ကိုကာကိုလာရော ဟန်နီကန်ပါ ဘာလာလာဒေါင်းတဲ့ ယာမိုလန်ကို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပ

ယူရို ၂၀၂၀ ပြိုင်ပွဲရဲက စပွန်ဆာတွေအဖြစ်ကတော့ ငိုပွဲချနေရတာပါ။

စီရော်နယ်ဒိုက စလိုက်တဲ့ ဇာတ်လမ်းဟာ နာမည်ကြီးဘောလုံးသမားတွေ ပါဝင်လာပြီး ပြိုင်ပွဲကို စပွန်ဆာပေးထားတဲ့ ကုမ္ပဏီတွေအနေနဲ့

နစ်နာဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ဒီဇာတ်လမ်းရဲ့အစကတော့ ပေါ်တူဂီအသင်းခေါင်းဆေင် စီရော်နယ်ဒိုဖြစ်ပြီး ဟန်ဂေရီနဲ့ပွဲမတိုင်ခင် ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူ့ရဲ့ရှေ့ စားပွဲပေါ်မှာတင်ထားတဲ့

ကိုကာကိူလာ အချိုရည်ပုလင်းတွေကို ဖယ်ရှားပြီး ရေပုလင်းကို ယူထောင်ပြခဲ့ပြီး ပါးစပ်ကလည်း ပေါ်တူဂီဘာသာနဲ့ ရေ လို့ ပြောကြားခဲ့တာပါ။

အစားအသောက် အနေအထိုင်ကို စနစ်တကျ ထိန်းသိမ်းပြုမူနေထိုင်တဲ့ စီရော်နယ်ဒိုက ကိုကာကိုလာအချိုရည်ကို သူ့ရဲ့သားဖြစ်သူ သောက်တာကိုတောင် မကြိုက်နှစ်သက်တဲ့သူပါ။

စီရော်နယ်ဒိုရဲ့ ဒီအပြုအမူ လက်တစ်ချက်အလှုပ်က ကိုကာကိုလာရဲ့ စတော့ရှယ်ယာ ဈေးကွက်ကို အတော်ထိခိုက်သွားပြီး တစ်နေ့တည်းနဲ့ ဒေါ်လာ ၄ဘီလျံဖိုး နီးပါး ထိုးကျသွားခဲ့ပါတယ်။

ကိုကာကိုလာအနေနဲပ ပြိုင်ပွဲကို စပွန်ဆာလည်း ပေးရသေး ရှယ်ယာဈေးတွေ အသားလွတ် ကျဆင်းတာလည်း ခံခဲ့ရတာပါ။

စီရော်နယ်ဒိုရဲ့ အနောက်မှာ ပါလာတာကတော့ ပေါ့ဂ်ဘာဖြစ်ပြီး သူကတော့ သူကိုးကွယ်တဲ့ ဘာသာရေးအရ အရက်သေစာ သောက်စားခွင့်မပြုထားတဲ့အတွက် ပွဲပြီး

သတင်းစာရှင်းလင်းပွဲမှာ စားပွဲပေါ်က ဟန်နီကမ်ဘီယာပုလင်းကို ဖယ်ရှားခဲ့တာဖြစ်ပါတယ်။

သူတို့အနောက်မှာ ကစားသမားအချို့ကလည်း သတင်းစာရှင်းလင်းပွဲမှာ ရေဗူးသောက်ပြတာ၊ အချိုရည်ပုလင်း ဖယ်ရှားတာတွေ လုပ်ခဲ့ကြလို့ ပြိုင်ပွဲတာဝန်ခံ ယူအီးအက်ဖ်အေက

ဝင်ထိန်းပေး၇ပြီး ပြိုင်ပွဲတစ်ခုလုံးကို ငွေကြေးအကုန်ခံပေးထားတဲ့ စပွန်ဆာရှင်တွေ မထိခိုက်စေဖို့ သတင်းစာရှင်းလင်းပွဲခုံပေါ်က ကြော်ငြာပစ္စည်းတွေ ဖယ်ရှားခြင်းမပြုဖို့

ယူအီးအက်ဖ်အေက ကစားသမားတွေကို မေတ္တာရပ်ခံထားပါတယ်။

ယူရို ၂၀၂၀ ပြိုင်ပွဲရဲ့ စပွန်ဆာ ၂ ခုဖြစ်တဲ့ ကိုကာကိုလာနဲ့ ဟန်နီကန်တို့အပေါ် ကစားသမားတွေ ပစ်မှတ်ထားသူတွေထဲမှာ ယူကရိန်းတိုက်စစ်မှူး ယာမိုလန်ကိုလည်း ပါဝင်လာခဲ့ပါပြီ။

ဒါပေမယ့် သူရဲ့လုပ်ရပ်ကတော့ စပွန်ဆာကုမ္ပဏီတွေ ကျေနပ်စရာဖြစ်ခဲ့ပြီး မီဒီယာသမားတွေလည်း ပွဲကျခဲ့ပါတယ်။

ယာမိုလန်ကိုက မက်ဆီဒိုးနီးယားကို အနိုင်ရတဲ့ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ကိုကာကိုလာ ၂ ပုလင်းရော၊ ဟန်နီကန်ပုလင်းကိုပါယူပြီး သူအတွက် ဘာမှမဖြစ်ဘူးလို့

၂ခုစလုံး ဘာလာလာဒေါင်းတယ် အေးဆေးပဲဆိုပြီး အရွှန်းဖောက် ပြောကြားခဲ့ပါတယ်။

သူမတိုင်ခင် စကော့တလန်ကွင်းလယ်လူ ဂျွန်မက်ဂျင်းနဲ့ အီတလီကွင်းလယ်လူ လူကာတယ်လီတိ့ုကလည်း စီရော်နယ်ဒိုရဲ့ မှတ်ချက်ကို ထောက်ခံတဲ့သဘော ပြသခဲ့ပြီး

ကိုကာကိုလာ ၂ ပုလင်းကိုဖယ်ပြီး ရေသောက်ပြကာ ရယ်စရာလုပ်ခဲ့ပါသေးတယ်။


M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပ

Zawgyi

ကိုကာကိုလာေရာ ဟန္နီကန္ပါ ဘာလာလာေဒါင္းတဲ့ ယာမိုလန္ကို

ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲရဲက စပြန္ဆာေတြအျဖစ္ကေတာ့ ငိုပြဲခ်ေနရတာပါ။ စီေရာ္နယ္ဒိုက စလိုက္တဲ့ ဇာတ္လမ္းဟာ နာမည္ႀကီးေဘာလုံးသမားေတြ ပါဝင္လာၿပီး ၿပိဳင္ပြဲကို စပြန္ဆာေပးထားတဲ့ ကုမၸဏီေတြအေနနဲ႔ နစ္နာဆုံးရႈံးမႈေတြနဲ႔ ရင္ဆိုင္ေနရပါတယ္။ ဒီဇာတ္လမ္းရဲ႕အစကေတာ့ ေပၚတူဂီအသင္းေခါင္းေဆင္ စီေရာ္နယ္ဒိုျဖစ္ၿပီး ဟန္ေဂရီနဲ႔ပြဲမတိုင္ခင္ ျပဳလုပ္ခဲ့တဲ့ သတင္းစာရွင္းလင္းပြဲမွာ သူ႔ရဲ႕ေရွ႕ စားပြဲေပၚမွာတင္ထားတဲ့ ကိုကာကိူလာ အခ်ိဳရည္ပုလင္းေတြကို ဖယ္ရွားၿပီး ေရပုလင္းကို ယူေထာင္ျပခဲ့ၿပီး ပါးစပ္ကလည္း ေပၚတူဂီဘာသာနဲ႔ ေရ လို႔ ေျပာၾကားခဲ့တာပါ။

အစားအေသာက္ အေနအထိုင္ကို စနစ္တက် ထိန္းသိမ္းျပဳမူေနထိုင္တဲ့ စီေရာ္နယ္ဒိုက ကိုကာကိုလာအခ်ိဳရည္ကို သူ႔ရဲ႕သားျဖစ္သူ ေသာက္တာကိုေတာင္ မႀကိဳက္ႏွစ္သက္တဲ့သူပါ။ စီေရာ္နယ္ဒိုရဲ႕ ဒီအျပဳအမူ လက္တစ္ခ်က္အလႈပ္က ကိုကာကိုလာရဲ႕ စေတာ့ရွယ္ယာ ေဈးကြက္ကို အေတာ္ထိခိုက္သြားၿပီး တစ္ေန႔တည္းနဲ႔ ေဒၚလာ ၄ဘီလ်ံဖိုး နီးပါး ထိုးက်သြားခဲ့ပါတယ္။ ကိုကာကိုလာအေနနဲပ ၿပိဳင္ပြဲကို စပြန္ဆာလည္း ေပးရေသး ရွယ္ယာေဈးေတြ အသားလြတ္ က်ဆင္းတာလည္း ခံခဲ့ရတာပါ။ စီေရာ္နယ္ဒိုရဲ႕ အေနာက္မွာ ပါလာတာကေတာ့ ေပါ့ဂ္ဘာျဖစ္ၿပီး သူကေတာ့ သူကိုးကြယ္တဲ့ ဘာသာေရးအရ အရက္ေသစာ ေသာက္စားခြင့္မျပဳထားတဲ့အတြက္ ပြဲၿပီး သတင္းစာရွင္းလင္းပြဲမွာ စားပြဲေပၚက ဟန္နီကမ္ဘီယာပုလင္းကို ဖယ္ရွားခဲ့တာျဖစ္ပါတယ္။

သူတို႔အေနာက္မွာ ကစားသမားအခ်ိဳ႕ကလည္း သတင္းစာရွင္းလင္းပြဲမွာ ေရဗူးေသာက္ျပတာ၊ အခ်ိဳရည္ပုလင္း ဖယ္ရွားတာေတြ လုပ္ခဲ့ၾကလို႔ ၿပိဳင္ပြဲတာဝန္ခံ ယူအီးအက္ဖ္ေအက ဝင္ထိန္းေပး၇ၿပီး ၿပိဳင္ပြဲတစ္ခုလုံးကို ေငြေၾကးအကုန္ခံေပးထားတဲ့ စပြန္ဆာရွင္ေတြ မထိခိုက္ေစဖို႔ သတင္းစာရွင္းလင္းပြဲခုံေပၚက ေၾကာ္ျငာပစၥည္းေတြ ဖယ္ရွားျခင္းမျပဳဖို႔ ယူအီးအက္ဖ္ေအက ကစားသမားေတြကို ေမတၱာရပ္ခံထားပါတယ္။ ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲရဲ႕ စပြန္ဆာ ၂ ခုျဖစ္တဲ့ ကိုကာကိုလာနဲ႔ ဟန္နီကန္တို႔အေပၚ ကစားသမားေတြ ပစ္မွတ္ထားသူေတြထဲမွာ ယူကရိန္းတိုက္စစ္မႉး ယာမိုလန္ကိုလည္း ပါဝင္လာခဲ့ပါၿပီ။

ဒါေပမယ့္ သူရဲ႕လုပ္ရပ္ကေတာ့ စပြန္ဆာကုမၸဏီေတြ ေက်နပ္စရာျဖစ္ခဲ့ၿပီး မီဒီယာသမားေတြလည္း ပြဲက်ခဲ့ပါတယ္။ ယာမိုလန္ကိုက မက္ဆီဒိုးနီးယားကို အႏိုင္ရတဲ့ပြဲအၿပီး သတင္းစာရွင္းလင္းပြဲမွာ ကိုကာကိုလာ ၂ ပုလင္းေရာ၊ ဟန္နီကန္ပုလင္းကိုပါယူၿပီး သူအတြက္ ဘာမွမျဖစ္ဘူးလို႔ ၂ခုစလုံး ဘာလာလာေဒါင္းတယ္ ေအးေဆးပဲဆိုၿပီး အ႐ႊန္းေဖာက္ ေျပာၾကားခဲ့ပါတယ္။ သူမတိုင္ခင္ စေကာ့တလန္ကြင္းလယ္လူ ဂြၽန္မက္ဂ်င္းနဲ႔ အီတလီကြင္းလယ္လူ လူကာတယ္လီတိ့ုကလည္း စီေရာ္နယ္ဒိုရဲ႕ မွတ္ခ်က္ကို ေထာက္ခံတဲ့သေဘာ ျပသခဲ့ၿပီး ကိုကာကိုလာ ၂ ပုလင္းကိုဖယ္ၿပီး ေရေသာက္ျပကာ ရယ္စရာလုပ္ခဲ့ပါေသးတယ္။