
Photo Credit
Photo Credit
ဘာနေဗျူးမှာ ပရိသတ်ကို ဖျော်ဖြေမှုအပြည့်ပေးစွမ်းနိုင်ခဲ့တဲ့ပွဲဖြစ်ပြီး ဧည့်သည်ပီအက်စ်ဂျီက ပွဲပြီးခါနီးမှာ ချေပဂိုးတွေ ဆက်တိုက်သွင်းယူကာ ရီးရဲလ်ကို ၂-၂ ဂိုးသရေကစားနိုင်ခဲ့သလို ၂သင်းစလုံးလည်း ၁၆သင်းရှုံးထွက်အဆင့်ကို အုပ်စုပထမ၊ အုပ်စုဒုတိယအဖြစ် အသီးသီးတက်ရောက်သွားနိုင်ခဲ့ပါတယ်။
Photo Credit
ရီးရဲလ်ဟာ အစောပိုင်းမှာ ဘရုဂျက်က ဂါလာတာစာရေးနဲ့ ၁-၁ ဂိုးသရေကျသွားလို့ ပွဲမကန်ခင်ကတည်းက နောက်တစ်ဆင့်တက်ဖို့ သေချာသွားခဲ့တာဖြစ်ပြီး အုပ်စုပထမနေရာမျှော်လင့်ချက်အတွက် အားကုန်ကြိုးစားကစားခဲ့ပါတယ်။
Photo Credit
အဲဒီအတွက်ကြောင့်ပဲ ဘန်ဇီးမားက ပွဲချိန် ၁၇မိနစ်နဲ့ ၇၉ မိနစ်တွေမှာ ဦးဆောင်ဂိုးတွေအသီးသီးသွင်းယူနိုင်ခဲ့ပေမယ့် ပွဲချိန် ၈၁ မိနစ်မှာ ဘာပေက ရီးရဲလ်ခံစစ်ရဲ့အမှားကနေ ပထမချေပဂိုးသွင်းယူနိုင်ခဲ့သလို နောက် ၂မိနစ်အကြာမှာလည်း ဆာရာဘီးယားက လှပတဲ့ဒုတိယမြောက်ချေပဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
Photo Credit
နာကျင်အချိန်ပိုမှာ ဂါရတ်ဘေးလ်ရဲ့ဖရီးကစ်ကန်သွင်းချက် တိုင်ထိထွက်သွားခဲ့လို့ ရီးရဲလ်လည်း နစ်နာခဲ့ရပြီး ဒီပွဲမှာ သရေကစားနိုင်ခဲ့တဲ့ ပီအက်စ်ဂျီလည်း အုပ်စုနောက်ဆုံးပွဲမတိုင်ခင်မှာပဲ အုပ်စုပထမရဖို့ သေချာသွားခဲ့ပါတယ်။
Photo Credit
ဒီပွဲမှာ VAR ကြောင့် ရီးရဲလ်ဂိုးသမား ကော်တွိုက်စ် အထုတ်မခံခဲ့ရတာလု့ိ ဆိုနိုင်ပေမယ့် ခြေစွမ်းပိုင်းအရကြည့်ရင်တော့ မတ်လက ရီးရဲလ်နည်းပြအဖြစ် ဇီဒန်း ပြန်လည်တာဝန်ယူပြီးနောက် ရီးရဲလ်ရဲ့အကောင်းဆုံးပွဲဖြစ်ခဲ့ပြီး ပြိုင်ဘက်ဂိုးသမားနာဗက်စ်ကြောင့်သာ နိုင်ပွဲပျောက်ဆုံးခဲ့ရတာလို့ ဆိုနိုင်ပါတယ်။
Photo Credit
ပြီးခဲ့တဲ့နွေရာသီက ရီးရဲလ်ကနေ ပီအက်စ်ဂျီကို ပြောင်းရွှေ့သွားတဲ့ကော်စတာရီကာလက်ရွေးစင် နာဗက်စ်ဟာ ဒီပွဲမှာ အထူးလက်စွမ်းပြနိုင်ခဲ့ပြီး ဂိုးပေါက်ကာကွယ်မှု ၁၀ကြိမ်အထိ ပြုလုပ်သွားနိုင်ခဲ့ပါတယ်။
