ဘိုင်ယန်ကနေထွက်တော့မယ့် ဟန်ဆီဖလစ်နေရာကို ဘယ်သူတွေဝင်ယူနိုင်လဲ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘိုင်ယန်မြူးနစ်အသင်းကို ယာယီနည်းပြအဖြစ် ကိုင်တွယ်ခဲ့ရင်းနဲ့ အသင်းကို ပိုမိုကောင်းမွန်အောင် ကြိုးစားအားထုတ်ခဲ့တာကြောင့် အသင်းရဲ့ အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရတဲ့ နည်းပြ ဟန်ဆီဖလစ်ကတော့ သူ့အနေနဲ့ ရာသီအကုန်မှာ ဘိုင်ယန်အသင်းကနေ ထွက်ခွာတော့မှာဖြစ်ကြောင်း အသိပေးပြောဆိုလာခဲ့ပါတယ်။

အသက်(၅၆)နှစ်အရွယ် ဂျာမန်လူမျိုးနည်းပြ ဟန်ဆီဖလစ်ဟာ ဘိုင်ယန်မြူးနစ်အသင်းကို ပြီးခဲ့တဲ့ ၂၀၂ဝခုနှစ် နိုဝင်ဘာလမှာ စတင်တာဝန်ယူခဲ့ရတာဖြစ်ပြီး၊ ဘွန်ဒက်စ်လီဂါ၊ ပိုကယ်ဖလားနှင့် ချန်ပီယံလိဂ်ဆုဖလားများကို ဘိုင်ယန်မြူးနစ်အသင်းအတွက် ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။ ဖလစ်ဟာ ၂၀၂၃ ခုနှစ်အထိ အသင်းနှင့် စာချုပ်သက်တမ်းရှိပါတယ်။

စနေနေ့က ဝုဖ်ဘတ်ကို ၃-၂ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲအပြီးတွင် ဖလစ်က”ကျွန်တော် နွေရာသီကျရင် ရာထူးကနေ နုတ်ထွက်ချင်တယ်လို့ အသင်းကို ထုတ်ပြောပြီးပါပြီ။ ပဲရစ်မှာ ကစားခဲ့ရတဲ့ ပွဲစဉ်အပြီးမှာပဲ ဒီနှစ်ဘောလုံးရာသီအကုန်မှာ ကျွန်တော်နဲ့အသင်းတို့ရဲ့ကြား ချုပ်ဆိုထားခဲ့တဲ့ စာချုပ်ကို အဆုံးသတ်သွားချင်တယ်လို့ အသင်းဘက်ကို အသိပေးပြောဆိုခဲ့သလို ကစားသမားတွေကိုလည်း ကျွန်တော်ပြောပြဖြစ်ခဲ့ပါတယ်။”

“အဲဒီအကြောင်းကို အသင်းဘက်ကနေ သိရှိထားဖို့က အရေးကြီးပါတယ်။ အသင်းဘက်ကနေလည်း ကျွန်တော့်ရဲ့ တောင်းဆိုမှုကို လိုက်လျောပေးခဲ့တဲ့အတွက် အရမ်းကို ကျေးဇူးတင်ပါတယ်။ အခုလိုကစားသမားတွေကို ကိုင်တွယ်ခွင့်ရတဲ့အတွက် ဘိုင်ယန်မြူးနစ်ကိုလည်း ကျေးဇူးတင်ရမှာပါ” လို့ ပြောဆိုပါတယ်။

ဘိုင်ယန် ဟာ ဘွန်ဒက်စ်လီဂါချန်ပီယံဆုကို ဆွတ်ခူးဖို့ အခြေအနေကောင်းနေဆဲဖြစ်ပါတယ်။
ဖလစ် ထွက်ခွာတော့မှာဖြစ်တာကြောင့် ဘိုင်ယန်အသင်းသားများစွာကတော့ စိတ်မကောင်းဖြစ်နေကြပါတယ်။ သတင်းတွေအရ ဖလစ်ဟာ ဂျာမန်လက်ရွေးစင်အသင်းရဲ့ နည်းပြတစ်ယောက် ဖြစ်လာနိုင်ဖွယ် ရှိနေပါတယ်။

ဖလစ်နေရာကို ဆက်ခံဖို့ ရေပန်းစားနေတဲ့ သူတွေကတော့ လိုက်ပ်ဇစ်နည်းပြ ဂျူလီယန်နာဂယ်စ်မန်း၊ ဂျာမန်လက်ရွေးစင်အသင်းနှင့် ၂၀၁၄ ကမ္ဘာ့ဖလားရရှိထားခဲ့တဲ့ ဂျိုချင်လော၊ ဖလစ်၏လက်ထောက် ကလိုဆေးတို့ဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဘိုင္ယန္ကေနထြက္ေတာ့မယ့္ ဟန္ဆီဖလစ္ေနရာကို ဘယ္သူေတြဝင္ယူႏိုင္လဲ

