ဘာနေဗျူးမှာ နောက်ကလိုက်ကစားပြီး ရီးရဲလ်ကို ပထမဆုံးအကြိမ်အနိုင်ရခဲ့တဲ့မန်စီးတီး

photo-daily mail

photo-gettyimages

ဂွါဒီယိုလာရဲ့မန်စီးတီးဟာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့အအောင်မြင်ဆုံးအသင်းကို ဘာနေဗျူးကွင်းမှာ နောက်ကလိုက်ကစားခဲ့ရပေမယ့် နောက်ကျဂိုးတွေနဲ့ ရှုံးနေရာကနေ ပြန်လည်အနိုင်ယူနိုင်ခဲ့ပါတယ်။ ခြေစွမ်းအရ မန်စီးတီးအတွက် ထိုက်တန်တဲ့နိုင်ပွဲဖြစ်ခဲ့ပြီး ရလဒ်ပိုင်းအရလည်း နောက်တစ်ဆင့်အတွက် အခြေအနေကောင်းတစ်ရပ်ကို ပိုင်ဆိုင်သွားပါတယ်။

photo-AP

ဒီပွဲက ဂွါဒီယိုလာရဲ့လူထုတ်ပုံက အံ့အားသင့်စရာဆိုပေမယ့်လည်း သူ့ရဲ့ဆရာကျတဲ့ဗျူဟာနဲ့ပဲ မန်စီးတီးဟာ အနိုင်ရခဲ့တာပါ။ ဘာကြောင့်လဲဆိုတော့ သူဟာ စတာလင်း၊ အဂူရို၊ ဒေးဗစ်ဆေးလ်ဗားနဲ့ ဖာနန်ဒင်ဟိုတို့အားလုံးကို အရန်ခုံမှာပဲထားပြီး အထောင်တိုက်စစ်မှုးဂျီးဆပ်တောင် ကစားကွက်အရ တောင်ပံရောက်နေကာ ဘာနာဒိုဆေးလ်ဗားနဲ့ ဒီဘရူနီတို့နှစ်ယောက်ကို အလှည့်ကျ false nine တွေအဖြစ် ကစားစေခဲ့တာပါ။ သူ့ဘက်က အရမ်းကို သတိထားတဲ့ကစားကွက်ပုံစံပါပဲ။ ဒါပေမဲ့ အဲဒါဟာ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်သမိုင်းမှာ အရမ်းကိုအစဉ်အလာကြီးခဲ့တဲ့ ရီးရဲလ်နဲ့ဒီပွဲမှာ ဗျူဟာအရ အလုပ်ဖြစ်ခဲ့ပါတယ်။ ပထမပိုင်းမှာ သိပ်မပြောပလောက်ဘူးဆိုရရင်တောင် မန်စီးတီးဟာ တန်ပြန်တိုက်စစ်တွေကနေ ရီးရဲလ်ကို ပိုတိုးပြီးခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ မန်စီးတီးကသာ ဦးဆောင်ဂိုးစရမယ်လို့ ထင်ရပေမယ့် ဒုတိယပိုင်းမိနစ် ၆၀ မှာ မန်စီးတီးခံစစ်အမှားကနေ အစ္စကိုက ရီးရဲလ်အတွက် ဦးဆောင်ဂိုးသွင်းသွားပါတယ်။ ဒါပေမဲ့ ပွဲပြီးဖို့ ၁၂ မိနစ်အလိုဖြစ်တဲ့ ၇၈ မိနစ်မှာ ဂျီးဆပ်ရဲ့အနီးကပ်ခေါင်းတိုက်သွင်းယူမှုနဲ့ မန်စီးတီး ချေပဂိုးပြန်ရသွားပါတယ်။ တစ်ပွဲလုံးခြေစွမ်းအရ ဒီချေပဂိုးဟာ အနည်းဆုံးတော့ ထိုက်တန်ပါတယ်။ ပိုကောင်းသွားတာက နောက် ၅ မိနစ်အကြာမှာ လူစားဝင်စတာလင်းကြောင့် မန်စီးတီးပင်နယ်တီရခဲ့ပြီး အဲဒါကို ဒီဘရူနီက ယုံကြည်မှုရှိစွာနဲ့ပဲ ဒုတိယဂိုးအဖြစ် ပြောင်းလဲပေးနိုင်ခဲ့တာပါ။ မန်စီးတီးဟာ ဒီရာသီမှာ ပင်နယ်တီအများအပြားကိုလွဲချော်ခဲ့တာဖြစ်လို့ ဒီဘရူနီမကန်ခင်မှာ ဂိုးဝင်ဖို့က ၅၀-၅၀ ဖြစ်နေတာပါ။ ဒါပေမဲ့လည်း မန်စီးတီးဟာ နောက်ဆုံးမှာတော့ ပင်နယ်တီကန်နိုင်တဲ့ တစ်စုံတစ်ယောက်ကို တွေ့ရှိသွားပါတယ်။ ရီးရဲလ်အတွက် ပိုဆိုးသွားတာက သိပ်မကြာခင်မှာပဲ လွတ်လွတ်ကျွတ်ကျွတ်ဖြစ်သွားတဲ့ ဂျီးဆပ်ကို တားဆီးခဲ့တဲ့အသင်းခေါင်းဆောင်ရာမို့စ်ဟာ တိုက်ရိုက်အနီနဲ့ အထုတ်ခံလိုက်ရတာပါပဲ။