https://twitter.com/BetScoopUS/status/1199445935769739264
Video Credit
ပွဲချိန် ၁၇မိနစ်မှာ အစ္စကိုရဲ့ကန်သွင်းချက် တိုင်ထိထွက်လာတာကို ဘန်ဇီးမားက ပိတ်သွင်းကာ ဦးဆောင်ဂိုးရယူနိုင်ခဲ့ပြီး ညာနောက်ခံလူ ကာဗာဂျယ်ရဲ့ကန်သွင်းချက် ၃ကြိမ်နဲ့ တိုနီခရူးစ်ရဲ့အဝေးကန်ချက် ၂ကြိမ်အပါအဝင် ရီးရဲလ်ရဲ့ထိုးဖောက်ကန်သွင်းမှုတွေကို နာဗက်စ် လက်စွမ်းပြကာကွယ်နိုင်ခဲ့ပါတယ်။
That Madrid PSG game was great. But a defensive mistake between Courtois and Varane meant that Real threw away the three points. Unlucky that Bale didn’t win them the game with the free kick. pic.twitter.com/lyp6lqkzNX
— Laca (@Lacazette_) November 26, 2019
Video Credit
ပထမပိုင်းပြီးခါနီးမှာ တစ်ယောက်တည်း ထိုးဖောက်လာတဲ့ပီအက်စ်ဂျီတိုက်စစ်မှူး အီကာဒီကို ရီးရဲလ်ဂိုးသမားကော်တွိုက်စ် တားဆီးပုံကြမ်းတမ်းတယ်ဆိုပြီး ကွင်းလယ်ဒိုင်က တိုက်ရိုက်အနီကတ်ပြသခဲ့ပေမယ့် VAR ပြန်ကြည့်ခဲ့ပြီးနောက် အနီကတ်ကနေ အဝါကတ်ပြစ်ဒဏ်သာ ပြောင်းလဲချမှတ်ခဲ့ပါတယ်။
https://twitter.com/Abyo_King/status/1199426048817012737
Video Credit
Zawgyi
ဘာေနဗ်ဴးမွာ ေခ်ပဂိုးေတြ ဆက္တုိက္သြင္းၿပီး အုပ္စုပထမရဖုိ႔ ေသခ်ာသြားတဲ့ ပီအက္စ္ဂ်ီ (ရီးရဲလ္ ၂-၂ ပီအက္စ္ဂ်ီ ပြဲၿပီးျမင္ကြင္းက်ယ္)
ဘာေနဗ်ဴးမွာ ပရိသတ္ကို ေဖ်ာ္ေျဖမႈအျပည့္ေပးစြမ္းႏိုင္ခဲ့တဲ့ပြဲျဖစ္ၿပီး ဧည့္သည္ပီအက္စ္ဂ်ီက ပြဲၿပီးခါနီးမွာ ေခ်ပဂိုးေတြ ဆက္တုိက္သြင္းယူကာ ရီးရဲလ္ကို ၂-၂ ဂိုးသေရကစားႏိုင္ခဲ့သလုိ ၂သင္းစလုံးလည္း ၁၆သင္း႐ံႈးထြက္အဆင့္ကို အုပ္စုပထမ၊ အုပ္စုဒုတိယအျဖစ္ အသီးသီးတက္ေရာက္သြားႏိုင္ခဲ့ပါတယ္။
ရီးရဲလ္ဟာ အေစာပိုင္းမွာ ဘ႐ုဂ်က္က ဂါလာတာစာေရးနဲ႔ ၁-၁ ဂိုးသေရက်သြားလုိ႔ ပြဲမကန္ခင္ကတည္းက ေနာက္တစ္ဆင့္တက္ဖုိ႔ ေသခ်ာသြားခဲ့တာျဖစ္ၿပီး အုပ္စုပထမေနရာေမွ်ာ္လင့္ခ်က္အတြက္ အားကုန္ႀကိဳးစားကစားခဲ့ပါတယ္။
