ဘာပေတင်ရှိထားတဲ့ ချန်ပီယံလိဂ်သွင်းဂိုးစံချိန်တစ်ခုကို ချိုးဖျက်နိုင်ခဲ့ပြီဖြစ်တဲ့ ဘယ်လင်ဂန်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒေ့ါမွန်အသင်းရဲ့အင်္ဂလန်လူငယ်ကွင်းလယ်လူဘယ်လင်ဂန်ဟာ မနေ့က ဘက်ဆစ်တက်အသင်းနဲ့ကစားခဲ့တဲ့ချန်ပီယံလိဂ်ပွဲမှာ အသင်းအတွက်ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် PSG နာမည်ကျော်တိုက်စစ်ကစားသမားဘာပေ တင်ရှိထားတဲ့ ချန်ပီယံလိဂ်သွင်းဂိုးစံချိန်တစ်ခုကို ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။

အသက်(၁၈)နှစ်အရွယ်သာရှိသေးတဲ့ ဘယ်လင်ဂန်ဟာ ပထမပိုင်းမိနစ်(၂၀)မှာ မူနီယာပေးတာကနေ ဒေ့ါမွန်အသင်းအတွက် အဖွင့်ဂိုးသွင်းယူခဲ့ပြီး တိုက်စစ်မှူးဟာလန်း ဒုတိယမြောက်ဂိုးသွင်းယူနိုင်အောင်လည်း ဖန်တီးပေးခဲ့ပါတယ်။

အဲဒါကြောင့် ဘယ်လင်ဂန်ဟာ ဘာပေကို ကျော်ဖြတ်ပြီးတော့ ချန်ပီယံလိဂ်မှာ နှစ်ပွဲဆက်ဂိုးသွင်းယူခဲ့တဲ့ အသက်အငယ်ဆုံးကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ပါပြီ။

ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ဒုတိယအကျာ့မှာ မန်စီးတီးအသင်းကို ဂိုးသွင်းခဲ့ပြီးတဲ့နောက် အခု ၂၀၂၁-၂၂ ရာသီ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲဖြစ်တဲ့ ဘက်ဆစ်တက်နဲ့ပွဲမှာလည်း ဂိုးထပ်သွင်းယူခဲ့ပြီး

ဘယ်လင်ဂန်ရဲ့အသက်က အခုမှ (၁၈)နှစ်၊ (၇၈)ရက်သာရှိသေးလို့ ဘာပေရဲ့စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဘာပေဟာ မိုနာကိုအသင်းမှာကစားခဲ့တုန်းက ၂၀၁၇ ခုနှစ်မှာ ချန်ပီယံလိဂ်နှစ်ပွဲဆက်ဂိုးသွင်းသူအဖြစ် အသက်(၁၈)နှစ်၊ (၈၅)ရက်နဲ့စံချိန်တင်ခဲ့တာဖြစ်ပြီး (၃)နှစ်အကြာမှာပဲ ဘယ်လင်ဂန်က ချိုးဖျက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ဒါ့အပြင် ဘယ်လင်ဂန်ဟာ အင်္ဂလိပ်ကစားသမားတွေထဲမှာ ချန်ပီယံလိဂ်အဝေးကွင်းပွဲဂိုးသွင်းယူခဲ့တဲ့ အသက်အငယ်ဆုံးကစားသမားအဖြစ်လည်း စံချိန်တင်နိုင်ခဲ့ပါပြီ။ အရင်က အဲဒီစံချိန်ကို လီဗာပူးလ်နောက်ခံလူအာနိုးလ်ပိုင်ဆိုင်ထားတာဖြစ်ပြီး

၂၀၁၇ ခုနှစ်၊ အောက်တိုဘာလမှာ မာရီဘောနဲ့ကစားခဲ့တဲ့ချန်ပီယံလိဂ်ပွဲတုန်းက အသက်(၁၉)နှစ်၊ (၁၀)ရက်နဲ့စံချိန်တင်ခဲ့တာဖြစ်ပါတယ်။

၂၀၂၀ ခုနှစ်မှာ ဘာမင်ဂမ်အသင်းကနေ ဒေ့ါမွန်အသင်းကို ပြောင်းရွှေ့ခဲ့သူ ဘင်လင်ဂန်ဟာ ဒေ့ါမွန်အသင်းအတွက် ခြေစွမ်းပြကစားနေသလို ဂျာမန်ဖလားပြိုင်ပွဲမှာ ဒေ့ါမွန်အသင်းရဲ့အသက်အငယ်ဆုံးဂိုးသွင်းသူ၊

အဓိကပြိုင်ပွဲတွေမှာ ဒေ့ါမွန်အသင်းအတွက် ဂိုးသွင်းခဲ့တဲ့ အသက်အငယ်ဆုံးကစားသမား၊ ချန်ပီယံလိဂ်ပြိုင်ပွဲကစားခွင့်ရခဲ့တဲ့ အသက်အငယ်ဆုံးအင်္ဂလိပ်ကစားသမားစတဲ့စံချိန်ကောင်းတွေလည်း ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဘာေပတင္ရွိထားတဲ့ ခ်န္ပီယံလိဂ္သြင္းဂိုးစံခ်ိန္တစ္ခုကို ခ်ိဳးဖ်က္ႏိုင္ခဲ့ၿပီျဖစ္တဲ့ ဘယ္လင္ဂန္

