ဘာမင်ဂမ် လူငယ်လေးကို ပြောင်းရွှေ့ကြေး အမြောက်အမြားနဲ့ ခေါ်ယူဖို့ ယူနိုက်တက် အသင့်ရှိနေ

ယူနိုက်တက်အသင်းဟာ အသက် ၁၆ နှစ်အရွယ် ဘာမင်ဟမ် ကွင်းလယ်လူ ဂျူဒီဘယ်လင်ဟန်ကို ခေါ်ယူပြီး တိုက်စစ်ပိုင်းမှာ အားဖြည့်ဖိ့ုအတွက် ပြင်ဆင်နေပါတယ်။
အဆိုပါ လူငယ်ကစားသမားလေးကို ခဲျလ်ဆီးအသင်းနည်းပြ ဖရန့်လမ်းပတ်ကလဲ ခေါ်ယူဖိ့ု စိတ်ဝင်စားနေတာ ဖြစ်ပါတယ် ။


ဘာမင်ဟမ်အသင်းကလည်း ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို လက်ခံဖွယ်ရှိနေသော်လည်း ကစားသမားကို ရာသီကုန်အထိတေ့ာ အဌားပြန်ချထားစေလိုနေပါတယ်။
ဘယ်လင်ဟမ်ကို ဝုဗ်အသင်းရဲ့ ကမ်းလှမ်းမှုကတော့ ပယ်ချခံခဲ့ရပြီး သူရဲ့စာချုပ်ကုန်ဆုံးချိန်မှာ အခြားသော နိုင်ငံခြားကလပ်အသင်းတွေကလည်း ဈေးသက်သက်သာသာနဲ့ ခေါ်ယူနိုင်ဖို့ ကြံရွယ်နေကြပါတယ်။


ဘာမင်ဟမ်အသင်းရဲ့ နည်းပြ ပတ်ကလိုတက်ကတေ့ာ ဘယ်လင်ဟမ်လို လူငယ်ကစားသမားတွေကို ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားတာဖြစ်ပြီး ပီတာဘိုရော့ဂ်ျအသင်း ကစားသမား မားကပ်စ်မက်ဒီဆင်ကိုလည်း ခေါ်ယူနိုင်ဖို့ ကြံရွယ်နေပါတယ်။


ပီတာဘိုရော့ဂျ်အသင်းကတော့ အဆိုပါ ကွင်းလယ်တိုက်စစ်ကစားသမားအတွက် ပေါင် ၁. ၅ သန်း ခန့်တောင်းဆိုဖွယ် ရှိပေမယ့် ဘာမင်ဟမ်အသင်းကတော့ ကစားသမားချင်း (သို့) ဂိုးသမား ဒေးဗစ်စတော့ဒေးလ်ကိုပါ အလိုက်ပေးပြီး ၂ ယောက် ၁ ယောက် လဲလှယ်လိုနေပါတယ်။


ယူနိုက်တက်အသင်းဟာ လီဗာပူးကစားသမားဟောင်း အမ်မရီကန်ကိုလည်း ခေါ်ယူဖို့ ကြံရွယ်နေပါတယ်။
လက်ရှိမှာ အသက် ၂၆ နှစ်အရွယ် ဂျာမန်သား ကွင်းလယ်လူကို ဂျူဗင်တပ်စ်အသင်းက ပေါင် သန်း ၃၀ ဖြင့် ရောင်းချဖို့ အသင့်ရှိနေပါတယ်။