ဘာပေ၊ နေမာ၊ မက်ဆီအပါအဝင် ကစားသမားတွေအတွက် တင်းကျပ်တဲ့စည်းမျဉ်းချမှတ်လိုက်တဲ့ PSG

PSG အသင်းဟာ နာမည်ကျော်ဘောလုံးသမားတွေဖြစ်တဲ့ ဘာပေ၊ နေမာ၊

မက်ဆီတို့အပါအဝင် အသင်းက,ကစားသမားတွေ လိုက်နာဖို့ တင်းကျပ်တဲ့

စည်းမျဉ်းစည်းကမ်းတွေ ချမှတ်လိုက်ပါတယ်။ PSG အသင်းဟာ ပြီးခဲ့တဲ့ရာသီက

ချန်ပီယံလိဂ်မှာ အောင်မြင်မှုမရခဲ့တဲ့အတွက် ပိုချက်တီနိုနဲ့လမ်းခွဲပြီးတော့

ပြီးခဲ့တဲ့ဇူလိုင်လမှာ နိုက်စ်၊ လိုင်လီနည်းပြဟောင်းဂယ်လ်တီယာကို နည်းပြသစ်အဖြစ်

ခန့်အပ်ခဲ့ပါတယ်။ ဂယ်လ်တီယာနဲ့အတူ အသင်းရဲ့အကြံပေးတာဝန်ရှိသူ

အသစ်ဖြစ်တဲ့ လူးဝစ်ကမ်ပို့စ်တို့ဟာ ဘာပေ၊ နေမာ၊ မက်ဆီတို့အပါအဝင်

High Profile ကစားသမားတွေကို စည်းမျဉ်းစည်းကမ်းနဲ့အညီဖြစ်အောင်

ကိုင်တွယ်သွားမှာဖြစ်ပြီး ပိုချက်တီနိုလက်ထက်တုန်းကလို ကစားသမားတွေ

ကြားမှာ ညီညွတ်မှုမရှိတဲ့အဖြစ်အပျက်မျိုး ထပ်မဖြစ်အောင်ဆောင်ရွက်

သွားမှာဖြစ်ပါတယ်။ ဂယ်လ်တီယာဟာ ကစားသမားတွေ မနက်စာ၊

နေ့လည်စာ,စားချိန်မှာ အားလုံးအတူတကွ စားသောက်ရမှာဖြစ်ပြီး

အဲဒီအချိန်အတွင်း ဘယ်သူမှ ဖုန်းသုံးခွင့်ပြုမှာမဟုတ်ဘူးလို့ စည်းကမ်း

သတ်မှတ်ထားပြီးဖြစ်ပါတယ်။ ဒါ့အပြင် နာမည်ကျော်ကစားသမားတွေကို

Night Out ထွက်ခွင့်ပိတ်ပင်ထားပြီး လူးဝစ်ကမ်ပို့စ်ဟာ ပဲရစ်မြို့အတွင်းမှာရှိတဲ့

Night Club ပိုင်ရှင်တွေဆီ ဆက်သွယ်ပြီးတော့ အသင်းက,ကစားသမား

တစ်ယောက်ယောက် လာလို့ရှိရင် သူ့ကို ချက်ချင်းအကြောင်းကြားဖို့

အသိပေးခဲ့ပါတယ်။ လူးဝစ်ကမ်ပို့စ်က “အသင်းက ချမှတ်ထားတဲ့စည်းကမ်းတွေကို

မလိုက်နာနိုင်တဲ့သူရှိရင် အဲဒီကစားသမားတွေဟာ ဒီအသင်းနဲ့အချိန်မရွေး

လမ်းခွဲနိုင်ပါတယ်”လို့ ပြတ်ပြတ်သားသားပြောခဲ့သလို ဂယ်လ်တီယာကလည်း

“အသင်းရဲ့ ပုံစံခွက်ထဲက ဖောက်ထွက်တဲ့သူရှိရင် အသင်းကထွက်ခွင့်ပြုသွားမှာဖြစ်ပြီး

အသင်းရဲ့အထက်မှာ ဘယ်သူမှနေခွင့်မရှိပါဘူး”လို့ သတိပေးခဲ့ပါတယ်။

PSG အသင်းနာမည်ကျော်ကစားသမားတချို့ဟာ အရင်နည်းပြဟောင်းတွေ

လက်ထက်တုန်းက စည်းကမ်းလိုက်နာမှုအားနည်းခဲ့ကြပြီး PSG အသင်းပိုင်ရှင်

အယ်လ်ခီလိုင်ဖီကိုယ်တိုင်ကလည်း အဲဒီလိုပုံစံမျိုး နောက်ထပ် အဖြစ်ခံမှာ

မဟုတ်ဘူးဆိုတာ အသိပေးပြောကြားခဲ့ပါတယ်။

