ဘာပေအထွက်၊ ဟယ်ရီကိန်းဝင်နိုင်ဖို့ တွေးထားတဲ့ ပိုချက်တီနို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပီအက်စ်ဂျီအသင်းအနေနဲ့ လာမယ့်နွေရာသီ အပြောင်းအရွှေ့ဈေးကွက်အတွင်း ပြင်သစ်တိုက်စစ်မှူးဘာပေကို လက်လွတ်ဆုံးရှုံးရမယ်ဆိုရင် စပါးအသင်းရဲ့ အင်္ဂလန်တိုက်စစ်မှူး ဟယ်ရီကိန်းနဲ့ ပြန်လည်အစားထိုးသွားမယ်လို့ သိရှိရပါတယ်။

နည်းပြပိုချက်တီနို ဟာ ပီအက်စ်ဂျီ အသင်းကို ကိုင်တွယ်အပြီးမှာ စပါး အသင်းကစားသမား အများအပြားနဲ့ ပြန်လည်လက်တွဲဖို့ ပစ်မှတ်ထားလာခဲ့တာပါ။အသက် (၂၂)နှစ်အရွယ်ရှိ တိုက်စစ်ကစားသမားဘာပေဟာ လာမယ့်၂၀၂၂ခုနှစ်မှာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပါတယ်။

ဒါပေမယ့် လက်ရှိအချိန်အထိအသင်းဘက်ကနေ သက်တမ်းတိုးကမ်းလှမ်းဖို့ ထူးခြားတဲ့ အရိပ်အယောင်တွေ မရှိသေးပါဘူး။ တစ်ဖက်မှာတော့ ဘာပေကို ရီးရဲလ်မက်ထရစ်၊ လီဗာပူးအသင်းတို့ကနေ အပြိုင်ပစ်မှတ်ထားနေကြပါတယ်။ မကြာသေးခင်ကတော့ စပါး အသင်းဟာ သူတို့ရဲ့တိုက်စစ်မှူး ကို ပေါင်သန်း(၁၅၀)ဈေးသတ်မှတ်ခဲ့ပြီး ဒီထက်လျော့နည်းတဲ့ ဘယ်လိုကမ်းလှမ်းမှုကိုမှ လက်ခံမှာ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။

ဒီရာသီ စပါး အသင်းအတွက် ပရီးမီးယားလိဂ် (၁၃)ဂိုးသွင်းယူထားပြီး (၁၁)ဂိုးဖန်တီးထားတဲ့ ဟယ်ရီကိန်း ဟာ သူ့ရဲ့ကစားသမားဘဝ ပထမဆုံးဆုဖလားကိုင်မြှောက်နိုင်ဖို့ အတွက် စောင့်ဆိုင်းနေပါတယ်။

အသက်(၂၇)နှစ်အရွယ်ရှိ အင်္ဂလန်လက်ရွေးစင် တိုက်စစ်ကစားသမား ဟယ်ရီကိန်းဟာ ၂၀၂၄ခုနှစ်အထိ စပါးအသင်းနဲ့ စာချုပ်သက်တမ်း ရှိနေသေးသူဖြစ်ပြီး၊ သူ့ရဲ့တစ်ပတ်လုပ်ခလစာက ပေါင်(၂)သိန်းသာ ရရှိနေတာပါ။ နောက်ထပ် ကစားသမားပြစ်မှတ်ကတော့ ဒယ်လီအလီ နဲ့ ဟူဂိုလိုရစ် တို့ကိုလည်း ပိုချက်တီနို က ခေါ်ယူချင်နေတယ်လို့ သတင်းထွက်ထားတာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဘာေပအထြက္၊ ဟယ္ရီကိန္းဝင္ႏိုင္ဖို႔ ေတြးထားတဲ့ ပိုခ်က္တီႏို

