ဘာတွေဖြစ်နေမှန်းပင်မသိတော့ဘူးလို့ ဒီဂီယာ ငြီးတွား

Photo Credit ; Getty Images

Photo Credit

ယူနိုက်တက်အသင်းဂိုးသမား ဒီဂီယာက နယူးကာဆယ်ကို ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှ အသင်းရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်လို့ စိတ်ပျက်မိကြောင်းနဲ့ အခုလိုအဆိုးရွားဆုံးအတွေ့အကြုံကို အရင်က တစ်ခါမှမကြုံဖူးခဲ့ကြောင်း ဆိုသွားပါတယ်။

Photo Credit

ယူနိုက်တက်ဟာ နယူးကာဆယ်လူငယ်ကွင်းလယ်လူ မက်သယူးလောင်းစတပ်ဖ်ရဲ့သွင်းဂိုးကြောင့် အရေးနိမ့်ခဲ့ရတာဖြစ်ပြီး အိမ်ရှင်အသင်းကို ထိထိရောက်ရောက်မခြိမ်းခြောက်နိုင်ခဲ့ဘဲ တိုက်စစ်ပိုင်းက အတော်လေးရုန်းကန်ခဲ့ရပါတယ်။

Photo Credit

နောက်ခံလူ မက်ဂွိုင်းယားရဲ့ခေါင်းတိုက်ချက် ဘေးထွက်သွားတာလောက်ပဲ ယူနိုက်တက်အသင်း ဂိုးရဖို့ နီးစပ်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ နောက်ဆုံးအဝေးကွင်း ၈ပွဲဆက် နိုင်ပွဲပျောက်နေပြီဖြစ်သလို ပြိုင်ပွဲစုံအနေနဲ့ဆိုရင် ပီအက်စ်ဂျီကို ၁-၃ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲနောက်ပိုင်း ၁၀ပွဲဆက်နိုင်ပွဲပျောက်နေရပါတယ်။

Photo Credit

”ကျွန်တော်တို့အသင်းအနေနဲ့ တကယ့်အခွင့်အရေးတွေ ဘာတစ်ခုမှမဖန်တီးနိုင်ခဲ့ပါဘူး။ ခံစစ်ပိုင်းက ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။ အသင်းမှာ ဒဏ်ရာရကစားသမားတွေရှိနေတာမှန်ပေမယ့် ဒါကို အကြောင်းပြချက် သွားပေးလို့မရပါဘူး။ ကျွန်တော်တို့က မန်ချက်စတာယူနိုက်တက်ပါ။ လေ့ကျင့်ရေးကွင်းမှာ ပြင်းပြင်းထန်ထန်ဆက်လုပ်ပြီး နိုင်ပွဲတွေရဖို့ တိုက်ပွဲဝင်သွားမှာပါ”လို့ ဒီဂီယာက ပြောပါတယ်။

Photo Credit ; Getty Images

ဒီပွဲရဲ့တစ်လုံးတည်းသောအနိုင်ဂိုးဖြစ်တဲ့ နယူးကာဆယ်အသင်းရဲ့သွင်းဂိုးကလည်း ယူနိုက်တက်အသင်းရဲ့ ထောင့်ကန်ဘော ပျက်သွားပြီးနောက် တန်ပြန်တိုက်စစ်ကနေ ရရှိသွားခဲ့တာဖြစ်ပါတယ်။

Photo Credit

ယူနိုက်တက်ဟာ နိုင်ငံတကာရက်သတ္တပတ်အပြီးမှာ လီဗာပူးနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး နည်းပြကလော့ပ်ရဲ့လီဗာပူးက ရာသီအဖွင့် ၈ပွဲစလုံးအနိုင်ရရှိထားသလို ပရီးမီးယားလိဂ်နောက်ဆုံး ၁၇ပွဲဆက်အနိုင်ရရှိထားရာ ယူနိုက်တက်ထက် ၁၅ မှတ်နဲ့ ၁၁ဆင့်အထိ ပိုသာနေပါတယ်။

Photo Credit

”အသင်းက အရာအားလုံးတိုးတက်ဖို့လိုအပ်နေပါတယ်။ ကျွန်တော်လည်း ဘာပြောလို့ပြောရမလဲတောင် မသိတော့ဘူး။ လက်ရှိအချိန်က ယူနိုက်တက်ကို ကျွန်တော်ရောက်လာပြီးနောက်ပိုင်း အခက်ခဲဆုံးကာလပါပဲ။ ဘာဖြစ်လို့လဲဆိုတာရော ဘာတွေဖြစ်နေတာလဲဆိုတာရော ကျွန်တော်မသိပါဘူး။ ပရိသတ်တွေကိုလည်း တောင်းပန်ပါတယ်”လို့ ဒီဂီယာက ဆက်ပြောပါတယ်။

