ဘာအကြောင်းနဲ့မှ ဘတ်ပီ ကို အသင်းပြောင်းခွင့်ပေးမှာ မဟုတ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘတ်ပီကို မျှော်လင့်နေတဲ့ တခြား အသင်းတွေ လုံး၀ စိတ်ကုန်သွားအောင် ပီအက်စ်ဂျီ ဥက္ကဌ ကတော့ ပြောလိုက်ပါပြီ။

ဘတ်ပီ ကို ဘယ်တော့မှရောင်းချသွားမှာမဟုတ်သလို အလွတ်နဲ့လည်း ထွက်ခွာခွင့်ပြုမှာမဟုတ်ဘူးလို့ ပီအက်စ်ဂျီ အသင်း ဥက္ကဌ က ပြောလိုက်ပါတယ်။

အမ်ဘတ်ပီဟာ ပီအက်စ်ဂျီ နဲ့ စာချုပ်သက်တမ်းနောက်ဆုံးနှစ်ကို ရောက်ရှိနေပြီး စာချုပ်သစ်ချုပ်ဖို့အတွက် နှောင့်နှေးနေတာကြောင့် ရီးရဲလ်ကို ပြောင်းရွှေ့မယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့တာပဲ ဖြစ်ပါတယ်။

အယ်လ်ခီလိုင်ဖီ က “ကျွန်တော်ရှင်းရှင်းပဲ ပြောချင်ပါတယ်။ ကိုင်လီ ဟာ ပီအက်စ်ဂျီမှာပဲ ဆက်ရှိမှာပါ။

ကျွန်တော်တို့ သူ့ကို ဘယ်တော့မှ ရောင်းချသွားမှာမဟုတ်သလို ဘယ်တော့မှလည်း အလွတ်နဲ့ ထွက်ခွာခွင့်ပေးမှာ မဟုတ်ပါဘူး။”

“သူက အံသြဖွယ်ကောင်းတဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို ရမယ့်ကစားသမားမျိုးပါ။

ပီအက်စ်ဂျီအသင်းရဲ့ အနာဂတ်အစီအ စဉ်တွေမှာ ပါဝင်နေသူဖြစ်တာကြောင့် သူ့ကိုခေါ်ယူချင်တဲ့အသင်းတွေအနေနဲ့ မေ့ပစ်လိုက်ဖို့ပဲ ပြောချင်ပါ တယ်”

“အခုဆွေးနွေးနေတဲ့ အသေးစိတ်အကြောင်း အရာတွေကိုလည်း မီဒီယာကို အသိပေးသွားမှာမဟုတ်ပါဘူး။

ကျွန်တော်ပြောနိုင်တဲ့အရာအားလုံးကတော့ ဆွေးနွေးမှုဟာ တိုးတက်မှုရှိနေတယ်ဆိုတာပါပဲ။

သဘောတူညီချက်ရဖို့လည်း မျှော်လင့်ပါတယ်”ဆိုပြီး ပြောထားပါတယ်။

ဘတ်ပီ ဟာ ၂၀၁၇ ခုနှစ်က မိုနာကို အသင်းကနေ ပီအက်စ်ဂျီ အသင်းကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းအတွက် ပွဲပေါင်း(၁၇၁)ပွဲပါဝင်ကစားထားကာ (၁၃၂)ဂိုးသွင်းယူထားပါတယ်။

အခုလောလောဆယ်တော့ ဘတ်ပီ တစ်ယောက် ယူရို ပြိုင်ပွဲအတွက် ပြင်သစ်အသင်းနဲ့ လက်တွဲနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဘာအေၾကာင္းနဲ႔မွ ဘတ္ပီ ကို အသင္းေျပာင္းခြင့္ေပးမွာ မဟုတ္

