ဘိုင်ယန်က ရက်စက်လွန်းတဲ့သင်ခန်းစာပေးသွားတယ်လို့ လမ်းပတ်ဝန်ခံ

Photo- Internet
Photo- Internet

ချဲလ်ဆီးအသင်းနည်းပြ ဖရန့်လမ်းပတ်က သူတို့ကိုဘိုင်ယန်မြူးနစ်က ရက်စက်လွန်းတဲ့သင်ခန်းစာပေးသွားတယ်လို့ ဝန်ခံလိုက်ပါတယ်။ ချဲလ်ဆီးဟာ မနေ့ညက ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့အိမ်ကွင်းပွဲစဉ်မှာ ဘိုင်ယန်ကို ၃-၀ နဲ့မရူှုမလှရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။

ဒါဟာချဲလ်ဆီးအတွက်တော့ ဥရောပအဆင့်မှာအဆိုးဆုံးအိမ်ကွင်းရှုံးပွဲလည်းဖြစ်ခဲ့ရပါတယ်။ ဒါ့အပြင် ဒုတိယအကျော့ ဂျာမန်မြေမှာသွားကစားရမှာဖြစ်လို့ ဒီရလဒ်ကိုပြန်ပြောင်းစေဖို့ လွယ်ကူမှာမဟုတ်တော့လို့ သူတို့ရဲ့ချန်ပီယံလိဂ်ခရီးဟာ ၁၆ သင်းအဆင့်နဲ့တင်ရပ်တန့်ဖို့ သေချာသလောက်ရှိနေပြီဖြစ်ပါတယ်။

Photo- Internet

ဒီပွဲမှာ ချဲလ်ဆီးရဲ့လူငယ်တွေဟာ အတွေ့အကြုံရင့်ကျက်တဲ့ ဘိုင်ယန်ကိုလုံးဝမယှဉ်နိုင်ခဲ့ပါဘူး။ ဘိုင်ယန်အတွက် ဂိုးတွေကိုအာဆင်နယ်တိုက်စစ်မှူးဟောင်း ဂနာဘရီက ၂ ဂိုးနဲ့ လီဝန်ဒေါစကီးတို့က တစ်ဂိုးစီသွင်းယူခဲ့ကြတာဖြစ်ပါတယ်။ ဂနာဘရီဟာ အုပ်စုအဆင့်မှာ စပါးကိုအဝေးကွင်းမှာ ၇-၂ နဲ့နိုင်တုန်းကလည်း ၄ ဂိုးသွင်းယူခဲ့သေးလို့ လန်ဒန်မြေဟာသူ့အတွက်တော့ အောင်မြေလိုဖြစ်ခဲ့တာပါ။

Photo- Internet

လမ်းပတ်က”ဒီလိုအဆင့်မှာ ဘိုင်ယန်ဟာသူတို့ဘာလဲဆိုတာကို ပြသသွားခဲ့တာပါ။ သူတို့ရဲ့စွမ်းဆောင်ရည်က သိပ်ကိုအံအားသင့်စရာလည်းကောင်းပါတယ်။ ဒါဟာတကယ်ခံစားလိုက်ရတဲ့ ရက်စက်လွန်းတဲ့ သင်ခန်းစာလည်းဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့စွမ်းဆောင်ရည်ကလည်းသိပ်ကို ဆိုးရွားလွန်းခဲ့ပါတယ်။

Photo- Internet

ဒီပွဲမှာ ကျွန်တော်တို့တွေ အခုထက်ပိုပြီးစွမ်းဆောင်နိုင်ခဲ့ခြင်း မရှိတာကိုလည်းစိတ်ပျက်ရပါတယ်။ ဒါပေမယ့် အဆင့်ခြင်းကွားလွန်းတယ်ဆိုတာကိုတော့ လက်ခံရပါမယ်။ ဘောလုံးပေးတဲ့အခါမှာဘိုင်ယန်က ဘယ်လောက်သာလွန်သလဲဆိုတာကိုလည်း တွေ့ခဲ့ရပါတယ်” လို့ပြောသွားပါတယ်။