အဲဒီအတြက္ေၾကာင့္ပဲ ဘန္ဇီးမားက ပြဲခ်ိန္ ၁၇မိနစ္နဲ႔ ၇၉ မိနစ္ေတြမွာ ဦးေဆာင္ဂိုးေတြအသီးသီးသြင္းယူႏုိင္ခဲ့ေပမယ့္ ပြဲခ်ိန္ ၈၁ မိနစ္မွာ ဘာေပက ရီးရဲလ္ခံစစ္ရဲ႕အမွားကေန ပထမေခ်ပဂိုးသြင္းယူႏုိင္ခဲ့သလုိ ေနာက္ ၂မိနစ္အၾကာမွာလည္း ဆာရာဘီးယားက လွပတဲ့ဒုတိယေျမာက္ေခ်ပဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။
နာက်င္အခ်ိန္ပိုမွာ ဂါရတ္ေဘးလ္ရဲ႕ဖရီးကစ္ကန္သြင္းခ်က္ တိုင္ထိထြက္သြားခဲ့လုိ႔ ရီးရဲလ္လည္း နစ္နာခ့ဲရၿပီး ဒီပြဲမွာ သေရကစားႏိုင္ခဲ့တဲ့ ပီအက္စ္ဂ်ီလည္း အုပ္စုေနာက္ဆုံးပြဲမတုိင္ခင္မွာပဲ အုပ္စုပထမရဖို႔ ေသခ်ာသြားခဲ့ပါတယ္။
ဒီပြဲမွာ VAR ေၾကာင့္ ရီးရဲလ္ဂုိးသမား ေကာ္တြိဳက္စ္ အထုတ္မခံခဲ့ရတာလု႔ိ ဆုိႏိုင္ေပမယ့္ ေျခစြမ္းပိုင္းအရၾကည့္ရင္ေတာ့ မတ္လက ရီးရဲလ္နည္းျပအျဖစ္ ဇီဒန္း ျပန္လည္တာ၀န္ယူၿပီးေနာက္ ရီးရဲလ္ရဲ႕အေကာင္းဆုံးပြဲျဖစ္ခဲ့ၿပီး ၿပိဳင္ဘက္ဂိုးသမားနာဗက္စ္ေၾကာင့္သာ ႏိုင္ပြဲေပ်ာက္ဆုံးခဲ့ရတာလုိ႔ ဆုိႏိုင္ပါတယ္။
ၿပီးခဲ့တဲ့ေႏြရာသီက ရီးရဲလ္ကေန ပီအက္စ္ဂ်ီကို ေျပာင္းေရႊ႕သြားတဲ့ေကာ္စတာရီကာလက္ေရြးစင္ နာဗက္စ္ဟာ ဒီပဲြမွာ အထူးလက္စြမ္းျပႏိုင္ခဲ့ၿပီး ဂိုးေပါက္ကာကြယ္မႈ ၁၀ႀကိမ္အထိ ျပဳလုပ္သြားႏိုင္ခဲ့ပါတယ္။
ပြဲခ်ိန္ ၁၇မိနစ္မွာ အစၥကုိရဲ႕ကန္သြင္းခ်က္ တိုင္ထိထြက္လာတာကို ဘန္ဇီးမားက ပိတ္သြင္းကာ ဦးေဆာင္ဂိုးရယူႏိုင္ခဲ့ၿပီး ညာေနာက္ခံလူ ကာဗာဂ်ယ္ရဲ႕ကန္သြင္းခ်က္ ၃ႀကိမ္နဲ႔ တုိနီခရူးစ္ရဲ႕အေ၀းကန္ခ်က္ ၂ႀကိမ္အပါအ၀င္ ရီးရဲလ္ရဲ႕ထိုးေဖာက္ကန္သြင္းမႈေတြကို နာဗက္စ္ လက္စြမ္းျပကာကြယ္ႏိုင္ခ့ဲပါတယ္။
ပထမပိုင္းၿပီးခါနီးမွာ တစ္ေယာက္တည္း ထုိးေဖာက္လာတဲ့ပီအက္စ္ဂ်ီတိုက္စစ္မွဴး အီကာဒီကို ရီးရဲလ္ဂိုးသမားေကာ္တြိဳက္စ္ တားဆီးပုံၾကမ္းတမ္းတယ္ဆုိၿပီး ကြင္းလယ္ဒိုင္က တုိက္႐ိုက္အနီကတ္ျပသခဲ့ေပမယ့္ VAR ျပန္ၾကည့္ခဲ့ၿပီးေနာက္ အနီကတ္ကေန အ၀ါကတ္ျပစ္ဒဏ္သာ ေျပာင္းလဲခ်မွတ္ခဲ့ပါတယ္။