ဘားကမ့်လက်သစ်ဖြစ်လာမလား ..ဝဲလ်ရှိုင်းယားလို ဇာတ်သိမ်းမလှဖြစ်လာမလားဆိုတာ စောင့်ကြည့်ရမယ့် နံပါတ်(၁၀)ပိုင်ရှင်သစ် စမစ်ရိုး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အာဆင်နယ်အသင်းရဲ့လူငယ်ကြယ်ပွင့်ကစားသမား စမစ်ရိုးဟာ အသင်းနဲ့နှစ်ရှည်သက်တမ်းရှိတဲ့စာချုပ်သစ်ချုပ်ဆိုခဲ့ပြီး အသင်းရဲ့ဂန္ထဝင်နံပါတ်တစ်ခုဖြစ်တဲ့ ကျောနံပါတ်(၁၀)ကို ဝတ်ဆင်ကစားခွင့်ရရှိခဲ့ပြီဖြစ်ပါတယ်။

အာဆင်နယ်အကယ်ဒမီကနေ ထွက်ပေါ်ခဲ့သူ စမစ်ရိုးဟာ ပြီးခဲ့တဲ့ရာသီက အသင်းအတွက်အကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့လို့ အာဆင်နယ်အသင်းက သူ့ကို အထင်ကရနံပါတ်တစ်ခုဖြစ်တဲ့ နံပါတ်(၁၀)ဂျာစီဝတ်ဆင်ခွင့်ပြုခဲ့တာပါ။

အခုနွေရာသီကာလအစောပိုင်းတုန်းက အက်စတွန်ဗီလာအသင်းဟာ စမစ်ရိုးကို ခေါ်ယူနိုင်ဖို့အတွက် ကြိုးစားအားထုတ်ခဲ့ပြီး ပေါင်(၂၅)သန်း၊ ပေါင်သန်း(၃၀)ပမာဏနဲ့ နှစ်ကြိမ်တိုင်တိုင်ကမ်းလှမ်းခဲ့ပေမယ့် အာဆင်နယ်အသင်းက ပယ်ချခဲ့ပါတယ်။

အသက်(၂၀)သာရှိသေးတဲ့ အင်္ဂလန်လူငယ်ကစားသမားစမစ်ရိုးဟာ ၂၀၁၈ ခုနှစ်မှာ စီနီယာအသင်းအတွက်ပထမဆုံးအကြိမ်ပွဲထွက်ခွင့်ရခဲ့ပြီး ပြီးခဲ့တဲ့ရာသီမှာတော့ ချယ်လ်ဆီးအသင်းကို (၃-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲအပါအဝင် အသင်းရဲ့ပွဲတော်တော်များများမှာ ပါဝင်ခြေစွမ်းပြခွင့်ရခဲ့ပါတယ်။

အာတီတာက “စမစ်ရိုးရဲ့ခြေစွမ်းကို ပြီးခဲ့တဲ့ရာသီက ကျွန်တော်တို့အားလုံးမြင်တွေ့ခဲ့ကြပြီးဖြစ်သလို သူဟာ ထူးချွန်ထက်မြက်တဲ့ အရည်အသွေးမြင့်ကစားသမားတစ်ဦးဖြစ်ပါတယ်။

ဒီလိုအရည်အသွေးကောင်းတွေကြောင့်ပဲ စမစ်ရိုးဟာ ကာလတိုအတွင်းမှာပဲ အသင်းရဲ့အဓိက,ကစားသမားတစ်ဦးဖြစ်လာတာပါ။

အသင်းမှာ သူ ဆက်ရှိနေမှာဖြစ်လို့ ကျွန်တော်တို့သာမက အာဆင်နယ်ပရိသတ်တွေလည်း ဝမ်းမြောက်ကျေနပ်နေမှာဖြစ်တယ်လို့ ယုံကြည်ပါတယ်။

စမစ်ရိုးရဲ့ခြေစွမ်း အခုထက်ပိုတိုးတက်လာအောင် ကျွန်တော်တို့အားလုံးဝိုင်းဝန်းကူညီပေးသွားမှာဖြစ်ပြီး လူငယ်ကြယ်ပွင့်တွေမှာ တည်ဆောက်သွားမယ့် ကျွန်တော်တို့အသင်းမှာ အခုထက်ပိုအရေးပါလာတဲ့ကစားသမားတစ်ဦးအဖြစ် သူ့ကို မြင်တွေ့ရတော့မှာဖြစ်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