photo-gettyimages

မန်စီးတီးအနေနဲ့ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူနိုင်ခဲ့တာပါ။ ဒါ့အပြင် ဇီဒန်းလက်ထက် ချန်ပီယံလိဂ်ရှုံးထွက်အဆင့်မရှုံးဖူးသေးတဲ့ ရီးရဲလ်ရဲ့ဂုဏ်ယူဖွယ်ရာအစဉ်အလာဟာလည်း ဂွါဒီယိုလာနဲ့အတွေ့မှာ အဆုံးသတ်သွားခဲ့ပါတယ်။

[Zawgyi]

ဘာေနဗ်ဴးမွာ ေနာက္ကလိုက္ကစားၿပီး ရီးရဲလ္ကို ပထမဆုံးအႀကိမ္အႏိုင္ရခဲ့တဲ့မန္စီးတီး

ဂြါဒီယိုလာရဲ႕မန္စီးတီးဟာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲရဲ႕အေအာင္ျမင္ဆုံးအသင္းကို ဘာေနဗ်ဴးကြင္းမွာ ေနာက္ကလိုက္ကစားခဲ့ရေပမယ့္ ေနာက္က်ဂိုးေတြနဲ႔ ရႈံးေနရာကေန ျပန္လည္အႏိုင္ယူႏိုင္ခဲ့ပါတယ္။ ေျခစြမ္းအရ မန္စီးတီးအတြက္ ထိုက္တန္တဲ့ႏိုင္ပြဲျဖစ္ခဲ့ၿပီး ရလဒ္ပိုင္းအရလည္း ေနာက္တစ္ဆင့္အတြက္ အေျခအေနေကာငး္တစ္ရပ္ကို ပိုင္ဆိုင္သြားပါတယ္။