zawgyi

ဘာေပ၊ ေနမာ၊ မက္ဆီအပါအဝင္ ကစားသမားေတြအတြက္ တင္းက်ပ္တဲ့စည္းမ်ဥ္းခ်မွတ္လိုက္တဲ့ PSG

PSG အသင္းဟာ နာမည္ေက်ာ္ေဘာလုံးသမားေတြျဖစ္တဲ့ ဘာေပ၊ ေနမာ၊

မက္ဆီတို႔အပါအဝင္ အသင္းက,ကစားသမားေတြ လိုက္နာဖို႔ တင္းက်ပ္တဲ့

စည္းမ်ဥ္းစည္းကမ္းေတြ ခ်မွတ္လိုက္ပါတယ္။ PSG အသင္းဟာ ၿပီးခဲ့တဲ့ရာသီက

ခ်န္ပီယံလိဂ္မွာ ေအာင္ျမင္မႈမရခဲ့တဲ့အတြက္ ပိုခ်က္တီႏိုနဲ႔လမ္းခြဲၿပီးေတာ့

ၿပီးခဲ့တဲ့ဇူလိုင္လမွာ ႏိုက္စ္၊ လိုင္လီနည္းျပေဟာင္းဂယ္လ္တီယာကို နည္းျပသစ္အျဖစ္

ခန႔္အပ္ခဲ့ပါတယ္။ ဂယ္လ္တီယာနဲ႔အတူ အသင္းရဲ႕အႀကံေပးတာဝန္ရွိသူ

အသစ္ျဖစ္တဲ့ လူးဝစ္ကမ္ပို႔စ္တို႔ဟာ ဘာေပ၊ ေနမာ၊ မက္ဆီတို႔အပါအဝင္

High Profile ကစားသမားေတြကို စည္းမ်ဥ္းစည္းကမ္းနဲ႔အညီျဖစ္ေအာင္

ကိုင္တြယ္သြားမွာျဖစ္ၿပီး ပိုခ်က္တီႏိုလက္ထက္တုန္းကလို ကစားသမားေတြ

ၾကားမွာ ညီၫြတ္မႈမရွိတဲ့အျဖစ္အပ်က္မ်ိဳး ထပ္မျဖစ္ေအာင္ေဆာင္႐ြက္

သြားမွာျဖစ္ပါတယ္။ ဂယ္လ္တီယာဟာ ကစားသမားေတြ မနက္စာ၊

ေန႔လည္စာ,စားခ်ိန္မွာ အားလုံးအတူတကြ စားေသာက္ရမွာျဖစ္ၿပီး

အဲဒီအခ်ိန္အတြင္း ဘယ္သူမွ ဖုန္းသုံးခြင့္ျပဳမွာမဟုတ္ဘူးလို႔ စည္းကမ္း

သတ္မွတ္ထားၿပီးျဖစ္ပါတယ္။ ဒါ့အျပင္ နာမည္ေက်ာ္ကစားသမားေတြကို

Night Out ထြက္ခြင့္ပိတ္ပင္ထားၿပီး လူးဝစ္ကမ္ပို႔စ္ဟာ ပဲရစ္ၿမိဳ႕အတြင္းမွာရွိတဲ့

Night Club ပိုင္ရွင္ေတြဆီ ဆက္သြယ္ၿပီးေတာ့ အသင္းက,ကစားသမား

တစ္ေယာက္ေယာက္ လာလို႔ရွိရင္ သူ႔ကို ခ်က္ခ်င္းအေၾကာင္းၾကားဖို႔

အသိေပးခဲ့ပါတယ္။ လူးဝစ္ကမ္ပို႔စ္က “အသင္းက ခ်မွတ္ထားတဲ့စည္းကမ္းေတြကို

မလိုက္နာႏိုင္တဲ့သူရွိရင္ အဲဒီကစားသမားေတြဟာ ဒီအသင္းနဲ႔အခ်ိန္မေ႐ြး

လမ္းခြဲႏိုင္ပါတယ္”လို႔ ျပတ္ျပတ္သားသားေျပာခဲ့သလို ဂယ္လ္တီယာကလည္း

“အသင္းရဲ႕ ပုံစံခြက္ထဲက ေဖာက္ထြက္တဲ့သူရွိရင္ အသင္းကထြက္ခြင့္ျပဳသြားမွာျဖစ္ၿပီး

အသင္းရဲ႕အထက္မွာ ဘယ္သူမွေနခြင့္မရွိပါဘူး”လို႔ သတိေပးခဲ့ပါတယ္။

PSG အသင္းနာမည္ေက်ာ္ကစားသမားတခ်ိဳ႕ဟာ အရင္နည္းျပေဟာင္းေတြ

လက္ထက္တုန္းက စည္းကမ္းလိုက္နာမႈအားနည္းခဲ့ၾကၿပီး PSG အသင္းပိုင္ရွင္

အယ္လ္ခီလိုင္ဖီကိုယ္တိုင္ကလည္း အဲဒီလိုပုံစံမ်ိဳး ေနာက္ထပ္ အျဖစ္ခံမွာ

မဟုတ္ဘူးဆိုတာ အသိေပးေျပာၾကားခဲ့ပါတယ္။