
Photo Credit
Photo Credit
လက်ရှိမန်စီးတီးကြယ်ပွင့် ဘာနာဒိုဆေးလ်ဗားကို လူငယ်ကစားသမားဘဝက ဈေးပေါပေါနဲ့ ခေါ်ယူဖို့ အခွင့်အရေးရခဲ့ပေမယ့် စီးတီးအသင်းက ဖြုန်းတီးပစ်ခဲ့ပြီး နောက်ဆုံးမှာတော့ ပေါင် ၄၃ သန်းပေးပြီးခေါ်ယူခဲ့ရပါတယ်။
Photo Credit ; Reuters
ပေါ်တူဂီးသားရဲ့ အထူးအေးဂျင့် ဂျော့ချ်မန်ဒက်စ်က ဘင်ဖီကာအသင်းမှာ စတင်ကစားပြီးခြေစွမ်းပြနေစဉ်က စီးတီးအသင်းကို ခေါ်ယူဖို့ ဆွဲဆောင်ခဲ့ပေမယ့် စီးတီးက ပယ်ချခဲ့ပြီး အပြောင်းအရွှေ့ မဖြစ်မြောက်ခဲ့ပါဘူး။ နောက်ပိုင်းမှာတော့ ဆေးဗားလ်က မိုနာကိုရောက်သွားခဲ့ပြီး ၂၀၁၇ ခုနှစ် မေလမှာမှ စီးတီးနည်းပြပက်ဂွါဒီယိုလာက ပေါ်တူဂီသားကို ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။
Photo Credit ; AFP / Getty Images
လူငယ်ကစားသမားအရွယ်မှာ အေးဂျင့်ဖြစ်သူမန်ဒက်စ်က ဂွါဒီယိုလာကို “ခင်ဗျားသေချာစဉ်စားသင့်တယ်။ ဘာနာဒိုက ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ဦး ဖြစ်လာလိမ့်မယ်လို့ ပြောခဲ့ပေမယ့် စီးတီးအသင်းကမခေါ်ယူခဲ့ဘူး“လို့ ပြောပါတယ်။
Photo Credit
အသက် ၂၅ နှစ်အရွယ် ဆေးလ်ဗားဟာ လက်ရှိမှာမန်စီးတီးအသင်းရဲ့ အရေးပါဆုံးကစားသမားတစ်ဦးအဖြစ် ပါဝင်ကစားနေပြီး ဒီရာသီ Ballon d’Or ဆုအတွက်လည်း လျာထားခြင်းခံရသူ ဖြစ်ပါတယ်။
Photo Credit
ဂွါဒီယိုလာကတော့ ကွင်းထဲမှာ ပေါ်တူဂီသားရဲ့ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကိုသဘောကျနေပြီး အသင်းအတွက် ဒီထက်ပိုပြီးပေးဆပ်နိုင်ဦးမယ်လို့ ထင်မြင်နေပါတယ်။ ဂွါဒီယိုလာက “သူနဲ့ပတ်သက်ပြီးမကောင်းတဲ့ စိတ်ခံစားမှုမျိုးတစ်ခါမှ မဖြစ်ဖူးပါဘူး”
Photo Credit
”သူအများကြီးမကစားနိုင်ရင်တောင်မှပေါ့၊ သူ့ရဲ့ခြေစွမ်းတွေကဆက်လက်ကောင်းမွန်နေဦးမှာပါ၊ သူ့လိုကစားသမားမျိုးဘယ်မှာမှ ရှာမတွေ့နိုင်တာကြောင့် ကျွန်တော်ကအသင်းမှာ ဆက်ထိန်းထားမှာပါ “လို့ ပြောသွားခဲ့ပါတယ်။