ပီအက္စ္ဂ်ီအသင္းအေနနဲ႔ လာမယ့္ေႏြရာသီ အေျပာင္းအေ႐ႊ႕ေဈးကြက္အတြင္း ျပင္သစ္တိုက္စစ္မႉးဘာေပကို လက္လြတ္ဆုံးရႈံးရမယ္ဆိုရင္ စပါးအသင္းရဲ႕ အဂၤလန္တိုက္စစ္မႉး ဟယ္ရီကိန္းနဲ႔ ျပန္လည္အစားထိုးသြားမယ္လို႔ သိရွိရပါတယ္။ နည္းျပပိုခ်က္တီႏို ဟာ ပီအက္စ္ဂ်ီ အသင္းကို ကိုင္တြယ္အၿပီးမွာ စပါး အသင္းကစားသမား အမ်ားအျပားနဲ႔ ျပန္လည္လက္တြဲဖို႔ ပစ္မွတ္ထားလာခဲ့တာပါ။

အသက္(၂၂)ႏွစ္အ႐ြယ္ရွိ တိုက္စစ္ကစားသမားဘာေပဟာ လာမယ့္၂၀၂၂ခုႏွစ္မွာ ပီအက္စ္ဂ်ီအသင္းနဲ႔ စာခ်ဳပ္သက္တမ္း ကုန္ဆုံးေတာ့မွာျဖစ္ပါတယ္။ ဒါ​​ေပမယ့္ လက္ရွိအခ်ိန္အထိအသင္းဘက္ကေန သက္တမ္းတိုးကမ္းလွမ္းဖို႔ ထူးျခားတဲ့ အရိပ္အ​ေယာင္​ေတြ မရွိ​ေသးပါဘူး။ တစ္ဖက္မွာ​ေတာ့ ဘာေပကို ရီးရဲလ္မက္ထရစ္၊ လီဗာပူးအသင္းတို႔ကေန အၿပိဳင္ပစ္မွတ္ထားေနၾကပါတယ္။

မၾကာေသးခင္ကေတာ့ စပါး အသင္းဟာ သူတို႔ရဲ႕တိုက္စစ္မႉး ကို ေပါင္သန္း(၁၅၀)ေဈးသတ္မွတ္ခဲ့ၿပီး ဒီထက္ေလ်ာ့နည္းတဲ့ ဘယ္လိုကမ္းလွမ္းမႈကိုမွ လက္ခံမွာ မဟုတ္ဘူးလို႔ ေျပာဆိုထားပါတယ္။ ဒီရာသီ စပါး အသင္းအတြက္ ပရီးမီးယားလိဂ္ (၁၃)ဂိုးသြင္းယူထားၿပီး (၁၁)ဂိုးဖန္တီးထားတဲ့ ဟယ္ရီကိန္း ဟာ သူ႔ရဲ႕ကစားသမားဘဝ ပထမဆုံးဆုဖလားကိုင္ေျမႇာက္ႏိုင္ဖို႔ အတြက္ ေစာင့္ဆိုင္းေနပါတယ္။

အသက္(၂၇)ႏွစ္အ႐ြယ္ရွိ အဂၤလန္လက္ေ႐ြးစင္ တိုက္စစ္ကစားသမား ဟယ္ရီကိန္းဟာ ၂၀၂၄ခုႏွစ္အထိ စပါးအသင္းနဲ႔ စာခ်ဳပ္သက္တမ္း ရွိေနေသးသူျဖစ္ၿပီး၊ သူ႔ရဲ႕တစ္ပတ္လုပ္ခလစာက ေပါင္(၂)သိန္းသာ ရရွိေနတာပါ။ ​ေနာက္ထပ္ ကစားသမားျပစ္မွတ္က​ေတာ့ ဒယ္လီအလီ နဲ႔ ဟူဂိုလိုရစ္ တို႔ကိုလည္း ပိုခ်က္တီႏို က ေခၚယူခ်င္ေနတယ္လို႔ သတင္းထြက္ထားတာပါ။