ဘိုင်ယန်ကိုပြောင်းမယ့် ဂိုးသမားနူဘယ်ကို အသင်းခေါင်းဆောင်အဖြစ်ကနေ ရှော်ကေးရုပ်သိမ်း

Photo- Internet
Photo- Internet

ရှော်ကေးအသင်းနည်းပြ ဒေးဗစ်ဝက်ဂ်နာက ရာသီကုန်ရင်ဘိုင်ယန်မြူ းနစ်အသင်းကိုပြောင်းတော့မယ့် ဂိုးသမားနူဘယ်ကို အသင်းခေါင်းဆောင်အဖြစ် ဆက်လက်ခန့်အပ်တော့မှာမဟုတ်ဖူးလို့ ပြောလိုက်ပါတယ်။ အသက် ၂၃ နှစ်ရှိတဲ့ နူဘယ်ဟာ ဒီရာသီမှာအသင်းခေါင်းဆောင်အဖြစ် ရှော်ကေးကို ဦးဆောင်ခဲ့တာဖြစ်ပါတယ်။

လက်စွမ်းကောင်းမွန်ပြီး ဂျာမနီရဲ့အနာဂတ်အဖြစ်သတ်မှတ်ခံထားရတဲ့ နူဘယ်ဟာ ရာသီကုန်ရင်ရှော်ကေးနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမယ့်သူဖြစ်ပြီး ပြီးခဲ့တဲ့စနေနေ့က ဘိုင်ယန်မြူ းနစ်ကိုအလွတ်ကြေးနဲ့ပြောင်းရွှေ့ဖို့ သဘောတူညီချက်ရခဲ့သူဖြစ်ပါတယ်။ သူဟာဘိုင်ယန်နဲ့ ၅ နှစ်စာချုပ်ကိုလက်မှတ်ရေးထိုးမှာဖြစ်ပြီး လာမယ့်ဇူလိုင် ၁ မှာတရားဝင်ပြောင်းရွေ့မှာဖြစ်ပါတယ်။

Photo- Internet

ဘိုင်ယန်မြူ းနစ်ဟာအသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့ လက်ရှိဂိုးသမား နူအာရဲ့နေရာမှရေရှည်အစားထိုးဖို့အတွက် နူဘယ်ကိုခေါ်ယူလိုက်တာလည်းဖြစ်ပါတယ်။ နူဘယ်ဟာ ရှော်ကေးနဲ့ စာချုပ်သစ်မချုပ်တော့ဘူးဆိုကတည်းက ဘိုင်ယန်ကိုပြောင်းလိမ့်မယ်လို့ အားလုံးကခန့်မှန်းထားကြပြီးဖြစ်ပါတယ်။

Photo- Internet

ရှော်ကေးနည်းပြ ဝက်ဂ်နာက”နူဘယ်ဟာအခြားအသင်းတစ်ခုနဲ့ ချည်နှော်င်မှုရှိသွားပြီဖြစ်လို့ သူ့ကိုအသင်းခေါင်းဆောင်အဖြစ်ဆက်မထားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါကိုသူကလည်းလက်သင့်ခံခဲ့ပါတယ်။ အခုဆုံးဖြတ်ချက်ဟာ အသင်းမှာမလိုအပ်တဲ့မငြိမ်သက်မှုတွေဖြစ်မလာအောင် တားပေးနိုင်မယ်လို့လည်း ယုံကြည်ပါတယ်။

Photo- Internet

သူဟာ အသင်းခေါင်းဆောင်မဖြစ်တော့ပေမယ့်လည်း ဒီမှာရှိတဲ့အချိန်တွေမှာ အရေးပါတဲ့သူအဖြစ်ဆက်ရှိနေဦးမှာပါ။”လို့ပြောသွားပါတယ်။ ဒါ့အပြင် ဝက်ဂ်နာက နူဘယ်ရဲ့နေရာမှာအစားထိုးမယ့်သူခေါ်မှာမဟုတ်ဘဲ နော်ဝစ်ချ်ကိုအငှားချထားတဲ့ ဖာမန်းနဲ့ ဂျာမနီယူ-၂၁ လက်ရွေးစင် မားကပ်စ်ရှူ းဘတ်တို့ှက နူဘယ်နေရာမှာအစားဝင်နိုင်မယ်လို့လည်း ပြောသွားပါတယ်။

Photo- Internet

Zawgyi

ဘိုင္ယန္ကိုေျပာင္းမယ္႔ ဂိုးသမားႏူဘယ္ကို အသင္းေခါင္းေဆာင္အျဖစ္ကေန ေရွာ္ေကးရုပ္သိမ္း

