ဘာပေနဲ့ပတ်သက်ပြီး ပေါက်ကရသတင်းတွေမလွှင့်ဖို့ ရီးယဲလ်ကို PSG သတိပေး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

PSG အသင်းဟာ သူတို့ရဲ့အဓိကတိုက်စစ်ကစားသမားတစ်ဦးဖြစ်တဲ့ ဘာပေရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်လို့ ရီးယဲလ်အသင်းဘက်ကနေ အမျိုးမျိုးထင်ကြေးပေးပြောဆိုနေတဲ့အပေါ် မကျေမနပ်ဖြစ်နေပြီး ပေါက်ကရသတင်းတွေမလွှင့်ဖို့ သတိပေးလိုက်ပါတယ်။

ရီးယဲလ်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက ဘာပေကို ခေါ်ယူနိုင်ဖို့အသည်းအသန်ကြိုးပမ်းခဲ့ပြီး (၂)ကြိမ်တိုင်တိုင်ကမ်းလှမ်းခဲ့ပေမယ့် PSG အသင်းက ငြင်းဆန်ပယ်ချခဲ့ပါတယ်။

ဒါပေမဲ့ ဘာပေကိုယ်တိုင်က ရီးယဲလ်အသင်းဆီပြောင်းဖို့ ဆန္ဒရှိနေတာဖြစ်ပြီး အသင်းနဲ့စာချုပ်သက်တမ်းတိုးမှာမဟုတ်တာကို ပွင့်ပွင့်လင်းလင်းအသိပေးခဲ့တဲ့အပြင် နွေရာသီကတည်းက ရီးယဲလ်အသင်းဆီ ပြောင်းရွှေ့ခွင့်ရဖို့မျှော်လင့်ခဲ့တာပါ။

ရီးယဲလ်အသင်းကလည်း ဘာပေအတွက်ကြိုးပမ်းမှုကို လက်မလျှော့သေးဘဲ လာမယ့်ဇန်နဝါရီကျရင် အပြောင်းအရွှေ့အကြိုသဘောတူညီမှုစာချုပ်ချုပ်ဆိုသွားမယ်ဆိုပြီး ဥက္ကဌဖလော်ရင်တီနိုပီရက်ဇ်က မကြာခဏပြောဆိုနေတာကြောင့် PSG အသင်းက ဒေါသထွက်နေတာဖြစ်ပါတယ်။

မီဒီယာတွေနဲ့တွေ့ဆုံခဲ့ချိန်မှာ ဖလော်ရင်တီနိုပီရက်ဇ်က “ဇန်နဝါရီလောက်ဆိုရင် ဘာပေရဲ့အပြောင်းအရွှေ့သတင်းကို ကြားသိရဖို့ရှိပြီး ဇန်နဝါရီ(၁)ရက်လောက်မှာ အားလုံးကွဲကွဲပြားပြားဖြစ်သွားမှာပါ”လို့ဆိုခဲ့တာပါ။

PSG အသင်းဒါရိုက်တာဖြစ်သူ လီယိုနာဒိုက “ဘာပေရဲ့အပြောင်းအရွှေ့သတင်းတွေထွက်နေတာက (၂)နှစ်လောက်အထိရှိနေပါပြီ။

အခုအချိန်မှာ အပြောင်းအရွှေ့စျေးကွက်က ပိတ်သိမ်းသွားပြီဖြစ်တာကြောင့် ရီးယဲလ်အသင်းအနေနဲ့ ဘာပေနဲ့ပတ်သက်ပြီး ခန့်မှန်းပြောဆိုတာတွေ မလုပ်ဖို့လိုပါတယ်။

ဘာပေဟာ PSG ကစားသမားဖြစ်နေဆဲဖြစ်တဲ့အပြင် အသင်းကလည်း သူနဲ့ဆက်ဆံရေးကောင်းတွေကို နောက်ဆုံးအချိန်အထိဆက်ရှိနေချင်တာပါ။

ရီးယဲလ်အသင်းရဲ့လုပ်ရပ်က ကျွန်တော်တို့ကို လေးစားမှုမရှိသလိုဖြစ်နေပါတယ်”လို့ဝေဖန်ခဲ့ပါတယ်။