Photo- Internet

Zawgyi

ဘိုင္ယန္က ရက္စက္လြန္းတဲ႔သင္ခန္းစာေပးသြားတယ္လို႔ လမ္းပတ္၀န္ခံ

ခ်ဲလ္ဆီးအသင္းနည္းျပ ဖရန္႔လမ္းပတ္က သူတို႔ကိုဘိုင္ယန္ျမဴးနစ္က ရက္စက္လြန္းတဲ႔သင္ခန္းစာေပးသြားတယ္လို႔ ၀န္ခံလိုက္ပါတယ္။ ခ်ဲလ္ဆီးဟာ မေန႔ညက ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ ပထမအေက်ာ႔အိမ္ကြင္းပြဲစဥ္မွာ ဘိုင္ယန္ကို ၃-၀ နဲ႔မရူႈမလွရႈံးနိမ့္ခဲ့ရတာျဖစ္ပါတယ္။

ဒါဟာခ်ဲလ္ဆီးအတြက္ေတာ႔ ဥေရာပအဆင့္မွာအဆိုးဆုံးအိမ္ကြင္းရႈံးပြဲလည္းျဖစ္ခဲ့ရပါတယ္။ ဒါ့အျပင္ ဒုတိယအေက်ာ႔ ဂ်ာမန္ေျမမွာသြားကစားရမွာျဖစ္လို႔ ဒီရလဒ္ကိုျပန္ေျပာင္းေစဖို႔ လြယ္ကူမွာမဟုတ္ေတာ႔လို႔ သူတို႔ရဲ႕ခ်န္ပီယံလိဂ္ခရီးဟာ ၁၆ သင္းအဆင့္နဲ႔တင္ရပ္တန္႔ဖို႔ ေသခ်ာသေလာက္ရွိေနၿပီျဖစ္ပါတယ္။

ဒီပြဲမွာ ခ်ဲလ္ဆီးရဲ႕လူငယ္ေတြဟာ အေတြ႔အႀကံဳရင့္က်က္တဲ႔ ဘ္ိုင္ယန္ကိုလုံး၀မယွဥ္ႏိုင္ခဲ့ပါဘူး။ ဘိုင္ယန္အတြက္ ဂိုးေတြကိုအာဆင္နယ္တိုက္စစ္မွဴးေဟာင္း ဂနာဘရီက ၂ ဂိုးနဲ႔ လီ၀န္ေဒါစကီးတို႔က တစ္ဂိုးစီသြင္းယူခဲ့ၾကတာျဖစ္ပါတယ္။ ဂနာဘရီဟာ အုပ္စုအဆင့္မွာ စပါးကိုအေ၀းကြင္းမွာ ၇-၂ နဲ႔ႏိုင္တုန္းကလည္း ၄ ဂိုးသြင္းယူခဲ့ေသးလို႔ လန္ဒန္ေျမဟာသူ႔အတြက္ေတာ႔ ေအာင္ေျမလိုျဖစ္ခဲ့တာပါ။

လမ္းပတ္က”ဒီလိုအဆင့္မွာ ဘုိင္ယန္ဟာသူတို႔ဘာလဲဆိုတာကို ျပသသြားခဲ့တာပါ။ သူတို႔ရဲ႕စြမ္းေဆာင္ရည္က သိပ္ကိုအံအားသင့္စရာလည္းေကာင္းပါတယ္။ ဒါဟာတကယ္ခံစားလိုက္ရတဲ႔ ရက္စက္လြန္းတဲ႔ သင္ခန္းစာလည္းျဖစ္ပါတယ္။ က်ြန္ေတာ္တို႔ရဲ႕စြမ္းေဆာင္ရည္ကလည္းသိပ္ကို ဆိုးရြားလြန္းခဲ့ပါတယ္။

ဒီပြဲမွာ က်ြန္ေတာ္တို႔ေတြ အခုထက္ပိုၿပီးစြမ္းေဆာင္ႏိုင္ခဲ့ျခင္း မရွိတာကိုလည္းစိတ္ပ်က္ရပါတယ္။ ဒါေပမယ္႔ အဆင့္ျခင္းကြားလြန္းတယ္ဆိုတာကိုေတာ႔ လက္ခံရပါမယ္။ ေဘာလုံးေပးတဲ႔အခါမွာဘိုင္ယန္က ဘယ္ေလာက္သာလြန္သလဲဆိုတာကိုလည္း ေတြ႔ခဲ့ရပါတယ္” လို႔ေျပာသြားပါတယ္။