ဘာစီလုိနာဘက္ကို လွပတဲ့ေနာက္ျပန္ကန္ခ်က္သြင္းၿပီး မက္ဆီနဲ႔စံခ်ိန္တူသြားတဲ့ ၃၈ ႏွစ္အရြယ္အဒူရစ္ဇ္

photo-gettyimages

photo-br football

ဘီလ္ဘာအုိအသင္းရဲ႕၀ါရင့္တိုက္စစ္မႈးအဒူရစ္ဇ္ဟာ ဘာစီလိုနာနဲ႔ကစားခဲ့တဲ့ ေသာၾကာညလာလီဂါအဖြင့္ပြဲစဥ္မွာ ဘီလ္ဘာအိုအတြက္ တစ္လုံးတည္းေသာအႏိုင္ဂိုးသြငး္ေပးခဲ့ၿပီးေနာက္ အဲဒီဂိုးေၾကာင့္ပဲ မက္ဆီနဲ႔စံခ်ိန္တစ္ခုတူညီသြားခဲ့ပါတယ္။ အဒူရစ္ဇ္ဟာ ဘာစီလိုနာနဲ႔အိမ္ကြင္းပြဲစဥ္မွာ ၈၈ မိနစ္အေရာက္ လူစား၀င္လာခဲ့ၿပီး စကၠန္႔ ၆၀ အၾကာမွာပဲ လွပတဲ့ေနာက္ျပန္ကန္ခ်က္နဲ႔ လက္ရွိခ်န္ပီယံကို တာထြက္မလွေစမယ့္ တစ္လုံးတည္းေသာဂိုးသြင္းေပးခဲ့တာပါ။

photo-gettyimages

ဒါေၾကာင့္လည္း သူဟာ လာလီဂါမွာ ၁၅ ရာသီဆက္ဂိုးသြင္းႏိုင္ခဲ့တယ္ဆိုတဲ့ မက္ဆီရဲ႕စံခ်ိန္ကို လိုက္မီသြားခဲ့ပါတယ္။ အရင္စံခ်ိန္တင္ထားတဲ့မက္ဆီကေတာ့ ေျခသလုံးဒဏ္ရာကေန အရွင္းသက္သာေပ်ာက္ကင္းျခင္းမရွိေသးတာေၾကာင့္ ဘီလ္ဘာအုိနဲ႔ ဒီလာလီဂါအဖြင့္ပြဲကို ပါ၀င္ႏိုင္ျခင္း မရွိခဲ့ပါဘူး။ သူမပါတဲ့ ဘာစီလုိနာကလည္း ၂၀၀၉ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ လာလီဂါမွာ အဖြင့္ပြဲရႈံးခဲ့တာပါ။

photo-gettyimages

ဘီလ္ဘာအိုကေတာ့ ေနာက္ဆုံးေတြ႕ဆုံမႈ ၁၂ ႀကိမ္မွာ ပထမဆုံးအႀကိမ္အျဖစ္ ဘာစီလုိနာကို အႏိုင္ရခဲ့တာပါ။ ဒီပြဲမွာ တစ္လုံးတည္းေသာအႏိုင္ဂိုးသြင္းေပးခဲ့တဲ့အဒူရစ္ဇ္ဟာ ၃၈ ႏွစ္ရွိၿပီျဖစ္ၿပီး အခုရာသီကုန္မွာ ကစားသမားဘ၀ကေန အနားယူဖို႔ စီစဥ္ထားသူလည္း ျဖစ္ပါတယ္။ အဒူရစ္ဇ္ဟာ ၂၀၁၂ ခုႏွစ္ကတည္းက ဘီလ္ဘာအုိကိုျပန္ေရာက္ေနခဲ့ၿပီး စုစုေပါင္း ၂၁၈ ပြဲမွာ ၉၆ ဂိုးသြင္းေပးထားပါတယ္။

[Unicode]

ဘီလ်ဘာအိုအသင်းရဲ့ဝါရင့်တိုက်စစ်မှုးအဒူရစ်ဇ်ဟာ ဘာစီလိုနာနဲ့ကစားခဲ့တဲ့ သောကြာညလာလီဂါအဖွင့်ပွဲစဉ်မှာ ဘီလ်ဘာအိုအတွက် တစ်လုံးတည်းသောအနိုင်ဂိုးသွင်းပေးခဲ့ပြီးနောက် အဲဒီဂိုးကြောင့်ပဲ မက်ဆီနဲ့စံချိန်တစ်ခုတူညီသွားခဲ့ပါတယ်။ အဒူရစ်ဇ်ဟာ ဘာစီလိုနာနဲ့အိမ်ကွင်းပွဲစဉ်မှာ ၈၈ မိနစ်အရောက် လူစားဝင်လာခဲ့ပြီး စက္ကန့် ၆၀ အကြာမှာပဲ လှပတဲ့နောက်ပြန်ကန်ချက်နဲ့ လက်ရှိချန်ပီယံကို တာထွက်မလှစေမယ့် တစ်လုံးတည်းသောဂိုးသွင်းပေးခဲ့တာပါ။

ဒါကြောင့်လည်း သူဟာ လာလီဂါမှာ ၁၅ ရာသီဆက်ဂိုးသွင်းနိုင်ခဲ့တယ်ဆိုတဲ့ မက်ဆီရဲ့စံချိန်ကို လိုက်မီသွားခဲ့ပါတယ်။ အရင်စံချိန်တင်ထားတဲ့မက်ဆီကတော့ ခြေသလုံးဒဏ်ရာကနေ အရှင်းသက်သာပျောက်ကင်းခြင်းမရှိသေးတာကြောင့် ဘီလ်ဘာအိုနဲ့ ဒီလာလီဂါအဖွင့်ပွဲကို ပါဝင်နိုင်ခြင်း မရှိခဲ့ပါဘူး။ သူမပါတဲ့ ဘာစီလိုနာကလည်း ၂၀၀၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လာလီဂါမှာ အဖွင့်ပွဲရှုံးခဲ့တာပါ။

ဘီလ်ဘာအိုကတော့ နောက်ဆုံးတွေ့ဆုံမှု ၁၂ ကြိမ်မှာ ပထမဆုံးအကြိမ်အဖြစ် ဘာစီလိုနာကို အနိုင်ရခဲ့တာပါ။ ဒီပွဲမှာ တစ်လုံးတည်းသောအနိုင်ဂိုးသွင်းပေးခဲ့တဲ့အဒူရစ်ဇ်ဟာ ၃၈ နှစ်ရှိပြီဖြစ်ပြီး အခုရာသီကုန်မှာ ကစားသမားဘဝကနေ အနားယူဖို့ စီစဉ်ထားသူလည်း ဖြစ်ပါတယ်။ အဒူရစ်ဇ်ဟာ ၂၀၁၂ ခုနှစ်ကတည်းက ဘီလ်ဘာအိုကိုပြန်ရောက်နေခဲ့ပြီး စုစုပေါင်း ၂၁၈ ပွဲမှာ ၉၆ ဂိုးသွင်းပေးထားပါတယ်။