ဘိုကေအတိုဆို မကြိုက်ဘဲ ဆံရှည်ထားရတာပဲကြိုက်တဲ့ ကာဗာနီ
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ဘောလုံးသမားတွေအတွက် ဆံပင်ကေကလည်း အရေးပါပါတယ်။
ဒါကြောင့်လည်း သူ့ထက်ငါ ကေထင်ရှားအောင် လုပ်တတ်တဲ့ ကစားသမားတွေရှိပါတယ်။
ယူနိုက်တက်က ဝါရင့်တိုက်စစ်မှူး ကာဗာနီကလည်း ဆံပင်ကေနဲ့ ပတ်သက်ပြီး အစွဲရှိပါတယ်။
သတင်းထောက် – ” အက်ဒီရေ ခင်ဗျားဆံပင်မညှပ်တော့ဘူးလား ”
ကာဗာနီ – ” ဒီမေးခွန်းက ခဏခဏအမေးခံရတဲ့ မေးခွန်းပဲ။ သူငယ်ချင်းတွေနဲ့ ကျွန်တော့်မိသားစုဝင်တွေကြားကနေ အမြဲကြားနေရတဲ့မေးခွန်းပေါ့။ ”
“နင့်ကိုနင် ဆံပင်အတိုနဲ့ရောမြင်ဖူးရဲ့လား?”
“အက်ဒီရေ! ဆံပင်အတိုညှပ်ဖို့ရောစိတ်ကူးဖူးရဲ့လား?”အဲသလို မေးကြတာပါ။”
“ဒီဆံပင်ပုံစံက ၁၅ နှစ်သားကတည်းက ထားလာတာဗျ။ ဘောလုံးစကန်ကတည်းကထားလာခဲ့တာ။
ကျွန်တော်က ဆံပင်ရှည်နဲ့နေရတာကိုပဲ သဘောကျတယ်ဗျ၊ အတိုနဲ့ကို မနေတတ်တော့တာ။”
ကလေးဘဝတုန်းကအမေပဲကျွန်တော့်ကိုအမြဲဆံပင်ညှပ်ပေးခဲ့တာ။ သူကအဲ့သည့်တုန်းက လုပ်စရာတွေ များနေတဲ့သူလေ။
တစ်ခါတလေဆို ကျောင်းမသွားခင် ဗိုလ်ကေကို အဆင်ပြေသလို ညှပ်ပေးလိုက်တာ ကျောင်းမှာ တစ်ခြားသူတွေဆီကနေ သန်းတွေကူးမလာ အောင်ဆိုပြီးတော့ပေါ့။
တကယ်ဆို အမေက ကျွန်တော့်ကို အဲ့သည့်အချိန်က ကတုံးတုံးပေးပြီး ဒီအတိုင်းလွှတ်ထားလိုက်ရမှာ…”
“အခုတော့ ကျွန်တော့်အနေနဲ့ ဆံပင်အတိုဖြစ်သွားမယ့် ပုံစံကို ဘယ်လိုမှ စဉ်းစားကြည့်လို့မရဘူး။
ဆံပင်တိုနဲ့ဆိုရင် မှန်တောင်ကြည့်ဖြစ်တော့မှာ မဟုတ်ဘူးဗျ။
ကျွန်တော် အဘိုးကြီးဖြစ်တဲ့အထိကို ဆံပင်ရှည်ပဲထားဖြစ်မှာ သေချာပါတယ် ”
“သေချာတွေးကြည့်ရင် ဆံပင်အရှည်နဲ့နေလာခဲ့တာအနှစ်(၂၀)နီးပါးရှိပြီ။
ခုနကကျွန်တော်ပြောခဲ့သလိုပဲ။
ဆံပင်ညှပ်ရင်ကောင်းမလား၊ ခပ်တိုတိုစီးထားရင်ကောင်းမလားဆိုတာ အခုထိမသိသေးဘူး။
နောက်ပြီး ဒီလိုတွေလုပ်ဖို့ ဘာအကြောင်းပြချက်ကိုမှကျွန်တော်မတွေ့သေးတာပါ။”ဆိုပြီး ပြောပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi