
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ရိုးမားအသင်းဟာ မနေ့ညက ကစားခဲ့တဲ့ တန်းတက် ဆယ်လာနီတာနာအသင်းနဲ့ အဝေးကွင်းပွဲစဉ်မှာ (၄) ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပြီးနောက် နည်းပြမော်ရင်ဟိုအတွက် ရာသီအဖွင့် (၂) ပွဲဆက်တိုက် ဂိုးပြတ်နိုင်ပွဲတွေကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။
ရိုးမားအသင်းဟာ ပယ်လီဂရီနီရဲ့သွင်းဂိုးနှစ်ဂိုး၊ ဗာရီတောက်၊ အေဘရာဟမ်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ (၄) ဂိုးပြတ်အနိုင်ရရှိခဲ့တာဖြစ်ပြီး (၂) ပွဲကစားပြီးချိန်မှာ နိုင်ပွဲ (၂) ပွဲနဲ့ ရမှတ်တူ ဂိုးကွာခြားချက်ကြောင့် အဆင့် (၃) နေရာမှာ ရပ်တည်နေခဲ့တာပါ။
ရိုးမားအသင်းဟာ ရာသီအဖွင့်ပွဲအဖြစ် ဖီအိုရင်တီးနားအသင်းကို အိမ်ကွင်းမှာ ရင်ဆိုင်ခဲ့ရတုန်းကလည်း ၃-၁ ဂိုးနဲ့ ခြေစွမ်းပြအနိုင်ယူခဲ့သလို ကြားထဲမှာ ကစားခဲ့တဲ့ ယူရိုပါကွန်ဖရင့်လိဂ်ပွဲစဉ် (၂) ကျော့လုံးမှာလည်း နိုင်ပွဲတွေ ရယူနိုင်ခဲ့ပါတယ်။
ရိုးမားအသင်းဟာ ကွန်ဖရင့်လိဂ် Play- Off ပထမအကျော့ပွဲစဉ်အဖြစ် ထရက်ဇွန်စပေါ်အသင်းကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ခဲ့တုန်းက ၁-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့သလို အိမ်ကွင်းမှာလည်း ၃-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။
မော်ရင်ဟိုကတော့ ပူပူနွေးနွေး နိုင်ပွဲအပြီး “ပွဲစကတည်းက ကျွန်တော် လုံး၀ စိတ်မပူ မိပါဘူး။
အသင်းရဲ့ ကစားပုံ က တကယ်ကောင်း ခဲ့ပါတယ်။
ဖီအိုရင်တီးနား ပွဲမှာ တုန်းကလည်း သူတို့ ချေပဂိုး ပြန်ရသွားတဲ့ အချိန်ထက် ကျွန်တော်တို့ ဦးဆောင်ဂိုး ရလိုက်တဲ့ အချိန်မှာ ပိုပြီး စိတ်ပူ ခဲ့မိတယ်လို့ အသင်းသားတွေကို ပြောပြ ခဲ့ဖူးပါတယ်။
အခုပွဲမှာလည်း ကျွန်တော်တို့ က ပွဲကို စိုးမိုး ထားခဲ့တာပါ”
“ပြိုင်ဘက် ကစားသမား တွေကို ဆွဲခေါ်တယ်။
ကွင်းထဲမှာ တောက်လျောက် မောင်းကစားတယ်။
ပွဲမတိုင်ခင် လေ့ကျင့်ခဲ့တဲ့ ပုံစံအတိုင်း ကျွန်တော်တို့ ကစားနိုင်ခဲ့ ပါတယ်”
“အခုထိ ကျွန်တော်တို့ အင်အားက မတောင့်တင်း သေးပါဘူး။
အရန်ခုံတန်းကို ကြည့်လိုက်တဲ့ အခါမှာ အတွေ့ အကြုံရင့် ကစားသမား အချို့ လိုအပ်နေသေး တာကို သတိပြုမိ ပါတယ်။
ဒီလိဂ် မှာပဲ ကျွန်တော်တို့ ထက် ပိုအင်အားကြီးတဲ့ အသင်းတွေ ရှိနေပါတယ်”
“ဒါပေမယ့် ကျွန်တော် ကတော့ အခုလက်ရှိ ကောင်လေးတွေနဲ့ အလုပ်လုပ် ရတာကို ကျေနပ် အားရ မိပါတယ်။
ကျွန်တော်တို့ထက် ပိုပြီး အင်အားကြီးတဲ့ အသင်းတွေနဲ့ ရင်ဆိုင် ကစားရတဲ့ အခါမှာလည်း အနိုင်ရဖို့ အတွက်ပဲ ကစား သွားမှာပါ” လို့ ပြောဆိုပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
ဘာမဟုတ္တဲ့ ႏိုင္ပြဲေလးရေတာ့ ေတာ္ကီေတြ လႊတ္ျပန္တဲ့ ေမာ္ရင္ဟို
႐ိုးမားအသင္းဟာ မေန႔ညက ကစားခဲ့တဲ့ တန္းတက္ ဆယ္လာနီတာနာအသင္းနဲ႔ အေဝးကြင္းပြဲစဥ္မွာ (၄) ဂိုးျပတ္နဲ႔ အႏိုင္ရရွိခဲ့ၿပီးေနာက္ နည္းျပေမာ္ရင္ဟိုအတြက္ ရာသီအဖြင့္ (၂) ပြဲဆက္တိုက္ ဂိုးျပတ္ႏိုင္ပြဲေတြကို ေဖာ္ေဆာင္ႏိုင္ခဲ့ပါတယ္။ ႐ိုးမားအသင္းဟာ ပယ္လီဂရီနီရဲ႕သြင္းဂိုးႏွစ္ဂိုး၊ ဗာရီေတာက္၊ ေအဘရာဟမ္တို႔ရဲ႕ သြင္းဂိုးေတြနဲ႔အတူ (၄) ဂိုးျပတ္အႏိုင္ရရွိခဲ့တာျဖစ္ၿပီး (၂) ပြဲကစားၿပီးခ်ိန္မွာ ႏိုင္ပြဲ (၂) ပြဲနဲ႔ ရမွတ္တူ ဂိုးကြာျခားခ်က္ေၾကာင့္ အဆင့္ (၃) ေနရာမွာ ရပ္တည္ေနခဲ့တာပါ။
႐ိုးမားအသင္းဟာ ရာသီအဖြင့္ပြဲအျဖစ္ ဖီအိုရင္တီးနားအသင္းကို အိမ္ကြင္းမွာ ရင္ဆိုင္ခဲ့ရတုန္းကလည္း ၃-၁ ဂိုးနဲ႔ ေျခစြမ္းျပအႏိုင္ယူခဲ့သလို ၾကားထဲမွာ ကစားခဲ့တဲ့ ယူ႐ိုပါကြန္ဖရင့္လိဂ္ပြဲစဥ္ (၂) ေက်ာ့လုံးမွာလည္း ႏိုင္ပြဲေတြ ရယူႏိုင္ခဲ့ပါတယ္။ ႐ိုးမားအသင္းဟာ ကြန္ဖရင့္လိဂ္ Play- Off ပထမအေက်ာ့ပြဲစဥ္အျဖစ္ ထရက္ဇြန္စေပၚအသင္းကို အေဝးကြင္းမွာသြားေရာက္ရင္ဆိုင္ခဲ့တုန္းက ၁-၂ ဂိုးနဲ႔ အႏိုင္ရရွိခဲ့သလို အိမ္ကြင္းမွာလည္း ၃-၀ ဂိုးနဲ႔ အႏိုင္ရရွိခဲ့တာပါ။
ေမာ္ရင္ဟိုကေတာ့ ပူပူေႏြးေႏြး ႏိုင္ပြဲအၿပီး “ပြဲစကတည္းက ကြၽန္ေတာ္ လုံး၀ စိတ္မပူ မိပါဘူး ။ အသင္းရဲ႕ ကစားပုံ က တကယ္ေကာင္း ခဲ့ပါတယ္ ။ ဖီအိုရင္တီးနား ပြဲမွာ တုန္းကလည္း သူတို႔ ေခ်ပဂိုး ျပန္ရသြားတဲ့ အခ်ိန္ထက္ ကြၽန္ေတာ္တို႔ ဦးေဆာင္ဂိုး ရလိုက္တဲ့ အခ်ိန္မွာ ပိုၿပီး စိတ္ပူ ခဲ့မိတယ္လို႔ အသင္းသားေတြကို ေျပာျပ ခဲ့ဖူးပါတယ္ ။ အခုပြဲမွာလည္း ကြၽန္ေတာ္တို႔ က ပြဲကို စိုးမိုး ထားခဲ့တာပါ”
“ၿပိဳင္ဘက္ ကစားသမား ေတြကို ဆြဲေခၚတယ္။ ကြင္းထဲမွာ ေတာက္ေလ်ာက္ ေမာင္းကစားတယ္ ။ပြဲမတိုင္ခင္ ေလ့က်င့္ခဲ့တဲ့ ပုံစံအတိုင္း ကြၽန္ေတာ္တို႔ ကစားႏိုင္ခဲ့ ပါတယ္”
“အခုထိ ကြၽန္ေတာ္တို႔ အင္အားက မေတာင့္တင္း ေသးပါဘူး ။ အရန္ခုံတန္းကို ၾကည့္လိုက္တဲ့ အခါမွာ အေတြ႕ အႀကဳံရင့္ ကစားသမား အခ်ိဳ႕ လိုအပ္ေနေသး တာကို သတိျပဳမိ ပါတယ္ ။ ဒီလိဂ္ မွာပဲ ကြၽန္ေတာ္တို႔ ထက္ ပိုအင္အားႀကီးတဲ့ အသင္းေတြ ရွိေနပါတယ္”
“ဒါေပမယ့္ ကြၽန္ေတာ္ ကေတာ့ အခုလက္ရွိ ေကာင္ေလးေတြနဲ႔ အလုပ္လုပ္ ရတာကို ေက်နပ္ အားရ မိပါတယ္ ။ ကြၽန္ေတာ္တို႔ထက္ ပိုၿပီး အင္အားႀကီးတဲ့ အသင္းေတြနဲ႔ ရင္ဆိုင္ ကစားရတဲ့ အခါမွာလည္း အႏိုင္ရဖို႔ အတြက္ပဲ ကစား သြားမွာပါ” လို႔ ေျပာဆိုပါတယ္။