ဒီပြဲက ဂြါဒီယုိလာရဲ႕လူထုတ္ပုံက အံ့အားသင့္စရာဆိုေပမယ့္လည္း သူ႔ရဲ႕ဆရာက်တဲ့ဗ်ဴဟာနဲ႔ပဲ မန္စီးတီးဟာ အႏိုင္ရခဲ့တာပါ။ ဘာေၾကာင့္လဲဆိုေတာ့ သူဟာ စတာလင္း၊ အဂူရို၊ ေဒးဗစ္ေဆးလ္ဗားနဲ႔ ဖာနန္ဒင္ဟိုတို႔အားလုံးကို အရန္ခုံမွာပဲထားၿပီး အေထာင္တုိက္စစ္မႈးဂ်ီးဆပ္ေတာင္ ကစားကြက္အရ ေတာင္ပံေရာက္ေနကာ ဘာနာဒိုေဆးလ္ဗားနဲ႔ ဒီဘရူနီတို႔ႏွစ္ေယာက္ကို အလွည့္က် false nine ေတြအျဖစ္ ကစားေစခဲ့တာပါ။ သူ႔ဘက္က အရမ္းကို သတိထားတဲ့ကစားကြက္ပုံစံပါပဲ။ ဒါေပမဲ့ အဲဒါဟာ ခ်န္ပီယံလိဂ္ရႈံးထြက္အဆင့္သမိုင္းမွာ အရမ္းကိုအစဥ္အလာႀကီးခဲ့တဲ့ ရီးရဲလ္နဲ႔ဒီပြဲမွာ ဗ်ဴဟာအရ အလုပ္ျဖစ္ခဲ့ပါတယ္။ ပထမပိုင္းမွာ သိပ္မေျပာပေလာက္ဘူးဆိုရရင္ေတာင္ မန္စီးတီးဟာ တန္ျပန္တိုက္စစ္ေတြကေန ရီးရဲလ္ကို ပိုတုိးၿပီးၿခိမ္းေျခာက္ႏိုင္ခဲ့ပါတယ္။ မန္စီးတီးကသာ ဦးေဆာင္ဂိုးစရမယ္လို႔ ထင္ရေပမယ့္ ဒုတိယပိုင္းမိနစ္ ၆၀ မွာ မန္စီးတီးခံစစ္အမွားကေန အစၥကိုက ရီးရဲလ္အတြက္ ဦးေဆာင္ဂိုးသြင္းသြားပါတယ္။ ဒါေပမဲ့ ပြဲၿပီးဖို႔ ၁၂ မိနစ္အလိုျဖစ္တဲ့ ၇၈ မိနစ္မွာ ဂ်ီးဆပ္ရဲ႕အနီးကပ္ေခါင္းတိုက္သြင္းယူမႈနဲ႔ မန္စီးတီး ေခ်ပဂိုးျပန္ရသြားပါတယ္။ တစ္ပြဲလုံးေျခစြမ္းအရ ဒီေခ်ပဂိုးဟာ အနညး္ဆုံးေတာ့ ထိုက္တန္ပါတယ္။ ပိုေကာင္းသြားတာက ေနာက္ ၅ မိနစ္အၾကာမွာ လူစား၀င္စတာလင္းေၾကာင့္ မန္စီးတီးပင္နယ္တီရခဲ့ၿပီး အဲဒါကို ဒီဘရူနီက ယုံၾကည္မႈရွိစြာနဲ႔ပဲ ဒုတိယဂိုးအျဖစ္ ေျပာင္းလဲေပးႏိုင္ခဲ့တာပါ။ မန္စီးတီးဟာ ဒီရာသီမွာ ပင္နယ္တီအမ်ားအျပားကိုလြဲေခ်ာ္ခဲ့တာျဖစ္လုိ႔ ဒီဘရူနီမကန္ခင္မွာ ဂိုး၀င္ဖုိ႔က ၅၀-၅၀ ျဖစ္ေနတာပါ။ ဒါေပမဲ့လည္း မန္စီးတီးဟာ ေနာက္ဆုံးမွာေတာ့ ပင္နယ္တီကန္ႏိုင္တဲ့ တစ္စုံတစ္ေယာက္ကို ေတြ႕ရွိသြားပါတယ္။ ရီးရဲလ္အတြက္ ပိုဆိုးသြားတာက သိပ္မၾကာခင္မွာပဲ လြတ္လြတ္ကၽြတ္ကၽြတ္ျဖစ္သြားတဲ့ ဂ်ီးဆပ္ကို တားဆီးခဲ့တဲ့အသင္းေခါင္းေဆာင္ရာမို႔စ္ဟာ တိုက္ရိုက္အနီနဲ႔ အထုတ္ခံလုိက္ရတာပါပဲ။

မန္စီးတီးအေနနဲ႔ အသင္းသမိုင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္အျဖစ္ ရီးရဲလ္မက္ဒရစ္ကို အႏိုင္ယူႏိုင္ခဲ့တာပါ။ ဒါ့အျပင္ ဇီဒန္းလက္ထက္ ခ်န္ပီယံလိဂ္ရႈံးထြက္အဆင့္မရႈံးဖူးေသးတဲ့ ရီးရဲလ္ရဲ႕ဂုဏ္ယူဖြယ္ရာအစဥ္အလာဟာလည္း ဂြါဒီယိုလာနဲ႔အေတြ႕မွာ အဆုံးသတ္သြားခဲ့ပါတယ္။