ဘတ္ပီကို ေမွ်ာ္လင့္ေနတဲ့ တျခား အသင္းေတြ လုံး၀ စိတ္ကုန္သြားေအာင္ ပီအက္စ္ဂ်ီ ဥကၠဌ ကေတာ့ ေျပာလိုက္ပါၿပီ။ ဘတ္ပီ ကို ဘယ္ေတာ့မွေရာင္းခ်သြားမွာမဟုတ္သလို အလြတ္နဲ႔လည္း ထြက္ခြာခြင့္ျပဳမွာမဟုတ္ဘူးလို႔ ပီအက္စ္ဂ်ီ အသင္း ဥကၠဌ က ေျပာလိုက္ပါတယ္။

အမ္ဘတ္ပီဟာ ပီအက္စ္ဂ်ီ နဲ႔ စာခ်ဳပ္သက္တမ္းေနာက္ဆုံးႏွစ္ကို ေရာက္ရွိေနၿပီး စာခ်ဳပ္သစ္ခ်ဳပ္ဖို႔အတြက္ ေႏွာင့္ေႏွးေနတာေၾကာင့္ ရီးရဲလ္ကို ေျပာင္းေ႐ႊ႕မယ္ဆိုတဲ့ သတင္းေတြထြက္ေပၚခဲ့တာပဲ ျဖစ္ပါတယ္။

အယ္လ္ခီလိုင္ဖီ က “ကြၽန္ေတာ္ရွင္းရွင္းပဲ ေျပာခ်င္ပါတယ္။ကိုင္လီ ဟာ ပီအက္စ္ဂ်ီမွာပဲ ဆက္ရွိမွာပါ။ကြၽန္ေတာ္တို႔ သူ႔ကို ဘယ္ေတာ့မွ ေရာင္းခ်သြားမွာမဟုတ္သလို ဘယ္ေတာ့မွလည္း အလြတ္နဲ႔ ထြက္ခြာခြင့္ေပးမွာ မဟုတ္ပါဘူး။”

“သူက အံၾသဖြယ္ေကာင္းတဲ့ ကစားသမားတစ္ေယာက္ျဖစ္ၿပီး ကမာၻ႔အေကာင္းဆုံးေဘာလုံးသမားဆုကို ရမယ့္ကစားသမားမ်ိဳးပါ။ ပီအက္စ္ဂ်ီအသင္းရဲ႕ အနာဂတ္အစီအ စဥ္ေတြမွာ ပါဝင္ေနသူျဖစ္တာေၾကာင့္ သူ႔ကိုေခၚယူခ်င္တဲ့အသင္းေတြအေနနဲ႔ ေမ့ပစ္လိုက္ဖို႔ပဲ ေျပာခ်င္ပါ တယ္”

“အခုေဆြးေႏြးေနတဲ့ အေသးစိတ္အေၾကာင္း အရာေတြကိုလည္း မီဒီယာကို အသိေပးသြားမွာမဟုတ္ပါဘူး။ကြၽန္ေတာ္ေျပာႏိုင္တဲ့အရာအားလုံးကေတာ့ ေဆြးေႏြးမႈဟာ တိုးတက္မႈရွိေနတယ္ဆိုတာပါပဲ။သေဘာတူညီခ်က္ရဖို႔လည္း ေမွ်ာ္လင့္ပါတယ္”ဆိုၿပီး ေျပာထားပါတယ္။

ဘတ္ပီ ဟာ ၂၀၁၇ ခုႏွစ္က မိုနာကို အသင္းကေန ပီအက္စ္ဂ်ီ အသင္းကို ေရာက္ရွိလာခဲ့တာျဖစ္ၿပီး အသင္းအတြက္ ပြဲေပါင္း(၁၇၁)ပြဲပါဝင္ကစားထားကာ (၁၃၂)ဂိုးသြင္းယူထားပါတယ္။ အခု​ေလာ​ေလာဆယ္​ေတာ့ ဘတ္ပီ တစ္​ေယာက္ ယူ႐ို ၿပိဳင္ပြဲအတြက္ ျပင္သစ္အသင္းနဲ႔ လက္တြဲ​ေနပါတယ္။