ဘာမင်ဂမ်လူငယ်ကြယ်ပွင့်အတွက် ဖာဂူဆန်ရဲ့အကူအညီကိုယူခဲ့ရတဲ့ မန်ယူ

photo-daily mail

photo-gettyimages

မန်ယူအသင်းဟာ ဘာမင်ဂမ်လူငယ်ကြယ်ပွင့်ဘယ်လင်ဂမ်ကို ခေါ်ယူနိုင်ရေးအတွက် အသင်းဂန္ထဝင်နည်းပြဟောင်းဖာဂူဆန်ရဲ့အကူအညီကို ယူခဲ့ရတယ်လို့ သတင်းတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။ ဒီရာသီချန်ပီယံရှစ်မှာ ဘာမင်ဂမ်အတွက် အထူးခြေစွမ်းပြနေတဲ့ ဘယ်လင်ဂမ်ဟာ ပြီးခဲ့တဲ့တနင်္လာနေ့မှာ မန်ယူအသင်းနဲ့ ဆွေးနွေးမှုပြုလုပ်ခဲ့တယ်လို့ ယုံကြည်ရပါတယ်။ ၁၆ နှစ်သာရှိသေးတဲ့ အဲဒီကွင်းလယ်လူဟာ ဘာမင်ဂမ်အသင်းရဲ့ခွင့်ပြုချက်နဲ့အတူ ပြီးခဲ့တဲ့တနင်္လာနေ့က မန်ယူရဲ့ကာရင်တန်လေ့ကျင့်ရေးကွင်းကို မိဘတွေနဲ့အတူ လာရောက်လည်ပတ်ခဲ့ပါတယ်။

photo-gettyimages

မန်ယူဟာ ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့ကတည်းက ဘယ်လင်ဂမ်ကို ခေါ်ယူဖို့ စိတ်အားထက်သန်ခဲ့ပေမယ့်  ဘာမင်ဂမ်က ရောင်းချဖု့ိ ငြင်းဆန်ခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ ဘာမင်ဂမ်ဟာ ဘယ်လင်ဂမ်အတွက် ပိုက်ဆံရှာဖို့ အဆင်သင့်ဖြစ်နေပြီး ဘွန်ဒက်စ်လီဂါကလပ်ဒေ့ါမန်နဲ့တောင် ပြောင်းရွှေ့ကြေးသဘောတူညီရထားပြီးသားလို့ ယုံကြည်ရပါတယ်။ ဒါပေမဲ့လည်း ဘယ်လင်ဂမ်ရဲ့မိဘတွေဟာ ပြီးခဲ့တဲ့တနင်္လာနေ့က မန်ယူအသင်းအမှုဆောင်အရာရှိအက်ဝုဒ်ဝပ်၊နည်းပြဆိုးလ်ရှားတို့နဲ့ အသင်းလေ့ကျင့်ရေးကွင်းမှာ ဆွေးနွေးမှုလုပ်ခဲ့ပါတယ်။

photo-gettyimages

တစ်နည်းအားဖြင့် ကစားသမားဘက်က ရွေးချယ်မှုအတွက် ဆုံးဖြတ်ဖို့သာ ရှိတော့တာပါ။ ဒီလိုမျိုး အပြိုင်အဆိုင်ဖြစ်နေချိန်မှာ မန်ယူဟာ ဖာဂူဆန်ရဲ့အကူအညီကိုယူခဲ့ရတာပါ။ ဖာဂူဆန်ဟာ အဲဒီဆယ်ကျော်သက်ကစားသမားလေးကို ကလပ်အတွင်း လိုက်လံပြသပေးခဲ့ပြီး အဲဒါက ရီးရဲလ်၊ဘာစီလိုနာ၊ဒေါ့မန်၊ဘိုင်ယန်မြူးနစ်နဲ့ မန်စီးတီးတို့ထက် အိုးလ်ထရက်ဖို့ဒ်ကိုသာ ဘယ်လင်ဂမ်ရွေးချယ်ဖို့အတွက် ဆွဲဆောင်ရာမှာ အကူအညီဖြစ်စေမှာပါ။ ဖာဂူဆန်ဟာ ဆိုးလ်ရှားလက်ထက်မှာ မန်ယူလေ့ကျင့်ရေးကွင်းကို ပိုမိုလာရောက်တတ်ပေမယ့် သူရောက်လာမှုက အကြိမ်ရေအားဖြင့် နည်းပါးနေဆဲပါပဲ။

[Zawgyi]

