ဘာပေကို (၂)နှစ်စာချုပ်သက်တမ်းတိုးဖို့ PSG ကမ်းလှမ်းခဲ့တယ်လို့ သတင်းထွက်ပေါ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

PSG အသင်းဟာ သူတို့ရဲ့အဓိကတိုက်စစ်ကစားသမားတစ်ဦးဖြစ်တဲ့ ဘာပေကို လာမယ့်နှစ်၊နွေရာသီမှာ မဆုံးရှုံးရစေဖို့ (၂)နှစ်သက်တမ်းရှိတဲ့စာချုပ်သစ်ချုပ်ဆိုဖို့ ကမ်းလှမ်းခဲ့တယ်လို့ သတင်းထွက်နေပါတယ်။

အသက်(၂၂)နှစ်အရွယ်သာရှိသေးတဲ့ ပြင်သစ်နာမည်ကျော်ကစားသမားဘာပေဟာ အခုရာသီကုန်ကျရင် အသင်းနဲ့စာချုပ်သက်တမ်းပြည့်မှာဖြစ်ပြီး

အခုအထိစာချုပ်သစ်မချုပ်ရသေးလို့ လာမယ့်နှစ်၊ ဇန်နဝါရီအပြောင်းအရွှေ့ဖွင့်လှစ်မယ့်အချိန်ကျရင် တခြားအသင်းတစ်သင်းဆီ ပြောင်းရွှေ့ဖို့ အကြိုသဘောတူညီမှုရယူခွင့်ရှိနေတာဖြစ်ပါတယ်။

စပိန်နာမည်ကျော်အားကစားသတင်းစာ Marca က PSG အသင်းဟာ အဲဒီလိုအခြေအနေမဖြစ်အောင် မြင့်မားတဲ့လစာငွေတိုးမြှင့်ပေးပြီးတော့ စာချုပ်သက်တမ်းတိုးဖို့ကမ်းလှမ်းခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် PSG အသင်းက ဘာပေရဲ့အရင်းနှီးဆုံးသူငယ်ချင်းဖြစ်တဲ့ နေမာအနေနဲ့ ဘာပေကို အသင်းမှာဆက်ရှိနေအောင် ဖျောင်းဖျနိုင်မယ်လို့လည်း မျှော်လင့်နေတာပါ။

ဘာပေကို ခေါ်ယူဖို့ လာလီဂါထိပ်သီး ရီးယဲလ်အသင်းက ပစ်မှတ်ထားနေပြီး ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာကတည်းက အကြိမ်ကြိမ်ကမ်းလှမ်းခဲ့ပေမယ့် PSG အသင်းက ငြင်းဆန်ပယ်ချခဲ့ပါတယ်။

ဘာပေကိုယ်တိုင်ကလည်း ရီးယဲလ်အသင်းဆီပြောင်းဖို့ဆန္ဒရှိနေတာကြောင့် နွေရာသီကာလအစပိုင်းကတည်းက အသင်းနဲ့စာချုပ်သက်တမ်မတိုးတော့ဘူးဆိုတာ PSG အသင်းကို အသိပေးအကြောင်းကြားခဲ့ပြီးဖြစ်ပါတယ်။

ရီးယဲလ်အသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်ဖွင့်ရင်လည်း ဘာပေအတွက် ကမ်းလှမ်းမှုတွေ ထပ်လုပ်သွားဖို့ရှိနေပြီး PSG အသင်း လက်မခံရင်တော့ လာမယ့်နှစ်ကျရင် ဘာပေကို အလွတ်နဲ့ဆုံးရှုံးရမှာပဲဖြစ်ပါတယ်။

ဒါပေမဲ့ PSG အသင်းက ဘာပေကို အသင်းမှာဆက်ရှိနေအောင် နည်းမျိုးစုံနဲ့ကြိုးပမ်းသွားမှာဖြစ်ပြီး နောက်ဆုံး ပြင်သစ်သမ္မတအီမန်နျူရယ်မက်ခရွန်ကိုတောင် အကူအညီတောင်းထားတယ်လို့ Marca က ဖောြ်ပခဲ့ပါတယ်။

မက်ခရွန်ဟာ ဘာပေရဲ့ပရိသတ်တစ်ဦးဖြစ်သလို ပြင်သစ်နိုင်ငံက လူငယ်ဘောလုံးသမားလေးတွေအတွက် ဘာပေက စံပြုထားရမယ့်ကစားသမားဖြစ်တာကြောင့် ပြင်သစ်မှာပဲဆက်ကစားစေလိုတယ်လို့ တရားဝင်ပြောဆိုခဲ့ပြီးသားပါ။

ဘာပေဟာ ကွင်းပြင်မှာ လူမှုရေးကိစ္စတွေကို အားတက်သရောကူညီထောက်ပေ့လေ့ရှိပြီး ပါရီမြို့မှာရှိတဲ့ မသန်စွမ်းကလေးငယ်တွေအတွက် အမြဲတမ်းလှူဒါန်းနေတာကြောင့် PSG အသင်းက အဲဒီအချက်ကို အသုံးချပြီးတော့

ဘာပေရဲ့လူမှုရေးလုပ်ငန်းတွေမှာ အသင်းအနေနဲ့ ပါဝင်ကူညီထောက်ပံ့မှုတွေလုပ်သွားဖို့လည်း စီစဉ်နေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဘာေပကို (၂)ႏွစ္စာခ်ဳပ္သက္တမ္းတိုးဖို႔ PSG ကမ္းလွမ္းခဲ့တယ္လို႔ သတင္းထြက္ေပၚ

