ဘာစီလုိနာက စိတ္၀င္စားေနေပမယ့္ ယူႏုိက္တက္မွာပဲ ေပ်ာ္ရႊင္ေနတဲ့ လင္ဒီေလာ့ဖ္

Photo Credit ; Getty Images

Photo Credit ; PA

ယူႏုိက္တက္အသင္းေနာက္ခံလူ လင္ဒီေလာ့ဖ္က လာလီဂါခ်န္ပီယံ ဘာစီလုိနာအသင္းက သူ႕ကို ေခၚယူဖုိ႔စိတ္၀င္စားေနတယ္လုိ႔ သတင္းေတြထြက္ေပၚေနေပမယ့္ အုိးလ္ထရက္ဖုိ႔ဒ္အေျခစိုက္အသင္းမွာပဲ ကစားရတာ အလြန္ေပ်ာ္ရႊင္ေနတယ္လုိ႔ အခုိင္အမာေျပာၾကားလိုက္ပါတယ္။ အသက္ ၂၄ႏွစ္အရြယ္ရွိ ဆီြဒင္လက္ေရြးစင္ လင္ဒီေလာ့ဖ္ဟာ လြန္ခဲ့တဲ့ ၂ႏွစ္က ဘင္ဖီကာအသင္းကေန ေရာက္လာၿပီးေနာက္ ယူႏုိက္တက္ခံစစ္ရဲ႕အေရးပါတဲ့ကစားသမားအျဖစ္ ေျခစြမ္းျပေနၿပီး ယခုလအတြင္းထြက္ေပၚခဲ့တဲ့သတင္းေတြအရ ဘာစီလုိနာအသင္းက သူ႕ကို ေခၚယူဖုိ႔ ဆက္သြယ္ခ်ဥ္းကပ္ေနတယ္လုိ႔ သိရပါတယ္။

Photo Credit ; AFP / Getty Images

ဒါေပမဲ့ လင္ဒီေလာ့ဖ္ကေတာ့ အဲဒီသတင္းေတြကို ပယ္ခ်သြားၿပီး ယူႏုိက္တက္မွာ ကစားရတာကိုပဲ ေပ်ာ္ရႊင္ေနေၾကာင္း အခုိင္အမာေျပာၾကားခဲ့ပါတယ္။ ”ယူႏိုက္တက္ကစားသမားအျဖစ္ ကၽြန္ေတာ္ အရမ္းအရမ္းကို ေပ်ာ္ရႊင္ေနပါတယ္။ ရာသီသစ္အတြက္လည္း စိတ္လႈပ္ရွားေနပါတယ္။ ထြက္ေပၚေနတဲ့အေျပာင္းအေရႊ႕သတင္းေတြနဲ႔ပတ္သက္လုိ႔ ကၽြန္ေတာ့္ရဲ႕အေျဖက ဒါပါပဲ။ ယူႏုိက္တက္ကစားသမားအျဖစ္လည္း အၿမဲတမ္းခံစားခဲ့ရပါတယ္။ ၿပီးခဲ့တဲ့ရာသီမွာေတာ့ ကစားပုံပိုေကာင္းခဲ့ၿပီး ပထမဆုံးရာသီထက္ ပိုအဆင္ေျပခဲ့ပါတယ္”

Photo Credit ; Getty Images

”ကၽြန္ေတာ့္အေနနဲ႔ ကိုယ့္ရဲ႕အေကာင္းဆုံးစြမ္းေဆာင္ရည္ထုတ္ျပႏုိင္ၿပီး အသင္းကို ကူညီေပးႏိုင္ဖို႔ပဲ စိတ္ထဲထည့္ထားပါတယ္”လုိ႔ လင္ဒီေလာ့ဖ္က ေျပာၾကားခဲ့ပါတယ္။ လင္ဒီေလာ့ဖ္ဟာ ၿပီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ္ပြဲ ၃၀အပါအ၀င္ ၿပိဳင္ပြဲစုံပြဲ ၄၀ကစားခြင့္ရခဲ့ၿပီး နည္းျပဆုိးလ္ရွားရဲ႕လက္ေအာက္မွာ အေရးပါတဲ့ေနာက္ခံလူအျဖစ္ ရပ္တည္ႏိုင္ခဲ့ပါတယ္။

Photo Credit ; Reuters

လင္ဒီေလာ့ဖ္ဟာ ပထမဆုံးရာသီမွာ ပရီးမီးယားလိဂ္ ၁၇ပြဲပဲကစားခြင့္ရခဲ့ေပမယ့္ အခုခ်ိန္မွာေတာ့ အသင္းနဲ႔အတူ အသားက်လာၿပီး ေနာက္ထပ္ပစ္မွတ္က ေနာက္ခံလူသစ္ ၀မ္ဘစ္ဆာကာအပါအ၀င္ အသင္းေဖာ္သစ္ေတြနဲ႔ အျမန္ဆုံးနားလည္မႈရရွိေရးျဖစ္ပါတယ္။ ယူႏိုက္တက္ဟာ ဗုဒၶဟူးေန႔မွာ ဒုတိယေျမာက္ရာသီႀကိဳေျခစမ္းပြဲအျဖစ္ ပါ့သ္ၿမိဳ႕မွာပဲ ခ်န္ပီယံရွစ္ကလပ္ လိဒ္ယူႏုိက္တက္နဲ႔ကစားမွာျဖစ္ၿပီး အဖြင့္ပြဲမွာေတာ့ အိမ္ရွင္ပါ့သ္ဂလုိရီအသင္းကို ၂-၀ ဂိုးနဲ႔အႏိုင္ရရွိခဲ့ပါတယ္။