ဘာမင္ဂမ္လူငယ္ၾကယ္ပြင့္အတြက္ ဖာဂူဆန္ရဲ႕အကူအညီကိုယူခဲ့ရတဲ့ မန္ယူ

မန္ယူအသင္းဟာ ဘာမင္ဂမ္လူငယ္ၾကယ္ပြင့္ဘယ္လင္ဂမ္ကို ေခၚယူႏိုင္ေရးအတြက္ အသင္းဂႏၳ၀င္နည္းျပေဟာင္းဖာဂူဆန္ရဲ႕အကူအညီကို ယူခဲ့ရတယ္လို႔ သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ သိရပါတယ္။ ဒီရာသီခ်န္ပီယံရွစ္မွာ ဘာမင္ဂမ္အတြက္ အထူးေျခစြမ္းျပေနတဲ့ ဘယ္လင္ဂမ္ဟာ ၿပီးခဲ့တဲ့တနလၤာေန႔မွာ မန္ယူအသင္းနဲ႔ ေဆြးေႏြးမႈျပဳလုပ္ခဲ့တယ္လုိ႔ ယုံၾကည္ရပါတယ္။ ၁၆ ႏွစ္သာရွိေသးတဲ့ အဲဒီကြင္းလယ္လူဟာ ဘာမင္ဂမ္အသင္းရဲ႕ခြင့္ျပဳခ်က္နဲ႔အတူ ၿပီးခဲ့တဲ့တနလၤာေန႔က မန္ယူရဲ႕ကာရင္တန္ေလ့က်င့္ေရးကြင္းကို မိဘေတြနဲ႔အတူ လာေရာက္လည္ပတ္ခဲ့ပါတယ္။

မန္ယူဟာ ၿပီးခဲ့တဲ့ဇန္န၀ါရီအေျပာင္းအေရႊ႕ကတည္းက ဘယ္လင္ဂမ္ကို ေခၚယူဖုိ႔ စိတ္အားထက္သန္ခဲ့ေပမယ့္  ဘာမင္ဂမ္က ေရာင္းခ်ဖု႔ိ ျငင္းဆန္ခဲ့ပါတယ္။ ဒါေပမဲ့ အခုေတာ့ ဘာမင္ဂမ္ဟာ ဘယ္လင္ဂမ္အတြက္ ပိုက္ဆံရွာဖို႔ အဆင္သင့္ျဖစ္ေနၿပီး ဘြန္ဒက္စ္လီဂါကလပ္ေဒ့ါမန္နဲ႔ေတာင္ ေျပာင္းေရႊ႕ေၾကးသေဘာတူညီရထားၿပီးသားလို႔ ယုံၾကည္ရပါတယ္။ ဒါေပမဲ့လည္း ဘယ္လင္ဂမ္ရဲ႕မိဘေတြဟာ ၿပီးခဲ့တဲ့တနလၤာေန႔က မန္ယူအသင္းအမႈေဆာင္အရာရွိအက္၀ုဒ္၀ပ္၊နည္းျပဆုိးလ္ရွားတို႔နဲ႔ အသင္းေလ့က်င့္ေရးကြင္းမွာ ေဆြးေႏြးမႈလုပ္ခဲ့ပါတယ္။

တစ္နည္းအားျဖင့္ ကစားသမားဘက္က ေရြးခ်ယ္မႈအတြက္ ဆုံးျဖတ္ဖို႔သာ ရွိေတာ့တာပါ။ ဒီလိုမ်ိဳး အၿပိဳင္အဆုိင္ျဖစ္ေနခ်ိန္မွာ မန္ယူဟာ ဖာဂူဆန္ရဲ႕အကူအညီကိုယူခဲ့ရတာပါ။ ဖာဂူဆန္ဟာ အဲဒီဆယ္ေက်ာ္သက္ကစားသမားေလးကို ကလပ္အတြင္း လုိက္လံျပသေပးခဲ့ၿပီး အဲဒါက ရီးရဲလ္၊ဘာစီလုိနာ၊ေဒါ့မန္၊ဘုိင္ယန္ျမဴးနစ္နဲ႔ မန္စီးတီးတို႔ထက္ အိုးလ္ထရက္ဖုိ႔ဒ္ကိုသာ ဘယ္လင္ဂမ္ေရြးခ်ယ္ဖုိ႔အတြက္ ဆြဲေဆာင္ရာမွာ အကူအညီျဖစ္ေစမွာပါ။ ဖာဂူဆန္ဟာ ဆိုးလ္ရွားလက္ထက္မွာ မန္ယူေလ့က်င့္ေရးကြင္းကို ပိုမိုလာေရာက္တတ္ေပမယ့္ သူေရာက္လာမႈက အႀကိမ္ေရအားျဖင့္ နည္းပါးေနဆဲပါပဲ။