
Photo Credit
Photo Credit
လက္ရွိအခ်ိန္မွာရီးရဲလ္မက္ဒရစ္ရဲ႕ နည္းျပရာထူးအတြက္ ဟိုေဆးေမာ္ရင္ညိဳကို ျပန္လည္ေခၚယူေတာ့မယ္လို႔ သတင္းေတြကေဖာ္ျပေနၾကၿပီး ကာယကံရွင္ကိုယ္တိုင္ကလည္းအသင္းေဟာင္းကို ျပန္လည္ကိုင္တြယ္ဖို႔ အလြန္ စိတ္အားထက္သန္ေနပါတယ္။
Photo Credit
အသက္ ၅၆ ႏွစ္အရြယ္ ေမာ္ရင္ညိဳဟာ ယမန္ႏွစ္ရာသီ ဒီဇင္ဘာလက ယူႏိုက္တက္အသင္းကို ကိုင္တြယ္ရာမွာ ရလဒ္ေတြ ဆိုးရြားမႈေၾကာင့္ နည္းျပအျဖစ္ကေန ထုတ္ပယ္ခံခဲ့ရတာပါ။ ယူႏိုက္တက္နည္းျပရာထူးကေန ထုတ္ပယ္ခံခဲ့ရၿပီးေနာက္ ေမာ္ရင္ညိဳကို ရီးရဲလ္မက္ဒရစ္၊ မိုနာကို၊ ေရွာ္လ္ေကးနဲ႔ ေအစီမီလန္ အစရွိတဲ့ အသင္းႀကီးေတြက နည္းျပအျဖစ္ ကမ္းလွမ္းခဲ့ေပမယ့္ Special One နည္းျပႀကီးကေတာ့ အားလံုးကိုျငင္းဆန္ခဲ့ပါတယ္။
Photo Credit ; Getty Images
ဒါေပမဲ့ လက္ရွိအခ်ိန္မွာေတာ့ ေမာ္ရင္ညိဳက စပိန္ေျမကအသင္းေဟာင္းကို ျပန္လည္ကိုင္တြယ္ဖုိ႔ စိတ္ဝင္စားေနပါတယ္။ ေမာ္ရင္ညိဳဟာ လက္ရွိမွာ Sky Sports ရဲ႕ အစီအစဥ္တင္ဆက္သူအျဖစ္ လုပ္ကိုင္ေနၿပီး Goal ကေတာ့ ရီးရဲလ္မက္ဒရစ္နည္းျပဇီးဒန္းရဲ႕ေနရာမွာ ေမာ္ရင္ညိဳကိုအစားထိုးခန္႔အပ္လိမ့္မယ္လို႔ ေရးသားထားပါတယ္။
Photo Credit ; AFP / Getty Images
ရီးရဲလ္မက္ဒရစ္နည္းျပဇီဒန္းရဲ႕ နည္းျပရာထူးကလည္း ရာသီအစမွာပဲ ရလဒ္ေတြ ဆိုးရြားေနမႈေၾကာင့္ မတည္မျငိမ္ျဖစ္လာခဲ့တာပါ၊ အထူးသျဖင့္ ခ်န္ပီယံလိဂ္အဖြင့္ပြဲစဥ္မွာ ပီအက္စ္ဂ်ီအသင္းကို အရွက္ရဖြယ္႐ံႈးနိမ့္ခဲ့မႈက ဇီဒန္းရဲ႕ နည္းျပထိုင္ခံုကိုလႈပ္ခါသြားေစတာပါ။
Photo Credit ; AP
လက္ရွိမက္ဒရစ္နည္းျပရာထူးအတြက္ ေမာ္ရင္ညိဳကို ဘြတ္ကီေတြရဲ႕ေၾကးေပးမႈကလည္း အေတာ္ေလးျမင့္တက္သြားခဲ့ပါတယ္။ ေလာင္းကစားဒိုင္ေတြရဲ႕ ေၾကးေပးမႈက ဆန္တီယာဂိုဘာေနဗ်ဴးကို ေမာ္ရင္ညိဳ ျပန္ေရာက္ရွိဖို႔ ယခင္ ၇/၄ ကေန ယခု ၆/၅ အထိ ျမင့္တက္လာခဲ့တာ ျဖစ္ပါတယ္။
Photo Credit
ပီအက္စ္ဂ်ီအသင္းကို ရီးရဲလ္အသင္းအရွက္ရဖြယ္ ၃-၀ နဲ႔ ႐ံႈးနိမ့္ၿပီးကတည္းက ထိုးသားေတြက ရီးရဲလ္ကိုေရာက္ရွိဖို႔ ၅၆ ရာခုိင္ႏႈန္းအထိ ေမာ္ရင္ညိဳဘက္က ေနခဲ့ၾကပါတယ္။
Photo Credit
ၿပီးခဲ့တဲ့ရာသီက ရီးရဲလ္နည္းျပရာထူးအတြက္ ခ်ိတ္ဆတ္ခံခဲ့ရတဲ့ စပါးနည္းျပပိုခ်က္တီႏိုက ေမာ္ရင္ညိဳရဲ႕ေနာက္ ၉/၂ နဲ႔ ဒုတိယေနရာမွာ ရပ္တည္ေနပါတယ္။ ဂ်ဴဗင္တပ္စ္နည္းျပေဟာင္းအယ္လီဂရီကေတာ့ ပိုခ်က္တီႏိုရဲ႕ေနာက္ ၇/၁ နဲ႔ တတိယေနရာမွာ ေရပန္းစားေနပါတယ္။
Photo Credit
Unicode