ဘိုင္ယန္ျမဴးနစ္အသင္းကို ယာယီနည္းျပအျဖစ္ ကိုင္တြယ္ခဲ့ရင္းနဲ႔ အသင္းကို ပိုမိုေကာင္းမြန္ေအာင္ ႀကိဳးစားအားထုတ္ခဲ့တာေၾကာင့္ အသင္းရဲ႕ အၿမဲတမ္းနည္းျပအျဖစ္ ခန႔္အပ္ခံခဲ့ရတဲ့ နည္းျပ ဟန္ဆီဖလစ္ကေတာ့ သူ႔အေနနဲ႔ ရာသီအကုန္မွာ ဘိုင္ယန္အသင္းကေန ထြက္ခြာေတာ့မွာျဖစ္ေၾကာင္း အသိေပးေျပာဆိုလာခဲ့ပါတယ္။

အသက္(၅၆)ႏွစ္အ႐ြယ္ ဂ်ာမန္လူမ်ိဳးနည္းျပ ဟန္ဆီဖလစ္ဟာ ဘိုင္ယန္ျမဴးနစ္အသင္းကို ၿပီးခဲ့တဲ့ ၂၀၂ဝခုႏွစ္ ႏိုဝင္ဘာလမွာ စတင္တာဝန္ယူခဲ့ရတာျဖစ္ၿပီး၊ ဘြန္ဒက္စ္လီဂါ၊ ပိုကယ္ဖလားႏွင့္ ခ်န္ပီယံလိဂ္ဆုဖလားမ်ားကို ဘိုင္ယန္ျမဴးနစ္အသင္းအတြက္ ဆြတ္ခူးေပးႏိုင္ခဲ့ပါတယ္။ ဖလစ္ဟာ ၂၀၂၃ ခုႏွစ္အထိ အသင္းႏွင့္ စာခ်ဳပ္သက္တမ္းရွိပါတယ္။

စေနေန႔က ဝုဖ္ဘတ္ကို ၃-၂ နဲ႔ အႏိုင္ရရွိခဲ့တဲ့ ပြဲအၿပီးတြင္ ဖလစ္က”ကြၽန္ေတာ္ ေႏြရာသီက်ရင္ ရာထူးကေန ႏုတ္ထြက္ခ်င္တယ္လို႔ အသင္းကို ထုတ္ေျပာၿပီးပါၿပီ။ ပဲရစ္မွာ ကစားခဲ့ရတဲ့ ပြဲစဥ္အၿပီးမွာပဲ ဒီႏွစ္ေဘာလုံးရာသီအကုန္မွာ ကြၽန္ေတာ္နဲ႔အသင္းတို႔ရဲ႕ၾကား ခ်ဳပ္ဆိုထားခဲ့တဲ့ စာခ်ဳပ္ကို အဆုံးသတ္သြားခ်င္တယ္လို႔ အသင္းဘက္ကို အသိေပးေျပာဆိုခဲ့သလို ကစားသမားေတြကိုလည္း ကြၽန္ေတာ္ေျပာျပျဖစ္ခဲ့ပါတယ္။”

“အဲဒီအေၾကာင္းကို အသင္းဘက္ကေန သိရွိထားဖို႔က အေရးႀကီးပါတယ္။ အသင္းဘက္ကေနလည္း ကြၽန္ေတာ့္ရဲ႕ ေတာင္းဆိုမႈကို လိုက္ေလ်ာေပးခဲ့တဲ့အတြက္ အရမ္းကို ေက်းဇူးတင္ပါတယ္။ အခုလိုကစားသမားေတြကို ကိုင္တြယ္ခြင့္ရတဲ့အတြက္ ဘိုင္ယန္ျမဴးနစ္ကိုလည္း ေက်းဇူးတင္ရမွာပါ” လို႔ ေျပာဆိုပါတယ္။

ဘိုင္ယန္ ဟာ ဘြန္ဒက္စ္လီဂါခ်န္ပီယံဆုကို ဆြတ္ခူးဖို႔ အေျခအေနေကာင္းေနဆဲျဖစ္ပါတယ္။
ဖလစ္ ထြက္ခြာေတာ့မွာျဖစ္တာေၾကာင့္ ဘိုင္ယန္အသင္းသားမ်ားစြာကေတာ့ စိတ္မေကာင္းျဖစ္ေနၾကပါတယ္။ သတင္းေတြအရ ဖလစ္ဟာ ဂ်ာမန္လက္ေ႐ြးစင္အသင္းရဲ႕ နည္းျပတစ္ေယာက္ ျဖစ္လာႏိုင္ဖြယ္ ရွိေနပါတယ္။

ဖလစ္ေနရာကို ဆက္ခံဖို႔ ေရပန္းစားေနတဲ့ သူေတြကေတာ့ လိုက္ပ္ဇစ္နည္းျပ ဂ်ဴလီယန္နာဂယ္စ္မန္း၊ ဂ်ာမန္လက္ေ႐ြးစင္အသင္းႏွင့္ ၂၀၁၄ ကမာၻ႔ဖလားရရွိထားခဲ့တဲ့ ဂ်ိဳခ်င္ေလာ၊ ဖလစ္၏လက္ေထာက္ ကလိုေဆးတို႔ျဖစ္ပါတယ္။