ဘာပေ၊ဟာလန်းခေါ်ယူရေးကိစ္စတွေကို ဗန်းပြခြိမ်းခြောက်ပြောဆိုတဲ့ ရီးရဲလ်ဥက္ကဌ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဥရောပစူပါလိဂ်ပြိုင်ပွဲသာ လုံးဝမဖြစ်လာခဲ့ဘူးဆိုရင် လက်ရှိဘောလုံးလောကရဲ့ အကောင်းဆုံး ကစားသမားတွေလို့ ပြောရမယ့် အမ်ဘာပေနဲ့ ဟာလန်းတို့လို ကစားသမားတွေကို ဘယ်ကလပ်ကမှ ခေါ်ယူနိုင်ဖို့ မဖြစ်နိုင်ဘူးလို့ ရီးရဲလ်ဥက္ကဌ ဖလော်ရန်တီနိုပီရက်ဇ်က ထုတ်ဖော်ပြောဆိုလာပါတယ်။

ရီးရဲလ်အသင်းအနေနဲ့ လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ အမ်ဘာပေကို ခေါ်ယူဖို့ အဓိကလုပ်ဆောင်နေပြီး ဟာလန်းကိုလည်း ခေါ်ယူဖို့ စောင့်ကြည့်နေတယ် လို့ အချို့ သတင်းတွေရဲ့ဖော် ပြချက်အရ သိရပါတယ်။

ပိုက်ဆံ အမြတ်အစွန်းတွေ ပိုမိုရရှိနိုင်မယ့် ပြိုင်ပွဲတစ်ခု မဖြစ်လာတော့တဲ့အတွက် ကလပ်အသင်းတွေရဲ့ကြားမှာ ငွေကြေးစီးဆင်းမှု မရှိနိုင်တော့ဘဲ ထိပ်တန်းကစားသမားတွေရဲ့ အပြောင်းအရွှေ့တွေပါထိခိုက်လာနိုင်ဖွယ်ရှိကြောင်းကို ဥရောပစူပါလိဂ် ပြိုင်ပွဲဥက္ကဌအဖြစ် ခန့်အပ်ခံထားခဲ့ရတဲ့ ပီရက်ဇ်က ပြောဆိုလာတာပါ။

ပီရက်ဇ်က ” လာမယ့်နွေရာသီမှာ အပြောင်းအရွှေ့ ကြီးကြီးမားမားတွေ ဖြစ်မ လာနိုင်ပါဘူး။ တန်ဖိုးကြီးတဲ့အပြောင်းအရွှေ့တွေမှာ ငွေကြေးက ချမ်းသာတဲ့အသင်းကြီးတွေကနေ အသင်းငယ်တွေဆီ ကို စီးဆင်းတာပါ။”

“ပိုက်ဆံ မစီးဆင်းလာနိုင်တော့ဘူးဆိုရင် လူတိုင်းဒုက္ခရောက်ရပါလိမ့်မယ်။ ဒါကြောင့် ဟာလန်း ဘာပေတို့လို ထိပ်တန်းကစားသမားတွေရဲ့ အပြောင်းအရွှေ့တွေဆိုတာ မဖြစ်နိုင်တော့ပါဘူး။ အဲဒါက ရီးရဲလ်တစ်သင်းတည်း မဟုတ်ပါဘူး။”

“စူပါလိဂ်သာ မရှိလာခဲ့ဘူးဆိုရင် အသင်းတိုင်းက ထိပ်တန်းအပြောင်းအရွှေ့တွေကို လုပ်ဆောင်နိုင်တော့မှာ မဟုတ်ပါဘူး။ကျွန်တော်တို့တွေ ဘာပေကိုသာ မခေါ်ယူပေးနိုင်ဘူးဆိုရင် အသင်းပရိသတ်တွေစိတ်ပျက်သွားနိုင်ပါတယ်။ ကျွန်တော်တို့ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့ပေမယ့် ဖြစ်လာနိုင်ခြေမရှိလို့ မဖြစ်လာခဲ့တာလို့ မှတ်ယူရပါလိမ့်မယ်”ဆိုပြီးပြောပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဘာေပ၊ဟာလန္းေခၚယူေရးကိစၥေတြကို ဗန္းျပၿခိမ္းေျခာက္ေျပာဆိုတဲ့ ရီးရဲလ္ဥကၠဌ