အာဆင်နယ်အသင်းရဲ့ နည်းစနစ်ဒါရိုက်တာအဖြစ်ဆောင်ရွက်နေတဲ့ နာမည်ကျော်ကစားသမားဟောင်းအီဒူးက “စမစ်ရိုးဟာ အသင်းရဲ့အနာဂတ်ဖြစ်ပြီး အဲဒါကြောင့်ပဲ သူ့ကို နံပါတ်(၁၀)ဝတ်ဆင်ခွင့်ပြုခဲ့တာပါ။

သူ့ကို ကျွန်တော်တို့အားလုံးယုံကြည်မှုရှိတဲ့အပြင် လာမယ့်နှစ်တွေမှာ စမစ်ရိုးဟာ ထိပ်တန်းအဆင့်ကစားသမားတစ်ဦးဖြစ်လာဖို့ အလားအလာရှိနေသူလည်းဖြစ်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

အာဆင်နယ်အသင်းမှာ ကျောနံပါတ်(၁၀)ကို ဒင်းနစ်ဘားကမ့်၊ ဗန်ပါစီတို့လို ဂန္ထဝင်ကစားသမားတွေဝတ်ဆင်ခဲ့ကြပြီး အသင်းအတွက် အောင်မြင်မှုတွေရယူနိုင်ခဲ့ပေမယ့် ပရိသတ်တွေ မျှော်လင့်တကြီးနဲ့စောင့်ကြည့်ခဲ့ကြတဲ့

တစ်ချိန်ကလူငယ်ကြယ်ပွင့် ဝဲလ်ရှိုင်းယားကတော့ မျှော်လင့်သလိုဖြစ်မလာဘဲ အာဆင်နယ်ကစားသမားဘဝကို စိတ်ပျက်စရာတွေနဲ့အဆုံးသတ်ခဲ့ရလို့ စမစ်ရိုးဟာ ဘားကမ့်၊ ဗန်ပါစီတို့လို အသင်းအတွက် အောင်မြင်မှုတွေရယူနိုင်မလား …

ဒါမှမဟုတ် ဝဲလ်ရှိုင်းယားလိုပဲ ဇာတ်သိမ်းမလှဖြစ်လာမလားဆိုတာကတော့ . . .

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဘားကမ့္လက္သစ္ျဖစ္လာမလား ..ဝဲလ္ရႈိင္းယားလို ဇာတ္သိမ္းမလွျဖစ္လာမလားဆိုတာ ေစာင့္ၾကည့္ရမယ့္ နံပါတ္(၁၀)ပိုင္ရွင္သစ္ စမစ္႐ိုး

အာဆင္နယ္အသင္းရဲ႕လူငယ္ၾကယ္ပြင့္ကစားသမား စမစ္႐ိုးဟာ အသင္းနဲ႔ႏွစ္ရွည္သက္တမ္းရွိတဲ့စာခ်ဳပ္သစ္ခ်ဳပ္ဆိုခဲ့ၿပီး အသင္းရဲ႕ဂႏၴဝင္နံပါတ္တစ္ခုျဖစ္တဲ့ ေက်ာနံပါတ္(၁၀)ကို ဝတ္ဆင္ကစားခြင့္ရရွိခဲ့ၿပီျဖစ္ပါတယ္။ အာဆင္နယ္အကယ္ဒမီကေန ထြက္ေပၚခဲ့သူ စမစ္႐ိုးဟာ ၿပီးခဲ့တဲ့ရာသီက အသင္းအတြက္အေကာင္းဆုံးေျခစြမ္းျပကစားႏိုင္ခဲ့လို႔ အာဆင္နယ္အသင္းက သူ႔ကို အထင္ကရနံပါတ္တစ္ခုျဖစ္တဲ့ နံပါတ္(၁၀)ဂ်ာစီဝတ္ဆင္ခြင့္ျပဳခဲ့တာပါ။

အခုေႏြရာသီကာလအေစာပိုင္းတုန္းက အက္စတြန္ဗီလာအသင္းဟာ စမစ္႐ိုးကို ေခၚယူႏိုင္ဖို႔အတြက္ ႀကိဳးစားအားထုတ္ခဲ့ၿပီး ေပါင္(၂၅)သန္း၊ ေပါင္သန္း(၃၀)ပမာဏနဲ႔ ႏွစ္ႀကိမ္တိုင္တိုင္ကမ္းလွမ္းခဲ့ေပမယ့္ အာဆင္နယ္အသင္းက ပယ္ခ်ခဲ့ပါတယ္။ အသက္(၂၀)သာရွိေသးတဲ့ အဂၤလန္လူငယ္ကစားသမားစမစ္႐ိုးဟာ ၂၀၁၈ ခုႏွစ္မွာ စီနီယာအသင္းအတြက္ပထမဆုံးအႀကိမ္ပြဲထြက္ခြင့္ရခဲ့ၿပီး ၿပီးခဲ့တဲ့ရာသီမွာေတာ့ ခ်ယ္လ္ဆီးအသင္းကို (၃-၁)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲအပါအဝင္ အသင္းရဲ႕ပြဲေတာ္ေတာ္မ်ားမ်ားမွာ ပါဝင္ေျခစြမ္းျပခြင့္ရခဲ့ပါတယ္။

