ဘာဆက်ဆီဟာနဲ့ အဝေးကွင်းမှာ မန်ယူရဲ့ ပွဲထွက်လူစာရင်း ဘယ်လိုဖြစ်မလဲ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချန်ပီယံလိဂ်မှာ အုပ်စုပွဲစဉ် ၂ ပွဲကစားပြီး ၂ ပွဲစလုံး အနိုင်ရထားတဲ့ မန်ယူဟာ အုပ်စုတတိယပွဲစဉ်အဖြစ် တူရကီကလပ် ဘာဆက်ဆီဟာအသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။ ဘာဆက်ဆီဟာဟာ လိုက်ဇစ်နဲ့ ပီအက်စ်ဂျီတို့ကိုရှုံးနိမ့်ထားပြီး အ မှတ်မရသေးပါဘူး။ တူရကီမြေမှာ သွားရောက်ကစားရမယ့် မန်ယူအသင်းရဲ့ဖြစ် နိုင်ဖွယ်ရာ ပွဲထွက်လူစာရင်းအခင်းအကျင်းကို ယူအီးအက်ဖ်အေဝက်ဘ်ဆိုက်မှာ ၄-၄-၂ ပုံစံနဲ့ အခုလိုဖော်ပြပေးထားတာ တွေ့ရပါတယ်။

ဒီဂီယာ(ဂိုး)- ဂိုးသမားနေရာမှာတော့ ဒီဂီယာပဲ ပွဲထွက်လာဖို့ရှိနေပါတယ်။
ဘစ်ဆာကာ(နောက်တန်း)- မန်ယူအသင်းရဲ့ နောက်တန်းညာတောင်ပံမှာ ဘစ်ဆာကာပဲ ပုံမှန်နေရာရထားသလို ခြေစွမ်းလည်းတည်ငြိမ်တာကြောင့် ပွဲထွက် လာဖို့ရှိတယ်။

တန်ဇွန်ဘီ(နောက်တန်း)- နည်းပြဆိုးလ်ရှားဟာ လင်ဒီလော့ဖ်ထက်စာရင် ချန်ပီယံလိဂ်မှာ တန်ဇွန်ဘီကို ပိုကြိုက်ပုံရပါတယ်။ ပီအက်စ်ဂျီနဲ့ပွဲမှာ နေမာနဲ့ အမ်ဘတ်ပီကိုထိန်းချုပ်ပြခဲ့တဲ့ တန်ဇွန်ဘီက ဒီပွဲပါလာဖို့ရှိနေတယ်။

မက်ဂွိုင်းယား(နောက်တန်း)- ကစားသမားဟောင်း ရွိုင်ကိန်းနဲ့ ပရိသတ်အချို့ရဲ့ ဝေဖန်မှုတွေရှိနေပေမယ့် ဆိုးလ်ရှားဟာ မက်ဂွိုင်းယားကို ဗဟိုနောက်ခံလူအဖြစ် တစ်နေရာပေးထားဦးမှာပါ။

လုခ်ရှော(နောက်တန်း)- အဲလက်စ်တဲလက်စ်က ကစားခွင့်ရဖို့မသေချာသေးတဲ့အ ချိန်မှာ လုခ်ရှောကတော့ မန်ယူရဲ့ဘယ်တောင်ပံခံစစ်မှာ ဆက်မြင်ရဖို့ရှိတယ်။

ဖရက်ဒ်(အလယ်တန်း)- လုပ်အားနှုန်းကောင်းပြီး ဘယ်သူနဲ့မဆို တွဲဆော့ဖို့ အဆင်ပြေတဲ့ ဖရက်ဒ်က ချန်ပီယံလိဂ်ရှေ့ ၂ ပွဲမှာ ပါဝင်ခဲ့သလို ဒီပွဲမှာလည်း ဆက်ပါလာဖို့ ရှိပါတယ်။

