္းက ပိုေကာင္းေနၿပီျဖစ္ေၾကာင္း သတိေပးလိုက္ပါတယ္။