အာတီတာက “စမစ္႐ိုးရဲ႕ေျခစြမ္းကို ၿပီးခဲ့တဲ့ရာသီက ကြၽန္ေတာ္တို႔အားလုံးျမင္ေတြ႕ခဲ့ၾကၿပီးျဖစ္သလို သူဟာ ထူးခြၽန္ထက္ျမက္တဲ့ အရည္အေသြးျမင့္ကစားသမားတစ္ဦးျဖစ္ပါတယ္။ ဒီလိုအရည္အေသြးေကာင္းေတြေၾကာင့္ပဲ စမစ္႐ိုးဟာ ကာလတိုအတြင္းမွာပဲ အသင္းရဲ႕အဓိက,ကစားသမားတစ္ဦးျဖစ္လာတာပါ။ အသင္းမွာ သူ ဆက္ရွိေနမွာျဖစ္လို႔ ကြၽန္ေတာ္တို႔သာမက အာဆင္နယ္ပရိသတ္ေတြလည္း ဝမ္းေျမာက္ေက်နပ္ေနမွာျဖစ္တယ္လို႔ ယုံၾကည္ပါတယ္။

စမစ္႐ိုးရဲ႕ေျခစြမ္း အခုထက္ပိုတိုးတက္လာေအာင္ ကြၽန္ေတာ္တို႔အားလုံးဝိုင္းဝန္းကူညီေပးသြားမွာျဖစ္ၿပီး လူငယ္ၾကယ္ပြင့္ေတြမွာ တည္ေဆာက္သြားမယ့္ ကြၽန္ေတာ္တို႔အသင္းမွာ အခုထက္ပိုအေရးပါလာတဲ့ကစားသမားတစ္ဦးအျဖစ္ သူ႔ကို ျမင္ေတြ႕ရေတာ့မွာျဖစ္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။ အာဆင္နယ္အသင္းရဲ႕ နည္းစနစ္ဒါ႐ိုက္တာအျဖစ္ေဆာင္႐ြက္ေနတဲ့ နာမည္ေက်ာ္ကစားသမားေဟာင္းအီဒူးက “စမစ္႐ိုးဟာ အသင္းရဲ႕အနာဂတ္ျဖစ္ၿပီး အဲဒါေၾကာင့္ပဲ သူ႔ကို နံပါတ္(၁၀)ဝတ္ဆင္ခြင့္ျပဳခဲ့တာပါ။

သူ႔ကို ကြၽန္ေတာ္တို႔အားလုံးယုံၾကည္မႈရွိတဲ့အျပင္ လာမယ့္ႏွစ္ေတြမွာ စမစ္႐ိုးဟာ ထိပ္တန္းအဆင့္ကစားသမားတစ္ဦးျဖစ္လာဖို႔ အလားအလာရွိေနသူလည္းျဖစ္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။ အာဆင္နယ္အသင္းမွာ ေက်ာနံပါတ္(၁၀)ကို ဒင္းနစ္ဘားကမ့္၊ ဗန္ပါစီတို႔လို ဂႏၴဝင္ကစားသမားေတြဝတ္ဆင္ခဲ့ၾကၿပီး အသင္းအတြက္ ေအာင္ျမင္မႈေတြရယူႏိုင္ခဲ့ေပမယ့္ ပရိသတ္ေတြ ေမွ်ာ္လင့္တႀကီးနဲ႔ေစာင့္ၾကည့္ခဲ့ၾကတဲ့ တစ္ခ်ိန္ကလူငယ္ၾကယ္ပြင့္ ဝဲလ္ရႈိင္းယားကေတာ့ ေမွ်ာ္လင့္သလိုျဖစ္မလာဘဲ အာဆင္နယ္ကစားသမားဘဝကို စိတ္ပ်က္စရာေတြနဲ႔အဆုံးသတ္ခဲ့ရလို႔ စမစ္႐ိုးဟာ ဘားကမ့္၊ ဗန္ပါစီတို႔လို အသင္းအတြက္ ေအာင္ျမင္မႈေတြရယူႏိုင္မလား …ဒါမွမဟုတ္ ဝဲလ္ရႈိင္းယားလိုပဲ ဇာတ္သိမ္းမလွျဖစ္လာမလားဆိုတာကေတာ့ . . .