မာတစ်(အလယ်တန်း)- အတွေ့အကြုံရင့်တဲ့ မာတစ်ဟာ လူငယ်တွေကိုထိန်းဖို့ အတွက် ကွင်းလယ်အထိုင်ကစားဖို့ရှိတယ်။

ဖာနန်ဒက်စ်(အလယ်တန်း)- မန်ယူကွင်းလယ်မှာ မရှိမဖြစ် ကစားသမားတစ်ဦး ဖြစ်သလို ဖန်တီးမှုလည်း အားကောင်းတာကြောင့် တစ်နေရာသေချာတယ်။

ပေါ့ဂ်ဘာ(အလယ်တန်း)- အားကြိုးမာန်တတ်မကစားဘူးလို့ ဝေဖန်မှုတွေရှိနေပေ မယ့် ပေါ့ဂ်ဘာဟာ ကွင်းလယ်မှာ အသုံးပြုလို့ရပါသေးတယ်။

ရက်ရှ်ဖို့ဒ်(ရှေ့တန်း)- ချန်ပီယံလိဂ် ၂ ပွဲဆက်တိုက် ခြေစွမ်းပြပြီး ၄ ဂိုးသွင်းထား တဲ့ ရက်ရှ်ဖို့ဒ်က တိုက်စစ်ကိုအဓိကဦးဆောင်မှာပါ။

မာရှယ်(ရှေ့တန်း)- ပရီးမီးယားလိဂ်မှာ ပွဲပယ်ပြစ်ဒဏ်ကြောင့် မကစားရတဲ့ မာရှယ်ဟာ အားပြည့်နေပြီး ချန်ပီယံလိဂ်မှာ ပွဲထွက်ခွင့်ရဖို့ရှိတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဘာဆက္ဆီဟာနဲ႔ အေဝးကြင္းမွာ မန္ယူရဲ႕ ပြဲထြက္လူစာရင္း ဘယ္လိုျဖစ္မလဲ

ခ်န္ပီယံလိဂ္မွာ အုပ္စုပြဲစဥ္ ၂ ပြဲကစားၿပီး ၂ ပြဲစလုံး အႏိုင္ရထားတဲ့ မန္ယူဟာ အုပ္စုတတိယပြဲစဥ္အျဖစ္ တူရကီကလပ္ ဘာဆက္ဆီဟာအသင္းနဲ႔ ကစားရမွာ ျဖစ္ပါတယ္။ ဘာဆက္ဆီဟာဟာ လိုက္ဇစ္နဲ႔ ပီအက္စ္ဂ်ီတို႔ကိုရႈံးနိမ့္ထားၿပီး အ မွတ္မရေသးပါဘူး။ တူရကီေျမမွာ သြားေရာက္ကစားရမယ့္ မန္ယူအသင္းရဲ႕ျဖစ္ ႏိုင္ဖြယ္ရာ ပြဲထြက္လူစာရင္းအခင္းအက်င္းကို ယူအီးအက္ဖ္ေအဝက္ဘ္ဆိုက္မွာ ၄-၄-၂ ပုံစံနဲ႔ အခုလိုေဖာ္ျပေပးထားတာ ေတြ႕ရပါတယ္။

ဒီဂီယာ(ဂိုး)- ဂိုးသမားေနရာမွာေတာ့ ဒီဂီယာပဲ ပြဲထြက္လာဖို႔ရွိေနပါတယ္။
ဘစ္ဆာကာ(ေနာက္တန္း)- မန္ယူအသင္းရဲ႕ ေနာက္တန္းညာေတာင္ပံမွာ ဘစ္ဆာကာပဲ ပုံမွန္ေနရာရထားသလို ေျခစြမ္းလည္းတည္ၿငိမ္တာေၾကာင့္ ပြဲထြက္ လာဖို႔ရွိတယ္။

