ဘိုင်ယန်ကနေ သေချာပေါက်ထွက်မယ့် လီဝန်ဒေါ့စကီး ဘယ်အသင်းဆီ ရောက်မလဲ?

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘိုင်ယန်မြူးနစ်အသင်းရဲ့ အဓိက တိုက်စစ်မှူး ရော်ဘတ် လီဝန်ဒေါ့စကီးဟာ ဘိုင်ယန်မြူးနစ်အသင်း ကနေ ထွက်ခွာဖို့ အတွက် ဆုံးဖြတ်လိုက်ပါပြီ။

လီဝန်ဒေါ့စကီးဟာစိန်ခေါ်မှုသစ်ရင်ဆိုင်ရန်နွေရာသီအပြောင်းအရွှေ့ကာလအတွင်းတွင်ကလပ်သစ်ပြောင်းရွှေ့လိုနေတာပါ။

အသက် ၃၃နှစ် အရွယ် ပိုလန် လက်ရွေးစင် တိုက်စစ်မှူး ဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပြီး နောက်ဆုံး ၂ရာသီ အတွင်း သွင်းဂိုး ၁၀၃ဂိုး အထိ သွင်းယူနိုင်ခဲ့သလို ယခုနှစ် ဘောလုံးရာသီမှာလည်း ၂ပွဲ ကစားထားရာ သွင်းဂိုး ၃ဂိုး အထိ သွင်းနိုင်ခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်ကတော့အသင်းရဲ့အဓိကဂိုးသွင်းရှင်အတွက်ပြောင်းရွှေ့ကြေးအနည်းဆုံးပေါင်သန်း၁၀၀အထိရရှိလိုနေပါတယ်။

လီဝန်ဒေါ့စကီးဟာဘိုင်ယန်မြူးနစ်နှင့်၂နှစ်စာချုပ်ကျန်နေသေးသူဖြစ်ပြီးစာချုပ်ကုန်ချိန်တွင်အသက်၃၅နှစ်အထိရှိလာမှာ ဖြစ်ပြီး၊ အခြားဥရောပထိပ်သီးကလပ်တစ်ခုတွင်စိန်ခေါ်မှုသစ်ရင်ဆိုင်ဖို့ အတွက် အသက်အရွယ်က သိပ်ဟန်တဲ့ အနေအထားတော့ မဟုတ်ပါဘူး။

လက်ရှိမှာတော့ လီဝန်ဒေါ့စကီးကို ခေါ်ယူနိုင်ဖို့ အတွက် ထိပ်တန်း တိုက်စစ်မှူး တစ်ဦးကို လိုက်လံ ရှာဖွေနေတဲ့ သူ့ရဲ့ ဆရာဟောင်း ဂွာဒီယိုလာ ရှိရာ မန်စီးတီးအသင်းက ရေပန်းအစားဆုံး ဖြစ်နေပြီး

မန်စီးတီးအသင်းဟာ ဟယ်ရီကိန်းကို ခေါ်ယူဖို့ ခက်ခဲနေတာကြောင့် လီဝန်ဒေါ့စကီးကို ခေါ်ယူဖို့ စတင် ချိတ်ဆက်နေတယ်လို့ သိရပါတယ်။

လီဝန်ဒေါ့စကီးဟာကစားသမားဘဝအတွင်းတွင်ကလပ်ပွဲပေါင်း၇၀၀ကစားထားရာမှာ၄၈၉ဂိုးသွင်းယူထားပြီးပိုလန်အတွက်နိုင်ငံတကာဂိုး၆၉ဂိုးသွင်းယူထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဘိုင္ယန္ကေန ေသခ်ာေပါက္ထြက္မယ့္ လီဝန္ေဒါ့စကီး ဘယ္အသင္းဆီ ေရာက္မလဲ?

ဘိုင္ယန္ျမဴးနစ္အသင္းရဲ႕ အဓိက တိုက္စစ္မႉး ေရာ္ဘတ္ လီဝန္ေဒါ့စကီးဟာ ဘိုင္ယန္ျမဴးနစ္အသင္း ကေန ထြက္ခြာဖို႔ အတြက္ ဆုံးျဖတ္လိုက္ပါၿပီ။ လီဝန္ေဒါ့စကီးဟာစိန္ေခၚမႈသစ္ရင္ဆိုင္ရန္ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလအတြင္းတြင္ကလပ္သစ္ေျပာင္းေ႐ႊ႕လိုေနတာပါ။

အသက္ ၃၃ႏွစ္ အ႐ြယ္ ပိုလန္ လက္ေ႐ြးစင္ တိုက္စစ္မႉး ဟာ လက္ရွိ ကမာၻ႔အေကာင္းဆုံး တိုက္စစ္မႉး အျဖစ္ သတ္မွတ္ခံထားရသူ ျဖစ္ၿပီး ေနာက္ဆုံး ၂ရာသီ အတြင္း သြင္းဂိုး ၁၀၃ဂိုး အထိ သြင္းယူႏိုင္ခဲ့သလို ယခုႏွစ္ ေဘာလုံးရာသီမွာလည္း ၂ပြဲ ကစားထားရာ သြင္းဂိုး ၃ဂိုး အထိ သြင္းႏိုင္ခဲ့ပါတယ္။ဘိုင္ယန္ျမဴးနစ္ကေတာ့အသင္းရဲ႕အဓိကဂိုးသြင္းရွင္အတြက္ေျပာင္းေ႐ႊ႕ေၾကးအနည္းဆုံးေပါင္သန္း၁၀၀အထိရရွိလိုေနပါတယ္။

လီဝန္ေဒါ့စကီးဟာဘိုင္ယန္ျမဴးနစ္ႏွင့္၂ႏွစ္စာခ်ဳပ္က်န္ေနေသးသူျဖစ္ၿပီးစာခ်ဳပ္ကုန္ခ်ိန္တြင္အသက္၃၅ႏွစ္အထိရွိလာမွာ ျဖစ္ၿပီး၊ အျခားဥေရာပထိပ္သီးကလပ္တစ္ခုတြင္စိန္ေခၚမႈသစ္ရင္ဆိုင္ဖို႔ အတြက္ အသက္အ႐ြယ္က သိပ္ဟန္တဲ့ အေနအထားေတာ့ မဟုတ္ပါဘူး။

လက္ရွိမွာေတာ့ လီဝန္ေဒါ့စကီးကို ေခၚယူႏိုင္ဖို႔ အတြက္ ထိပ္တန္း တိုက္စစ္မႉး တစ္ဦးကို လိုက္လံ ရွာေဖြေနတဲ့ သူ႔ရဲ႕ ဆရာေဟာင္း ဂြာဒီယိုလာ ရွိရာ မန္စီးတီးအသင္းက ေရပန္းအစားဆုံး ျဖစ္ေနၿပီး မန္စီးတီးအသင္းဟာ ဟယ္ရီကိန္းကို ေခၚယူဖို႔ ခက္ခဲေနတာေၾကာင့္ လီဝန္ေဒါ့စကီးကို ေခၚယူဖို႔ စတင္ ခ်ိတ္ဆက္ေနတယ္လို႔ သိရပါတယ္။

လီဝန္ေဒါ့စကီးဟာကစားသမားဘဝအတြင္းတြင္ကလပ္ပြဲေပါင္း၇၀၀ကစားထားရာမွာ၄၈၉ဂိုးသြင္းယူထားၿပီးပိုလန္အတြက္ႏိုင္ငံတကာဂိုး၆၉ဂိုးသြင္းယူထားပါတယ္။