Photo Credit ; Getty Images

Unicode

ဘာစီလိုနာက စိတ်ဝင်စားနေပေမယ့် ယူနိုက်တက်မှာပဲ ပျော်ရွှင်နေတဲ့ လင်ဒီလော့ဖ်

ယူနိုက်တက်အသင်းနောက်ခံလူ လင်ဒီလော့ဖ်က လာလီဂါချန်ပီယံ ဘာစီလိုနာအသင်းက သူ့ကို ခေါ်ယူဖို့စိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် အိုးလ်ထရက်ဖို့ဒ်အခြေစိုက်အသင်းမှာပဲ ကစားရတာ အလွန်ပျော်ရွှင်နေတယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။ အသက် ၂၄နှစ်အရွယ်ရှိ ဆွီဒင်လက်ရွေးစင် လင်ဒီလော့ဖ်ဟာ လွန်ခဲ့တဲ့ ၂နှစ်က ဘင်ဖီကာအသင်းကနေ ရောက်လာပြီးနောက် ယူနိုက်တက်ခံစစ်ရဲ့အရေးပါတဲ့ကစားသမားအဖြစ် ခြေစွမ်းပြနေပြီး ယခုလအတွင်းထွက်ပေါ်ခဲ့တဲ့သတင်းတွေအရ ဘာစီလိုနာအသင်းက သူ့ကို ခေါ်ယူဖို့ ဆက်သွယ်ချဉ်းကပ်နေတယ်လို့ သိရပါတယ်။
ဒါပေမဲ့ လင်ဒီလော့ဖ်ကတော့ အဲဒီသတင်းတွေကို ပယ်ချသွားပြီး ယူနိုက်တက်မှာ ကစားရတာကိုပဲ ပျော်ရွှင်နေကြောင်း အခိုင်အမာပြောကြားခဲ့ပါတယ်။ ”ယူနိုက်တက်ကစားသမားအဖြစ် ကျွန်တော် အရမ်းအရမ်းကို ပျော်ရွှင်နေပါတယ်။ ရာသီသစ်အတွက်လည်း စိတ်လှုပ်ရှားနေပါတယ်။ ထွက်ပေါ်နေတဲ့အပြောင်းအရွှေ့သတင်းတွေနဲ့ပတ်သက်လို့ ကျွန်တော့်ရဲ့အဖြေက ဒါပါပဲ။ ယူနိုက်တက်ကစားသမားအဖြစ်လည်း အမြဲတမ်းခံစားခဲ့ရပါတယ်။ ပြီးခဲ့တဲ့ရာသီမှာတော့ ကစားပုံပိုကောင်းခဲ့ပြီး ပထမဆုံးရာသီထက် ပိုအဆင်ပြေခဲ့ပါတယ်”
”ကျွန်တော့်အနေနဲ့ ကိုယ့်ရဲ့အကောင်းဆုံးစွမ်းဆောင်ရည်ထုတ်ပြနိုင်ပြီး အသင်းကို ကူညီပေးနိုင်ဖို့ပဲ စိတ်ထဲထည့်ထားပါတယ်”လို့ လင်ဒီလော့ဖ်က ပြောကြားခဲ့ပါတယ်။ လင်ဒီလော့ဖ်ဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ပွဲ ၃၀အပါအဝင် ပြိုင်ပွဲစုံပွဲ ၄၀ကစားခွင့်ရခဲ့ပြီး နည်းပြဆိုးလ်ရှားရဲ့လက်အောက်မှာ အရေးပါတဲ့နောက်ခံလူအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။
လင်ဒီလော့ဖ်ဟာ ပထမဆုံးရာသီမှာ ပရီးမီးယားလိဂ် ၁၇ပွဲပဲကစားခွင့်ရခဲ့ပေမယ့် အခုချိန်မှာတော့ အသင်းနဲ့အတူ အသားကျလာပြီး နောက်ထပ်ပစ်မှတ်က နောက်ခံလူသစ် ဝမ်ဘစ်ဆာကာအပါအဝင် အသင်းဖော်သစ်တွေနဲ့ အမြန်ဆုံးနားလည်မှုရရှိရေးဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဗုဒ္ဓဟူးနေ့မှာ ဒုတိယမြောက်ရာသီကြိုခြေစမ်းပွဲအဖြစ် ပါ့သ်မြို့မှာပဲ ချန်ပီယံရှစ်ကလပ် လိဒ်ယူနိုက်တက်နဲ့ကစားမှာဖြစ်ပြီး အဖွင့်ပွဲမှာတော့ အိမ်ရှင်ပါ့သ်ဂလိုရီအသင်းကို ၂-၀ ဂိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။