တန္ဇြန္ဘီ(ေနာက္တန္း)- နည္းျပဆိုးလ္ရွားဟာ လင္ဒီေလာ့ဖ္ထက္စာရင္ ခ်န္ပီယံလိဂ္မွာ တန္ဇြန္ဘီကို ပိုႀကိဳက္ပုံရပါတယ္။ ပီအက္စ္ဂ်ီနဲ႔ပြဲမွာ ေနမာနဲ႔ အမ္ဘတ္ပီကိုထိန္းခ်ဳပ္ျပခဲ့တဲ့ တန္ဇြန္ဘီက ဒီပြဲပါလာဖို႔ရွိေနတယ္။

မက္ဂြိဳင္းယား(ေနာက္တန္း)- ကစားသမားေဟာင္း ႐ြိဳင္ကိန္းနဲ႔ ပရိသတ္အခ်ိဳ႕ရဲ႕ ေဝဖန္မႈေတြရွိေနေပမယ့္ ဆိုးလ္ရွားဟာ မက္ဂြိဳင္းယားကို ဗဟိုေနာက္ခံလူအျဖစ္ တစ္ေနရာေပးထားဦးမွာပါ။

လုခ္ေရွာ(ေနာက္တန္း)- အဲလက္စ္တဲလက္စ္က ကစားခြင့္ရဖို႔မေသခ်ာေသးတဲ့အ ခ်ိန္မွာ လုခ္ေရွာကေတာ့ မန္ယူရဲ႕ဘယ္ေတာင္ပံခံစစ္မွာ ဆက္ျမင္ရဖို႔ရွိတယ္။

ဖရက္ဒ္(အလယ္တန္း)- လုပ္အားႏႈန္းေကာင္းၿပီး ဘယ္သူနဲ႔မဆို တြဲေဆာ့ဖို႔ အဆင္ေျပတဲ့ ဖရက္ဒ္က ခ်န္ပီယံလိဂ္ေရွ႕ ၂ ပြဲမွာ ပါဝင္ခဲ့သလို ဒီပြဲမွာလည္း ဆက္ပါလာဖို႔ ရွိပါတယ္။

မာတစ္(အလယ္တန္း)- အေတြ႕အႀကဳံရင့္တဲ့ မာတစ္ဟာ လူငယ္ေတြကိုထိန္းဖို႔ အတြက္ ကြင္းလယ္အထိုင္ကစားဖို႔ရွိတယ္။

ဖာနန္ဒက္စ္(အလယ္တန္း)- မန္ယူကြင္းလယ္မွာ မရွိမျဖစ္ ကစားသမားတစ္ဦး ျဖစ္သလို ဖန္တီးမႈလည္း အားေကာင္းတာေၾကာင့္ တစ္ေနရာေသခ်ာတယ္။

ေပါ့ဂ္ဘာ(အလယ္တန္း)- အားႀကိဳးမာန္တတ္မကစားဘူးလို႔ ေဝဖန္မႈေတြရွိေနေပ မယ့္ ေပါ့ဂ္ဘာဟာ ကြင္းလယ္မွာ အသုံးျပဳလို႔ရပါေသးတယ္။

ရက္ရွ္ဖို႔ဒ္(ေရွ႕တန္း)- ခ်န္ပီယံလိဂ္ ၂ ပြဲဆက္တိုက္ ေျခစြမ္းျပၿပီး ၄ ဂိုးသြင္းထား တဲ့ ရက္ရွ္ဖို႔ဒ္က တိုက္စစ္ကိုအဓိကဦးေဆာင္မွာပါ။

မာရွယ္(ေရွ႕တန္း)- ပရီးမီးယားလိဂ္မွာ ပြဲပယ္ျပစ္ဒဏ္ေၾကာင့္ မကစားရတဲ့ မာရွယ္ဟာ အားျပည့္ေနၿပီး ခ်န္ပီယံလိဂ္မွာ ပြဲထြက္ခြင့္ရဖို႔ရွိတယ္။