ေရွာ္ေကးအသင္းနည္းျပ ေဒးဗစ္၀က္ဂ္နာက ရာသီကုန္ရင္ဘိုင္ယန္ျမဴ းနစ္အသင္းကိုေျပာင္းေတာ႔မယ္႔ ဂိုးသမားႏူဘယ္ကို အသင္းေခါင္းေဆာင္အျဖစ္ ဆက္လက္ခန္႔အပ္ေတာ႔မွာမဟုတ္ဖူးလို႔ ေျပာလိုက္ပါတယ္။ အသက္ ၂၃ ႏွစ္ရွိတဲ႔ ႏူဘယ္ဟာ ဒီရာသီမွာအသင္းေခါင္းေဆာင္အျဖစ္ ေရွာ္ေကးကို ဦးေဆာင္ခဲ့တာျဖစ္ပါတယ္။

လက္စြမ္းေကာင္းမြန္ၿပီး ဂ်ာမနီရဲ႕အနာဂတ္အျဖစ္သတ္မွတ္ခံထားရတဲ႔ ႏူဘယ္ဟာ ရာသီကုန္ရင္ေရွာ္ေကးနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ္႔သူျဖစ္ၿပီး ၿပီးခဲ့တဲ႔စေနေန႔က ဘိုင္ယန္ျမဴ းနစ္ကိုအလြတ္ေၾကးနဲ႔ေျပာင္းေရႊ႕ဖို႔ သေဘာတူညီခ်က္ရခဲ့သူျဖစ္ပါတယ္။ သူဟာဘုိင္ယန္နဲ႔ ၅ ႏွစ္စာခ်ဳပ္ကိုလက္မွတ္ေရးထိုးမွာျဖစ္ၿပီး လာမယ္႔ဇူလိုင္ ၁ မွာတရား၀င္ေျပာင္းေရြ႕မွာျဖစ္ပါတယ္။

ဘိုင္ယန္ျမဴ းနစ္ဟာအသက္ ၃၂ ႏွစ္ရွိၿပီျဖစ္တဲ႔ လက္ရွိဂိုးသမား ႏူအာရဲ႕ေနရာမွေရရွည္အစားထိုးဖို႔အတြက္ ႏူဘယ္ကိုေခၚယူလိုက္တာလည္းျဖစ္ပါတယ္။ ႏူဘယ္ဟာ ေရွာ္ေကးနဲ႔ စာခ်ဳပ္သစ္မခ်ဳပ္ေတာ႔ဘူးဆိုကတည္းက ဘိုင္ယန္ကိုေျပာင္းလိမ့္မယ္လို႔ အားလုံးကခန္႔မွန္းထားၾကၿပီးျဖစ္ပါတယ္။

ေရွာ္ေကးနည္းျပ ၀က္ဂ္နာက”ႏူဘယ္ဟာအျခားအသငး္တစ္ခုနဲ႔ ခ်ည္ေႏွာ္င္မႈရွိသြားၿပီျဖစ္လို႔ သူ႔ကိုအသင္းေခါင္းေဆာင္အျဖစ္ဆက္မထားဖို႔ ဆုံးျဖတ္လိုက္ပါတယ္။ ဒါကိုသူကလည္းလက္သင့္ခံခဲ့ပါတယ္။ အခုဆုံးျဖတ္ခ်က္ဟာ အသင္းမွာမလိုအပ္တဲ႔မၿငိမ္သက္မႈေတြျဖစ္မလာေအာင္ တားေပးႏိုင္မယ္လို႔လည္း ယုံၾကည္ပါတယ္။

သူဟာ အသင္းေခါင္းေဆာင္မျဖစ္ေတာ႔ေပမယ္႔လည္း ဒီမွာရွိတဲ႔အခ်ိန္ေတြမွာ အေရးပါတဲ႔သူအျဖစ္ဆက္ရွိေနဦးမွာပါ။”လို႔ေျပာသြားပါတယ္။ ဒါ့အျပင္ ၀က္ဂ္နာက ႏူဘယ္ရဲ႕ေနရာမွာအစားထိုးမယ္႔သူေခၚမွာမဟုတ္ဘဲ ေနာ္၀စ္ခ်္ကိုအငွားခ်ထားတဲ႔ ဖာမန္းနဲ႔ ဂ်ာမနီယူ-၂၁ လက္ေရြးစင္ မားကပ္စ္ရွဴ းဘတ္တို႔ွက ႏူဘယ္ေနရာမွာအစား၀င္ႏိုင္မယ္လို႔လည္း ေျပာသြားပါတယ္။