PSG အသင္းဟာ သူတို႔ရဲ႕အဓိကတိုက္စစ္ကစားသမားတစ္ဦးျဖစ္တဲ့ ဘာေပကို လာမယ့္ႏွစ္၊ေႏြရာသီမွာ မဆုံးရႈံးရေစဖို႔ (၂)ႏွစ္သက္တမ္းရွိတဲ့စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ ကမ္းလွမ္းခဲ့တယ္လို႔ သတင္းထြက္ေနပါတယ္။ အသက္(၂၂)ႏွစ္အ႐ြယ္သာရွိေသးတဲ့ ျပင္သစ္နာမည္ေက်ာ္ကစားသမားဘာေပဟာ အခုရာသီကုန္က်ရင္ အသင္းနဲ႔စာခ်ဳပ္သက္တမ္းျပည့္မွာျဖစ္ၿပီး အခုအထိစာခ်ဳပ္သစ္မခ်ဳပ္ရေသးလို႔ လာမယ့္ႏွစ္၊ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ဖြင့္လွစ္မယ့္အခ်ိန္က်ရင္ တျခားအသင္းတစ္သင္းဆီ ေျပာင္းေ႐ႊ႕ဖို႔ အႀကိဳသေဘာတူညီမႈရယူခြင့္ရွိေနတာျဖစ္ပါတယ္။ စပိန္နာမည္ေက်ာ္အားကစားသတင္းစာ Marca က PSG အသင္းဟာ အဲဒီလိုအေျခအေနမျဖစ္ေအာင္ ျမင့္မားတဲ့လစာေငြတိုးျမႇင့္ေပးၿပီးေတာ့ စာခ်ဳပ္သက္တမ္းတိုးဖို႔ကမ္းလွမ္းခဲ့တယ္လို႔ ေဖာ္ျပခဲ့ပါတယ္။ ဒါ့အျပင္ PSG အသင္းက ဘာေပရဲ႕အရင္းႏွီးဆုံးသူငယ္ခ်င္းျဖစ္တဲ့ ေနမာအေနနဲ႔ ဘာေပကို အသင္းမွာဆက္ရွိေနေအာင္ ေဖ်ာင္းဖ်ႏိုင္မယ္လို႔လည္း ေမွ်ာ္လင့္ေနတာပါ။ ဘာေပကို ေခၚယူဖို႔ လာလီဂါထိပ္သီး ရီးယဲလ္အသင္းက ပစ္မွတ္ထားေနၿပီး ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕မွာကတည္းက အႀကိမ္ႀကိမ္ကမ္းလွမ္းခဲ့ေပမယ့္ PSG အသင္းက ျငင္းဆန္ပယ္ခ်ခဲ့ပါတယ္။

ဘာေပကိုယ္တိုင္ကလည္း ရီးယဲလ္အသင္းဆီေျပာင္းဖို႔ဆႏၵရွိေနတာေၾကာင့္ ေႏြရာသီကာလအစပိုင္းကတည္းက အသင္းနဲ႔စာခ်ဳပ္သက္တမ္မတိုးေတာ့ဘူးဆိုတာ PSG အသင္းကို အသိေပးအေၾကာင္းၾကားခဲ့ၿပီးျဖစ္ပါတယ္။ ရီးယဲလ္အသင္းဟာ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေစ်းကြက္ဖြင့္ရင္လည္း ဘာေပအတြက္ ကမ္းလွမ္းမႈေတြ ထပ္လုပ္သြားဖို႔ရွိေနၿပီး PSG အသင္း လက္မခံရင္ေတာ့ လာမယ့္ႏွစ္က်ရင္ ဘာေပကို အလြတ္နဲ႔ဆုံးရႈံးရမွာပဲျဖစ္ပါတယ္။ ဒါေပမဲ့ PSG အသင္းက ဘာေပကို အသင္းမွာဆက္ရွိေနေအာင္ နည္းမ်ိဳးစုံနဲ႔ႀကိဳးပမ္းသြားမွာျဖစ္ၿပီး ေနာက္ဆုံး ျပင္သစ္သမၼတအီမန္န်ဴရယ္မက္ခ႐ြန္ကိုေတာင္ အကူအညီေတာင္းထားတယ္လို႔ Marca က ေဖာျ္ပခဲ့ပါတယ္။ မက္ခ႐ြန္ဟာ ဘာေပရဲ႕ပရိသတ္တစ္ဦးျဖစ္သလို ျပင္သစ္ႏိုင္ငံက လူငယ္ေဘာလုံးသမားေလးေတြအတြက္ ဘာေပက စံျပဳထားရမယ့္ကစားသမားျဖစ္တာေၾကာင့္ ျပင္သစ္မွာပဲဆက္ကစားေစလိုတယ္လို႔ တရားဝင္ေျပာဆိုခဲ့ၿပီးသားပါ။ ဘာေပဟာ ကြင္းျပင္မွာ လူမႈေရးကိစၥေတြကို အားတက္သေရာကူညီေထာက္ေပ့ေလ့ရွိၿပီး ပါရီၿမိဳ႕မွာရွိတဲ့ မသန္စြမ္းကေလးငယ္ေတြအတြက္ အၿမဲတမ္းလႉဒါန္းေနတာေၾကာင့္ PSG အသင္းက အဲဒီအခ်က္ကို အသုံးခ်ၿပီးေတာ့ ဘာေပရဲ႕လူမႈေရးလုပ္ငန္းေတြမွာ အသင္းအေနနဲ႔ ပါဝင္ကူညီေထာက္ပံ့မႈေတြလုပ္သြားဖို႔လည္း စီစဥ္ေနပါတယ္။