Photo Credit
Zawgyi
ဘာနာဒိုေဆးလ္ဗားကို ေစ်းေပါေပါနဲ႔ ရႏိုင္မယ့္အခြင့္အေရး ျငင္းဆန္ခဲ့တဲ့ စီးတီး
လက္ရွိမန္စီးတီးၾကယ္ပြင့္ ဘာနာဒိုေဆးလ္ဗားကို လူငယ္ကစားသမားဘဝက ေစ်းေပါေပါနဲ႔ ေခၚယူဖို႔ အခြင့္အေရးရခဲ့ေပမယ့္ စီးတီးအသင္းက ျဖဳန္းတီးပစ္ခဲ့ၿပီး ေနာက္ဆံုးမွာေတာ့ ေပါင္ ၄၃ သန္းေပးၿပီးေခၚယူခဲ့ရပါတယ္။
ေပၚတူဂီးသားရဲ႕ အထူးေအးဂ်င့္ ေဂ်ာ့ခ်္မန္ဒက္စ္က ဘင္ဖီကာအသင္းမွာ စတင္ကစားၿပီးေျခစြမ္းျပေနစဥ္က စီးတီးအသင္းကို ေခၚယူဖို႔ ဆြဲေဆာင္ခဲ့ေပမယ့္ စီးတီးက ပယ္ခ်ခဲ့ၿပီး အေျပာင္းအေရႊ႕ မျဖစ္ေျမာက္ခဲ့ပါဘူး။ ေနာက္ပိုင္းမွာေတာ့ ေဆးဗားလ္က မိုနာကိုေရာက္သြားခဲ့ၿပီး ၂၀၁၇ ခုႏွစ္ ေမလမွာမွ စီးတီးနည္းျပပက္ဂြါဒီယိုလာက ေပၚတူဂီသားကို ေခၚယူခဲ့တာ ျဖစ္ပါတယ္။
လူငယ္ကစားသမားအရြယ္မွာ ေအးဂ်င့္ျဖစ္သူမန္ဒက္စ္က ဂြါဒီယိုလာကို “ခင္ဗ်ားေသခ်ာစဥ္စားသင့္တယ္။ ဘာနာဒိုက ကမၻာ့အေကာင္းဆံုးကစားသမားတစ္ဦး ျဖစ္လာလိမ့္မယ္လို႔ ေျပာခဲ့ေပမယ့္ စီးတီးအသင္းကမေခၚယူခဲ့ဘူး“လို႔ ေျပာပါတယ္။
အသက္ ၂၅ ႏွစ္အရြယ္ ေဆးလ္ဗားဟာ လက္ရွိမွာမန္စီးတီးအသင္းရဲ႕ အေရးပါဆံုးကစားသမားတစ္ဦးအျဖစ္ ပါဝင္ကစားေနၿပီး ဒီရာသီ Ballon d’Or ဆုအတြက္လည္း လ်ာထားျခင္းခံရသူ ျဖစ္ပါတယ္။
ဂြါဒီယိုလာကေတာ့ ကြင္းထဲမွာ ေပၚတူဂီသားရဲ႕ေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္ေတြကိုသေဘာက်ေနၿပီး အသင္းအတြက္ ဒီထက္ပိုၿပီးေပးဆပ္ႏိုင္ဦးမယ္လို႔ ထင္ျမင္ေနပါတယ္။ ဂြါဒီယိုလာက “သူနဲ႔ပတ္သက္ၿပီးမေကာင္းတဲ့ စိတ္ခံစားမႈမ်ိဳးတစ္ခါမွ မျဖစ္ဖူးပါဘူး”
”သူအမ်ားႀကီးမကစားႏိုင္ရင္ေတာင္မွေပါ့၊ သူ႕ရဲ႕ေျခစြမ္းေတြကဆက္လက္ေကာင္းမြန္ေနဦးမွာပါ၊ သူ႔လိုကစားသမားမ်ိဳးဘယ္မွာမွ ရွာမေတြ႕ႏိုင္တာေၾကာင့္ ကၽြန္ေတာ္ကအသင္းမွာ ဆက္ထိန္းထားမွာပါ “လို႔ ေျပာသြားခဲ့ပါတယ္။