ဘာပေနေရာမှာအစားထိုးဖို့အတွက် ဆာလာကို ပစ်မှတ်ထားနေတဲ့ PSG

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပြင်သစ်ထိပ်သီးကလပ် PSG အသင်းဟာ လာမယ့်နွေရာသီကျရင် အသင်းနဲ့လမ်းခွဲတော့မယ့် တိုက်စစ်ကစားသမားဘာပေရဲ့နေရာမှာအစားထိုုးဖို့အတွက် လီဗာပူးလ်နာမည်ကျော်ကစားသမား ဆာလာကို ခေါ်ယူဖို့အံ့အားသင့်စရာပစ်မှတ်ထားနေတယ်လို့ သတင်းထွက်နေပါတယ်။

လီဗာပူးလ်အသင်းအတွက် ခြေစွမ်းပြဂိုးတွေသွင်းယူနေတဲ့ဆာလာဟာ ၂၀၂၃ ခုနှစ်ကျရင် အသင်းနဲ့စာချုပ်သက်တမ်းပြည့်မှာဖြစ်ပြီး

သူက တစ်ပတ်ကို ပေါင်(၃၀၀,၀၀၀)ကနေ ပေါင်(၃၈၀,၀၀၀)အတွင်းရမှသာ စာချုပ်သက်တမ်းတိုးမယ်ဆိုပြီးတော့ တောင်းဆိုထားတယ်လို့ ဗြိတိန်မီဒီယာတွေကဖော်ပြနေကြပါတယ်။

အသက်(၂၉)နှစ်အရွယ်ရှိပြီဖြစ်သူဆာလာဟာ အသင်းရဲ့တိုက်စစ်မှာအဓိက,ကစားသမားဖြစ်နေသလို အသင်းရဲ့လစာငွေအများဆုံးကစားသမားအဖြစ်ရပ်တည်နိုင်ဖို့ ဆန္ဒရှိနေတာလည်းဖြစ်ပါတယ်။

ဒါပေမဲ့ PSG အသင်းကတော့ လီဗာပူးလ်နဲ့စာချုပ်သက်တမ်းမတိုးခင် ဆာလာကို ကြားဖြတ်ခေါ်ယူနိုင်ဖို့ပြင်ဆင်နေပြီး ဘာပေရဲ့နေရာမှာအစားထိုးဖို့ပစ်မှတ်ထားနေတာဖြစ်တယ်လို့ အီတလီနာမည်ကျော်ဂျာနယ်လစ်ဖြစ်သူ ဖာဘရစ်ဇီယိုရိုမာနိုကဆိုပါတယ်။

ဖာဘရစ်ဇီယိုရိုမာနိုက “ကျွန်တော်ကြားရသလောက်တော့ PSG အသင်းဟာ လာမယ့်နှစ်၊ နွေရာသီအစောပိုင်းဖြစ်တဲ့ ဇွန်လလောက်မှာ ရီးယဲလ်အသင်းဆီ ဘာပေပြောင်းရွှေ့ဖြစ်မယ်ဆိုရင် ဆာလာကို ခေါ်ယူပြီးတော့အစားထိုးဖို့ပြင်ဆင်နေတယ်လို့သိရပါတယ်။

PSG အသင်းက အပြောင်းအရွှေ့ကြီးကြီးမားမားတစ်ခုပြုလုပ်ဖို့ပြင်ဆင်နေပြီး ဆာလာကို ကြိုးပမ်းသွားဖို့စီစဉ်နေတာဖြစ်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

ဆာလာရဲ့စာချုပ်ကိစ္စနဲ့ပတ်သက်လို့လည်း ဖာဘရစ်ဇီယိုရိုမာနိုက “ဆာလာဟာ စာချုပ်သက်တမ်းတိုးဖို့ လီဗာပူးလ်အသင်းနဲ့ဆွေးနွေးနေဆဲဖြစ်ပါတယ်။

ဆာလာဟာ လီဗာပူးလ်အသင်းကိုသာမက၊ ပရိသတ်တွေနဲ့ လီဗာပူးလ်မြို့ကိုပါ ချစ်မြတ်နိုးတယ်လို့ ကျွန်တော်ကြားသိရပေမယ့် အခုအချိန်အထိတော့စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှုမရသေးပါဘူး။

လာမယ့်နှစ်၊နွေရာသီမတိုင်ခင် လီဗာပူးလ်အသင်းရဲ့အဓိကဦးစားပေးကိစ္စက ဆာလာကို စာချုပ်သက်တမ်းတိုးနိုင်ဖို့ပဲဖြစ်ပါတယ်”လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။

ဆာလာဟာ ဒီရာသီမှာ အသင်းအတွက်(၉)ပွဲသာကစားရပြီးချိန်မှာပဲ (၉)ဂိုးသွင်း၊ ဂိုးဖန်တီးမှု(၃)ကြိမ်ပြုလုပ်ထားပြီး လီဗာပူးလ်ကစားသမားဘဝတစ်လျှောက်မှာတော့ (၂၁၂)ပွဲကစား၊ (၁၃၄)ဂိုးသွင်း၊ ဂိုးဖန်တီးမှုအကြိမ်(၅၀)အထိပြုလုပ်ခဲ့တာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဘာေပေနရာမွာအစားထိုးဖို႔အတြက္ ဆာလာကို ပစ္မွတ္ထားေနတဲ့ PSG