ဘာနေဗျူးကို တစ်ကျော့ပြန်လာဖို့ မော်ရင်ညို အလွန်စိတ်အားထက်သန်နေ
လက်ရှိအချိန်မှာရီးရဲလ်မက်ဒရစ်ရဲ့ နည်းပြရာထူးအတွက် ဟိုဆေးမော်ရင်ညိုကို ပြန်လည်ခေါ်ယူတော့မယ်လို့ သတင်းတွေကဖော်ပြနေကြပြီး ကာယကံရှင်ကိုယ်တိုင်ကလည်းအသင်းဟောင်းကို ပြန်လည်ကိုင်တွယ်ဖို့ အလွန် စိတ်အားထက်သန်နေပါတယ်။
အသက် ၅၆ နှစ်အရွယ် မော်ရင်ညိုဟာ ယမန်နှစ်ရာသီ ဒီဇင်ဘာလက ယူနိုက်တက်အသင်းကို ကိုင်တွယ်ရာမှာ ရလဒ်တွေ ဆိုးရွားမှုကြောင့် နည်းပြအဖြစ်ကနေ ထုတ်ပယ်ခံခဲ့ရတာပါ။ ယူနိုက်တက်နည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရပြီးနောက် မော်ရင်ညိုကို ရီးရဲလ်မက်ဒရစ်၊ မိုနာကို၊ ရှော်လ်ကေးနဲ့ အေစီမီလန် အစရှိတဲ့ အသင်းကြီးတွေက နည်းပြအဖြစ် ကမ်းလှမ်းခဲ့ပေမယ့် Special One နည်းပြကြီးကတော့ အားလုံးကိုငြင်းဆန်ခဲ့ပါတယ်။
ဒါပေမဲ့ လက်ရှိအချိန်မှာတော့ မော်ရင်ညိုက စပိန်မြေကအသင်းဟောင်းကို ပြန်လည်ကိုင်တွယ်ဖို့ စိတ်ဝင်စားနေပါတယ်။ မော်ရင်ညိုဟာ လက်ရှိမှာ Sky Sports ရဲ့ အစီအစဉ်တင်ဆက်သူအဖြစ် လုပ်ကိုင်နေပြီး Goal ကတော့ ရီးရဲလ်မက်ဒရစ်နည်းပြဇီးဒန်းရဲ့နေရာမှာ မော်ရင်ညိုကိုအစားထိုးခန့်အပ်လိမ့်မယ်လို့ ရေးသားထားပါတယ်။
ရီးရဲလ်မက်ဒရစ်နည်းပြဇီဒန်းရဲ့ နည်းပြရာထူးကလည်း ရာသီအစမှာပဲ ရလဒ်တွေ ဆိုးရွားနေမှုကြောင့် မတည်မငြိမ်ဖြစ်လာခဲ့တာပါ၊ အထူးသဖြင့် ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းကို အရှက်ရဖွယ်ရှုံးနိမ့်ခဲ့မှုက ဇီဒန်းရဲ့ နည်းပြထိုင်ခုံကိုလှုပ်ခါသွားစေတာပါ။
လက်ရှိမက်ဒရစ်နည်းပြရာထူးအတွက် မော်ရင်ညိုကို ဘွတ်ကီတွေရဲ့ကြေးပေးမှုကလည်း အတော်လေးမြင့်တက်သွားခဲ့ပါတယ်။ လောင်းကစားဒိုင်တွေရဲ့ ကြေးပေးမှုက ဆန်တီယာဂိုဘာနေဗျူးကို မော်ရင်ညို ပြန်ရောက်ရှိဖို့ ယခင် ၇/၄ ကနေ ယခု ၆/၅ အထိ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။
ပီအက်စ်ဂျီအသင်းကို ရီးရဲလ်အသင်းအရှက်ရဖွယ် ၃-၀ နဲ့ ရှုံးနိမ့်ပြီးကတည်းက ထိုးသားတွေက ရီးရဲလ်ကိုရောက်ရှိဖို့ ၅၆ ရာခိုင်နှုန်းအထိ မော်ရင်ညိုဘက်က နေခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ရာသီက ရီးရဲလ်နည်းပြရာထူးအတွက် ချိတ်ဆတ်ခံခဲ့ရတဲ့ စပါးနည်းပြပိုချက်တီနိုက မော်ရင်ညိုရဲ့နောက် ၉/၂ နဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ ဂျူဗင်တပ်စ်နည်းပြဟောင်းအယ်လီဂရီကတော့ ပိုချက်တီနိုရဲ့နောက် ၇/၁ နဲ့ တတိယနေရာမှာ ရေပန်းစားနေပါတယ်။