သူ့အနာဂတ်နဲ့ပတ်သက်လို့ ဘာပေက “အသင်းကို မက်ဆီရောက်လာတဲ့အတွက် ကျွန်တော့်ရဲ့ သဘောထားကပြောင်းလဲသွားမှာမဟုတ်ပါဘူး။

မက်ဆီလို ကမ္ဘာ့အဆင့်ကစားသမားမျိုးနဲ့အတူကစားခွင့်ရတာက တကယ့်ကို ထူးခြားတဲ့အခွင့်အရေးတစ်ရပ်ဖြစ်ပေမယ့် ကျွန်တော့်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး အချိန်အများကြီးယူပြီးတော့စဉ်းစားဆုံးဖြတ်ခဲ့ပြီးဖြစ်တာကြောင့် ဆုံးဖြတ်ချက် ပြောင်းလဲဖို့ခက်ပါတယ်။

PSG အသင်းကနေထွက်ခွာဖို့ ပြီးခဲ့တဲ့နွေရာသီကတည်းက ဆန္ဒရှိခဲ့တာဖြစ်ပြီး ကျွန်တော်ကတော့ လူကောင်းလိုဟန်ဆောင်တတ်တဲ့သူမျိုး မဟုတ်တဲ့အတွက် ကျွန်တော့်ဆန္ဒကို ပွင့်ပွင့်လင်းလင်းပြောခဲ့ပါတယ်။

ဘာတွေဆက်ဖြစ်လာမလဲစောင့်ကြည့်ရမှာဖြစ်ပြီး အခုအချိန်မှာတော့ ကျွန်တော့်အပြောင်းအရွှေ့က သိပ်အရေးကြီးတဲ့ကိစ္စမဟုတ်သေးပါဘူး”လို့ပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဘာေပနဲ႔ပတ္သက္ၿပီး ေပါက္ကရသတင္းေတြမလႊင့္ဖို႔ ရီးယဲလ္ကို PSG သတိေပး

PSG အသင္းဟာ သူတို႔ရဲ႕အဓိကတိုက္စစ္ကစားသမားတစ္ဦးျဖစ္တဲ့ ဘာေပရဲ႕အေျပာင္းအေ႐ႊ႕နဲ႔ပတ္သက္လို႔ ရီးယဲလ္အသင္းဘက္ကေန အမ်ိဳးမ်ိဳးထင္ေၾကးေပးေျပာဆိုေနတဲ့အေပၚ မေက်မနပ္ျဖစ္ေနၿပီး ေပါက္ကရသတင္းေတြမလႊင့္ဖို႔ သတိေပးလိုက္ပါတယ္။ ရီးယဲလ္အသင္းဟာ ၿပီးခဲ့တဲ့ေႏြရာသီတုန္းက ဘာေပကို ေခၚယူႏိုင္ဖို႔အသည္းအသန္ႀကိဳးပမ္းခဲ့ၿပီး (၂)ႀကိမ္တိုင္တိုင္ကမ္းလွမ္းခဲ့ေပမယ့္ PSG အသင္းက ျငင္းဆန္ပယ္ခ်ခဲ့ပါတယ္။ ဒါေပမဲ့ ဘာေပကိုယ္တိုင္က ရီးယဲလ္အသင္းဆီေျပာင္းဖို႔ ဆႏၵရွိေနတာျဖစ္ၿပီး အသင္းနဲ႔စာခ်ဳပ္သက္တမ္းတိုးမွာမဟုတ္တာကို ပြင့္ပြင့္လင္းလင္းအသိေပးခဲ့တဲ့အျပင္ ေႏြရာသီကတည္းက ရီးယဲလ္အသင္းဆီ ေျပာင္းေ႐ႊ႕ခြင့္ရဖို႔ေမွ်ာ္လင့္ခဲ့တာပါ။