ေဒ့ါမြန္အသင္းရဲ႕အဂၤလန္လူငယ္ကြင္းလယ္လူဘယ္လင္ဂန္ဟာ မေန႔က ဘက္ဆစ္တက္အသင္းနဲ႔ကစားခဲ့တဲ့ခ်န္ပီယံလိဂ္ပြဲမွာ အသင္းအတြက္ဂိုးသြင္းယူႏိုင္ခဲ့တာေၾကာင့္ PSG နာမည္ေက်ာ္တိုက္စစ္ကစားသမားဘာေပ တင္ရွိထားတဲ့ ခ်န္ပီယံလိဂ္သြင္းဂိုးစံခ်ိန္တစ္ခုကို ေက်ာ္ျဖတ္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။ အသက္(၁၈)ႏွစ္အ႐ြယ္သာရွိေသးတဲ့ ဘယ္လင္ဂန္ဟာ ပထမပိုင္းမိနစ္(၂၀)မွာ မူနီယာေပးတာကေန ေဒ့ါမြန္အသင္းအတြက္ အဖြင့္ဂိုးသြင္းယူခဲ့ၿပီး တိုက္စစ္မႉးဟာလန္း ဒုတိယေျမာက္ဂိုးသြင္းယူႏိုင္ေအာင္လည္း ဖန္တီးေပးခဲ့ပါတယ္။

အဲဒါေၾကာင့္ ဘယ္လင္ဂန္ဟာ ဘာေပကို ေက်ာ္ျဖတ္ၿပီးေတာ့ ခ်န္ပီယံလိဂ္မွာ ႏွစ္ပြဲဆက္ဂိုးသြင္းယူခဲ့တဲ့ အသက္အငယ္ဆုံးကစားသမားအျဖစ္ စံခ်ိန္တင္ႏိုင္ခဲ့ပါၿပီ။ ၿပီးခဲ့တဲ့ရာသီ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ဒုတိယအက်ာ့မွာ မန္စီးတီးအသင္းကို ဂိုးသြင္းခဲ့ၿပီးတဲ့ေနာက္ အခု ၂၀၂၁-၂၂ ရာသီ ခ်န္ပီယံလိဂ္အုပ္စုအဖြင့္ပြဲျဖစ္တဲ့ ဘက္ဆစ္တက္နဲ႔ပြဲမွာလည္း ဂိုးထပ္သြင္းယူခဲ့ၿပီး ဘယ္လင္ဂန္ရဲ႕အသက္က အခုမွ (၁၈)ႏွစ္၊ (၇၈)ရက္သာရွိေသးလို႔ ဘာေပရဲ႕စံခ်ိန္ကို ေက်ာ္ျဖတ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ဘာေပဟာ မိုနာကိုအသင္းမွာကစားခဲ့တုန္းက ၂၀၁၇ ခုႏွစ္မွာ ခ်န္ပီယံလိဂ္ႏွစ္ပြဲဆက္ဂိုးသြင္းသူအျဖစ္ အသက္(၁၈)ႏွစ္၊ (၈၅)ရက္နဲ႔စံခ်ိန္တင္ခဲ့တာျဖစ္ၿပီး (၃)ႏွစ္အၾကာမွာပဲ ဘယ္လင္ဂန္က ခ်ိဳးဖ်က္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။ ဒါ့အျပင္ ဘယ္လင္ဂန္ဟာ အဂၤလိပ္ကစားသမားေတြထဲမွာ ခ်န္ပီယံလိဂ္အေဝးကြင္းပြဲဂိုးသြင္းယူခဲ့တဲ့ အသက္အငယ္ဆုံးကစားသမားအျဖစ္လည္း စံခ်ိန္တင္ႏိုင္ခဲ့ပါၿပီ။

အရင္က အဲဒီစံခ်ိန္ကို လီဗာပူးလ္ေနာက္ခံလူအာႏိုးလ္ပိုင္ဆိုင္ထားတာျဖစ္ၿပီး ၂၀၁၇ ခုႏွစ္၊ ေအာက္တိုဘာလမွာ မာရီေဘာနဲ႔ကစားခဲ့တဲ့ခ်န္ပီယံလိဂ္ပြဲတုန္းက အသက္(၁၉)ႏွစ္၊ (၁၀)ရက္နဲ႔စံခ်ိန္တင္ခဲ့တာျဖစ္ပါတယ္။ ၂၀၂၀ ခုႏွစ္မွာ ဘာမင္ဂမ္အသင္းကေန ေဒ့ါမြန္အသင္းကို ေျပာင္းေ႐ႊ႕ခဲ့သူ ဘင္လင္ဂန္ဟာ ေဒ့ါမြန္အသင္းအတြက္ ေျခစြမ္းျပကစားေနသလို ဂ်ာမန္ဖလားၿပိဳင္ပြဲမွာ ေဒ့ါမြန္အသင္းရဲ႕အသက္အငယ္ဆုံးဂိုးသြင္းသူ၊ အဓိကၿပိဳင္ပြဲေတြမွာ ေဒ့ါမြန္အသင္းအတြက္ ဂိုးသြင္းခဲ့တဲ့ အသက္အငယ္ဆုံးကစားသမား၊ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲကစားခြင့္ရခဲ့တဲ့ အသက္အငယ္ဆုံးအဂၤလိပ္ကစားသမားစတဲ့စံခ်ိန္ေကာင္းေတြလည္း ပိုင္ဆိုင္ႏိုင္ခဲ့ပါတယ္။