ျပင္သစ္ထိပ္သီးကလပ္ PSG အသင္းဟာ လာမယ့္ေႏြရာသီက်ရင္ အသင္းနဲ႔လမ္းခြဲေတာ့မယ့္ တိုက္စစ္ကစားသမားဘာေပရဲ႕ေနရာမွာအစားထိုုးဖို႔အတြက္ လီဗာပူးလ္နာမည္ေက်ာ္ကစားသမား ဆာလာကို ေခၚယူဖို႔အံ့အားသင့္စရာပစ္မွတ္ထားေနတယ္လို႔ သတင္းထြက္ေနပါတယ္။ လီဗာပူးလ္အသင္းအတြက္ ေျခစြမ္းျပဂိုးေတြသြင္းယူေနတဲ့ဆာလာဟာ ၂၀၂၃ ခုႏွစ္က်ရင္ အသင္းနဲ႔စာခ်ဳပ္သက္တမ္းျပည့္မွာျဖစ္ၿပီး သူက တစ္ပတ္ကို ေပါင္(၃၀၀,၀၀၀)ကေန ေပါင္(၃၈၀,၀၀၀)အတြင္းရမွသာ စာခ်ဳပ္သက္တမ္းတိုးမယ္ဆိုၿပီးေတာ့ ေတာင္းဆိုထားတယ္လို႔ ၿဗိတိန္မီဒီယာေတြကေဖာ္ျပေနၾကပါတယ္။

အသက္(၂၉)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူဆာလာဟာ အသင္းရဲ႕တိုက္စစ္မွာအဓိက,ကစားသမားျဖစ္ေနသလို အသင္းရဲ႕လစာေငြအမ်ားဆုံးကစားသမားအျဖစ္ရပ္တည္ႏိုင္ဖို႔ ဆႏၵရွိေနတာလည္းျဖစ္ပါတယ္။ ဒါေပမဲ့ PSG အသင္းကေတာ့ လီဗာပူးလ္နဲ႔စာခ်ဳပ္သက္တမ္းမတိုးခင္ ဆာလာကို ၾကားျဖတ္ေခၚယူႏိုင္ဖို႔ျပင္ဆင္ေနၿပီး ဘာေပရဲ႕ေနရာမွာအစားထိုးဖို႔ပစ္မွတ္ထားေနတာျဖစ္တယ္လို႔ အီတလီနာမည္ေက်ာ္ဂ်ာနယ္လစ္ျဖစ္သူ ဖာဘရစ္ဇီယို႐ိုမာႏိုကဆိုပါတယ္။

ဖာဘရစ္ဇီယို႐ိုမာႏိုက “ကြၽန္ေတာ္ၾကားရသေလာက္ေတာ့ PSG အသင္းဟာ လာမယ့္ႏွစ္၊ ေႏြရာသီအေစာပိုင္းျဖစ္တဲ့ ဇြန္လေလာက္မွာ ရီးယဲလ္အသင္းဆီ ဘာေပေျပာင္းေ႐ႊ႕ျဖစ္မယ္ဆိုရင္ ဆာလာကို ေခၚယူၿပီးေတာ့အစားထိုးဖို႔ျပင္ဆင္ေနတယ္လို႔သိရပါတယ္။ PSG အသင္းက အေျပာင္းအေ႐ႊ႕ႀကီးႀကီးမားမားတစ္ခုျပဳလုပ္ဖို႔ျပင္ဆင္ေနၿပီး ဆာလာကို ႀကိဳးပမ္းသြားဖို႔စီစဥ္ေနတာျဖစ္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။ ဆာလာရဲ႕စာခ်ဳပ္ကိစၥနဲ႔ပတ္သက္လို႔လည္း ဖာဘရစ္ဇီယို႐ိုမာႏိုက “ဆာလာဟာ စာခ်ဳပ္သက္တမ္းတိုးဖို႔ လီဗာပူးလ္အသင္းနဲ႔ေဆြးေႏြးေနဆဲျဖစ္ပါတယ္။

ဆာလာဟာ လီဗာပူးလ္အသင္းကိုသာမက၊ ပရိသတ္ေတြနဲ႔ လီဗာပူးလ္ၿမိဳ႕ကိုပါ ခ်စ္ျမတ္ႏိုးတယ္လို႔ ကြၽန္ေတာ္ၾကားသိရေပမယ့္ အခုအခ်ိန္အထိေတာ့စာခ်ဳပ္သက္တမ္းတိုးဖို႔ သေဘာတူညီမႈမရေသးပါဘူး။ လာမယ့္ႏွစ္၊ေႏြရာသီမတိုင္ခင္ လီဗာပူးလ္အသင္းရဲ႕အဓိကဦးစားေပးကိစၥက ဆာလာကို စာခ်ဳပ္သက္တမ္းတိုးႏိုင္ဖို႔ပဲျဖစ္ပါတယ္”လို႔ ဆက္လက္ေျပာၾကားခဲ့ပါတယ္။ ဆာလာဟာ ဒီရာသီမွာ အသင္းအတြက္(၉)ပြဲသာကစားရၿပီးခ်ိန္မွာပဲ (၉)ဂိုးသြင္း၊ ဂိုးဖန္တီးမႈ(၃)ႀကိမ္ျပဳလုပ္ထားၿပီး လီဗာပူးလ္ကစားသမားဘဝတစ္ေလွ်ာက္မွာေတာ့ (၂၁၂)ပြဲကစား၊ (၁၃၄)ဂိုးသြင္း၊ ဂိုးဖန္တီးမႈအႀကိမ္(၅၀)အထိျပဳလုပ္ခဲ့တာျဖစ္ပါတယ္။