ဥေရာပစူပါလိဂ္ၿပိဳင္ပြဲသာ လုံးဝမျဖစ္လာခဲ့ဘူးဆိုရင္ လက္ရွိေဘာလုံးေလာကရဲ့ အေကာင္းဆုံး ကစားသမားေတြလို႔ ေျပာရမယ့္ အမ္ဘာေပနဲ႔ ဟာလန္းတို့လို ကစားသမားေတြကို ဘယ္ကလပ္ကမွ ေခၚယူနိုင္ဖို့ မျဖစ္နိုင္ဘူးလို့ ရီးရဲလ္ဥကၠဌ ဖေလာ္ရန္တီနိုပီရက္ဇ္က ထုတ္ေဖာ္ေျပာဆိုလာပါတယ္။

ရီးရဲလ္အသင္းအေနနဲ႔ လာမယ့္ေႏြရာသီအေျပာင္းအေရႊ႕မွာ အမ္ဘာေပကို ေခၚယူဖို့ အဓိကလုပ္ေဆာင္ေနၿပီး ဟာလန္းကိုလည္း ေခၚယူဖို့ ေစာင့္ၾကည့္ေနတယ္ လို႔ အခ်ုိ႕ သတင္းေတြရဲ့ေဖာ္ ျပခ်က္အရ သိရပါတယ္။

ပိုက္ဆံ အျမတ္အစြန္းေတြ ပိုမိုရရွိနိုင္မယ့္ ၿပိဳင္ပြဲတစ္ခု မျဖစ္လာေတာ့တဲ့အတြက္ ကလပ္အသင္းေတြရဲ့ၾကားမွာ ေငြေၾကးစီးဆင္းမွု မရွိနိုင္ေတာ့ဘဲ ထိပ္တန္းကစားသမားေတြရဲ့ အေျပာင္းအေရႊ႕ေတြပါထိခိုက္လာႏိုင္ဖြယ္ရိွေၾကာင္းကို ဥေရာပစူပါလိဂ္ ၿပိဳင္ပြဲဥကၠဌအျဖစ္ ခန႔္အပ္ခံထားခဲ့ရတဲ့ ပီရက္ဇ္က ေျပာဆိုလာတာပါ။

ပီရက္ဇ္က ” လာမယ့္ေႏြရာသီမွာ အေျပာင္းအေရႊ႕ ႀကီးႀကီးမားမားေတြ ျဖစ္မ လာနိုင္ပါဘူး။ တန္ဖိုးႀကီးတဲ့အေျပာင္းအေရႊ႕ေတြမွာ ေငြေၾကးက ခ်မ္းသာတဲ့အသင္းႀကီးေတြကေန အသင္းငယ္ေတြဆီ ကို စီးဆင္းတာပါ။”

“ပိုက္ဆံ မစီးဆင္းလာနိုင္ေတာ့ဘူးဆိုရင္ လူတိုင္းဒုကၡေရာက္ရပါလိမ့္မယ္။ ဒါေၾကာင့္ ဟာလန္း ဘာေပတို့လို ထိပ္တန္းကစားသမားေတြရဲ့ အေျပာင္းအေရႊ႕ေတြဆိုတာ မျဖစ္နိုင္ေတာ့ပါဘူး။ အဲဒါက ရီးရဲလ္တစ္သင္းတည္း မဟုတ္ပါဘူး။”

“စူပါလိဂ္သာ မရွိလာခဲ့ဘူးဆိုရင္ အသင္းတိုင္းက ထိပ္တန္းအေျပာင္းအေရႊ႕ေတြကို လုပ္ေဆာင္နိုင္ေတာ့မွာ မဟုတ္ပါဘူး။ကၽြန္ေတာ္တို့ေတြ ဘာေပကိုသာ မေခၚယူေပးနိုင္ဘူးဆိုရင္ အသင္းပရိသတ္ေတြစိတ္ပ်က္သြားႏိုင္ပါတယ္။ ကၽြန္ေတာ္တို့ အေကာင္းဆုံးျဖစ္ေအာင္ လုပ္ခဲ့ေပမယ့္ ျဖစ္လာနိုင္ေျခမရွိလို့ မျဖစ္လာခဲ့တာလို့ မွတ္ယူရပါလိမ့္မယ္”ဆုိၿပီးေျပာပါတယ္။