Photo Credit

Zawgyi

ဘာေတြျဖစ္ေနမွန္းပင္မသိေတာ့ဘူးလုိ႔ ဒီဂီယာ ၿငီးတြား

ယူႏုိက္တက္အသင္းဂိုးသမား ဒီဂီယာက နယူးကာဆယ္ကို ၁-၀ ဂိုးနဲ႔ ႐ံႈးနိမ့္ခဲ့တဲ့ပြဲမွ အသင္းရဲ႕စြမ္းေဆာင္ရည္နဲ႔ပတ္သက္လုိ႔ စိတ္ပ်က္မိေၾကာင္းနဲ႔ အခုလုိအဆုိးရြားဆုံးအေတြ႕အႀကံဳကို အရင္က တစ္ခါမွမႀကံဳဖူးခ့ဲေၾကာင္း ဆိုသြားပါတယ္။
ယူႏိုက္တက္ဟာ နယူးကာဆယ္လူငယ္ကြင္းလယ္လူ မက္သယူးေလာင္းစတပ္ဖ္ရဲ႕သြင္းဂိုးေၾကာင့္ အေရးနိမ့္ခဲ့ရတာျဖစ္ၿပီး အိမ္ရွင္အသင္းကို ထိထိေရာက္ေရာက္မၿခိမ္းေျခာက္ႏိုင္ခဲ့ဘဲ တုိက္စစ္ပိုင္းက အေတာ္ေလး႐ုန္းကန္ခဲ့ရပါတယ္။
ေနာက္ခံလူ မက္ဂြိဳင္းယားရဲ႕ေခါင္းတုိက္ခ်က္ ေဘးထြက္သြားတာေလာက္ပဲ ယူႏိုက္တက္အသင္း ဂိုးရဖို႔ နီးစပ္ခဲ့ၿပီး ပရီးမီးယားလိဂ္မွာ ေနာက္ဆုံးအေ၀းကြင္း ၈ပဲြဆက္ ႏိုင္ပဲြေပ်ာက္ေနၿပီျဖစ္သလို ၿပိဳင္ပြဲစုံအေနနဲ႔ဆုိရင္ ပီအက္စ္ဂ်ီကို ၁-၃ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပဲြေနာက္ပိုင္း ၁၀ပြဲဆက္ႏိုင္ပဲြေပ်ာက္ေနရပါတယ္။
”ကၽြန္ေတာ္တုိ႔အသင္းအေနနဲ႔ တကယ့္အခြင့္အေရးေတြ ဘာတစ္ခုမွမဖန္တီးႏိုင္ခဲ့ပါဘူး။ ခံစစ္ပိုင္းက ေကာင္းေကာင္းကစားႏိုင္ခဲ့ပါတယ္။ အသင္းမွာ ဒဏ္ရာရကစားသမားေတြရွိေနတာမွန္ေပမယ့္ ဒါကို အေၾကာင္းျပခ်က္ သြားေပးလုိ႔မရပါဘူး။ ကၽြန္ေတာ္တုိ႔က မန္ခ်က္စတာယူႏုိက္တက္ပါ။ ေလ့က်င့္ေရးကြင္းမွာ ျပင္းျပင္းထန္ထန္ဆက္လုပ္ၿပီး ႏိုင္ပဲြေတြရဖုိ႔ တုိက္ပြဲ၀င္သြားမွာပါ”လုိ႔ ဒီဂီယာက ေျပာပါတယ္။
ဒီပဲြရဲ႕တစ္လုံးတည္းေသာအႏိုင္ဂိုးျဖစ္တဲ့ နယူးကာဆယ္အသင္းရဲ႕သြင္းဂိုးကလည္း ယူႏုိက္တက္အသင္းရဲ႕ ေထာင့္ကန္ေဘာ ပ်က္သြားၿပီးေနာက္ တန္ျပန္တိုက္စစ္ကေန ရရွိသြားခဲ့တာျဖစ္ပါတယ္။
ယူႏိုက္တက္ဟာ ႏိုင္ငံတကာရက္သတၱပတ္အၿပီးမွာ လီဗာပူးနဲ႔ရင္ဆုိင္ရမွာျဖစ္ၿပီး နည္းျပကေလာ့ပ္ရဲ႕လီဗာပူးက ရာသီအဖြင့္ ၈ပြဲစလုံးအႏိုင္ရရွိထားသလုိ ပရီးမီးယားလိဂ္ေနာက္ဆုံး ၁၇ပြဲဆက္အႏုိင္ရရွိထားရာ ယူႏိုက္တက္ထက္ ၁၅ မွတ္နဲ႔ ၁၁ဆင့္အထိ ပိုသာေနပါတယ္။
”အသင္းက အရာအားလုံးတုိးတက္ဖို႔လိုအပ္ေနပါတယ္။ ကၽြန္ေတာ္လည္း ဘာေျပာလုိ႔ေျပာရမလဲေတာင္ မသိေတာ့ဘူး။ လက္ရွိအခ်ိန္က ယူႏုိက္တက္ကို ကၽြန္ေတာ္ေရာက္လာၿပီးေနာက္ပိုင္း အခက္ခဲဆုံးကာလပါပဲ။ ဘာျဖစ္လုိ႔လဲဆုိတာေရာ ဘာေတြျဖစ္ေနတာလဲဆုိတာေရာ ကၽြန္ေတာ္မသိပါဘူး။ ပရိသတ္ေတြကိုလည္း ေတာင္းပန္ပါတယ္”လုိ႔ ဒီဂီယာက ဆက္ေျပာပါတယ္။