ရီးယဲလ္အသင္းကလည္း ဘာေပအတြက္ႀကိဳးပမ္းမႈကို လက္မေလွ်ာ့ေသးဘဲ လာမယ့္ဇန္နဝါရီက်ရင္ အေျပာင္းအေ႐ႊ႕အႀကိဳသေဘာတူညီမႈစာခ်ဳပ္ခ်ဳပ္ဆိုသြားမယ္ဆိုၿပီး ဥကၠဌဖေလာ္ရင္တီႏိုပီရက္ဇ္က မၾကာခဏေျပာဆိုေနတာေၾကာင့္ PSG အသင္းက ေဒါသထြက္ေနတာျဖစ္ပါတယ္။ မီဒီယာေတြနဲ႔ေတြ႕ဆုံခဲ့ခ်ိန္မွာ ဖေလာ္ရင္တီႏိုပီရက္ဇ္က “ဇန္နဝါရီေလာက္ဆိုရင္ ဘာေပရဲ႕အေျပာင္းအေ႐ႊ႕သတင္းကို ၾကားသိရဖို႔ရွိၿပီး ဇန္နဝါရီ(၁)ရက္ေလာက္မွာ အားလုံးကြဲကြဲျပားျပားျဖစ္သြားမွာပါ”လို႔ဆိုခဲ့တာပါ။

PSG အသင္းဒါ႐ိုက္တာျဖစ္သူ လီယိုနာဒိုက “ဘာေပရဲ႕အေျပာင္းအေ႐ႊ႕သတင္းေတြထြက္ေနတာက (၂)ႏွစ္ေလာက္အထိရွိေနပါၿပီ။ အခုအခ်ိန္မွာ အေျပာင္းအေ႐ႊ႕ေစ်းကြက္က ပိတ္သိမ္းသြားၿပီျဖစ္တာေၾကာင့္ ရီးယဲလ္အသင္းအေနနဲ႔ ဘာေပနဲ႔ပတ္သက္ၿပီး ခန႔္မွန္းေျပာဆိုတာေတြ မလုပ္ဖို႔လိုပါတယ္။ ဘာေပဟာ PSG ကစားသမားျဖစ္ေနဆဲျဖစ္တဲ့အျပင္ အသင္းကလည္း သူနဲ႔ဆက္ဆံေရးေကာင္းေတြကို ေနာက္ဆုံးအခ်ိန္အထိဆက္ရွိေနခ်င္တာပါ။ ရီးယဲလ္အသင္းရဲ႕လုပ္ရပ္က ကြၽန္ေတာ္တို႔ကို ေလးစားမႈမရွိသလိုျဖစ္ေနပါတယ္”လို႔ေဝဖန္ခဲ့ပါတယ္။

သူ႔အနာဂတ္နဲ႔ပတ္သက္လို႔ ဘာေပက “အသင္းကို မက္ဆီေရာက္လာတဲ့အတြက္ ကြၽန္ေတာ့္ရဲ႕ သေဘာထားကေျပာင္းလဲသြားမွာမဟုတ္ပါဘူး။ မက္ဆီလို ကမာၻ႔အဆင့္ကစားသမားမ်ိဳးနဲ႔အတူကစားခြင့္ရတာက တကယ့္ကို ထူးျခားတဲ့အခြင့္အေရးတစ္ရပ္ျဖစ္ေပမယ့္ ကြၽန္ေတာ့္ရဲ႕အနာဂတ္နဲ႔ပတ္သက္ၿပီး အခ်ိန္အမ်ားႀကီးယူၿပီးေတာ့စဥ္းစားဆုံးျဖတ္ခဲ့ၿပီးျဖစ္တာေၾကာင့္ ဆုံးျဖတ္ခ်က္ ေျပာင္းလဲဖို႔ခက္ပါတယ္။ PSG အသင္းကေနထြက္ခြာဖို႔ ၿပီးခဲ့တဲ့ေႏြရာသီကတည္းက ဆႏၵရွိခဲ့တာျဖစ္ၿပီး ကြၽန္ေတာ္ကေတာ့ လူေကာင္းလိုဟန္ေဆာင္တတ္တဲ့သူမ်ိဳး မဟုတ္တဲ့အတြက္ ကြၽန္ေတာ့္ဆႏၵကို ပြင့္ပြင့္လင္းလင္းေျပာခဲ့ပါတယ္။ ဘာေတြဆက္ျဖစ္လာမလဲေစာင့္ၾကည့္ရမွာျဖစ္ၿပီး အခုအခ်ိန္မွာေတာ့ ကြၽန္ေတာ့္အေျပာင္းအေ႐ႊ႕က သိပ္အေရးႀကီးတဲ့ကိစၥမဟုတ္ေသးပါဘူး”လို႔ေျပာၾကားခဲ့ပါတယ္။