ဘာစီလိုနာ Vs ပီအက်စ်ဂျီ ၊ ပွဲကြိုသုံးသပ်ချက်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘာစီလိုနာ နှင့် ပီအက်စ်ဂျီ အသင်းတို့ရဲ့ ချန်ပီယံလိဂ် ( ၁၆ ) သင်းအဆင့် ၊ ပထမအကျော့ ပွဲစဥ်ကို သုံးသပ်တင်ပြသွားမှာ ဖြစ်ပါတယ်။
==========
ပွဲချိန် – ဖေဖော်ဝါရီ ( ၁၆ ) ရက် ၊အင်္ဂါနေ့ ၊ ည ( ၂း ၃၀ ) နာရီ
ကွင်း – ကမ့်နူး ၊ ပြိုင်ပွဲ – ချန်ပီယံလိဂ် ၊ ကွင်းလယ်ဒိုင် – Björn Kuipers
============

ဘာစီလိုနာ နှင့် ပီအက်စ်ဂျီအသင်းတို့ နောက်ဆုံးအကြိမ် တွေ့ဆုံမှုမှာ ကတ်တလိုနီးယားတို့က သမိုင်းဝင် ( ၆ -၁ ) ရလာဒ်နဲ့ အနိုင်ရရှိထားတယ်။ ယခု အင်္ဂါနေ့ ကစားမယ့် ပွဲစဥ်မှာတော့ ( ၂ ) သင်းစလုံးက ကိုယ်စီ သက်သေပြဖို့ လိုအပ်နေပါတယ်။ ဘာစီလိုနာက နောက်ဆုံးကစားခဲ့တဲ့ ပွဲစဥ်မှာ ဒီဗိုတိဗို အလာဗတ်အသင်းကို ( ၅ ) ဂိုးသွင်းယူနိုင်ခဲ့တဲ့အတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာ တက်ကြွနေပါလိမ့်မယ်။

ရော်နယ်ကိုးမန်းရဲ့ အသင်းက နိုင်ပွဲတွေရရှိထားပေမယ့် သူတို့ရဲ့ အကောင်းဆုံးပုံစံနဲ့တော့ အလှမ်းဝေး‌ေနေသေးတာ တွေ့ရပါတယ်။ ပီအက်စ်ဂျီက အလာဗတ်ထက် ပိုမို တောင့်တင်းတဲ့ အသင်းဆိုတာ ပြောဖို့လိုမယ် မထင်ပါဘူး။ ပဲရစ်တိုင်းသားတွေဟာ နောက်ပိုင်းရာသီတွေမှာ ပြင်သစ်ဘောလုံးလောကကို တောက်လျှောက်လွှမ်းမိုးထာပြီး ယခင်နှစ်က ချန်ပီယံလိဂ် ဗိုလ်လုပွဲထိ တက်ရောက်ထားပါတယ်။

========


#ဘာစီလိုနာ

ဘာစီလိုနာအနေနဲ့ မကြာသေးမီက ကိုပါဒယ်ရေးမှာ ဆီဗီလာအသင်းကို ရှံုးနိမ့်ထားပေမယ့် နောက်ပိုင်းပွဲစဥ်ေတွမှာ ေြခစွမ်းတိုးတက်လာတာေတွ့ရပါတယ်။ လာလီဂါမှာ နိုင်ပွဲေတွဆက်ေနပြီး ယခင်ကထက် ပိုေပျာ်ရွှင်တဲ့ အသင်းဖြစ်ေနပါတယ်။ေနာက်ဆုံး ကစားခဲ့တဲ့ ပွဲစဥ်မှာ အဓိက ကစားသမား အချို့ကို အနားပေးထားပြီး ဂိုးပြတ်နိုင်ပွဲရရှိခဲ့တဲ့ အတွက် ရော်နယ်ကိုးမန်းရဲ့ အသင်းက ယခုပွဲစဥ်အတွက် အသင့်ဖြစ်နေပါလိမ့်မယ်။

လာလီဂါမှာ ( ၇ )ပွဲဆက် အနိုင်ရရှိထားပြီး မက်ဒရစ်မြို့ခံ ( ၂ ) သင်းရဲ့ နောက်မှာရပ်တည်နေပါတယ်။ ဥရောပမှာတော့ ဂျူဗင်တပ်ရဲ့နောက် အုပ်စု ဒုတိယနေရာရရှိခဲ့ပြီး ( ၆ ) ပွဲမှာ ( ၁၆ ) ဂိုး သွင်းယူခဲ့ပါတယ်။ ဘာစီလိုနာဟာ နောက်ပိုင်းမှာ ပွဲစဥ် အချို့ကို အချိန်ပိုမိနစ် ( ၃၀ ) ကစားခဲ့ရတာကြောင့် ပွဲပန်းမှုတွေ ရှိလာနိုင်ပါတယ်။

ဘာစီလိုနာအသင်းပွဲထွက် ကစားသမားစာရင်းရဲ့ ဂိုးသမားနေရာမှာ တာစတီဂျန် ပါဝင်လာဖို့ရှိပါတယ်။ ဒါပေမယ့် ခံစစ်ပိုင်းက မေးခွန်းထုတ်စရာ ရှိနေပါတယ်။ ဘယ်နောက်ခံနေရာမှာ အယ်လ်ဘာ ပါဝင်လာဖို့ သေချာသလောက်ရှိပေမယ့် ကျန်တဲ့( ၃ ) နေရာကတော့ ကိုးမန်းရဲ့ ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်နေပါတယ်။ ပီကေး နှင့် Araujo တို့က ပွဲထွက် ကစားသမားစာရင်းမှာ ပါဝင်ဖို့ ဆန္ဒပြင်းပြနေပေမယ့် ( ၂ ) ဦးစလုံးအတွက် သေချာမှုမရှိသေးတာ တွေ့ရပါတယ်။

နောက်ဆုံးပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်း အစီအစဥ်မှာ ပီကေးက အသင်းနဲ့အတူ လေ့ကျင့်ခဲ့ပေမယ့် Araujo ကိုတော့ မတွေ့ခဲ့ရပါဘူး။ ပြင်သစ် နောက်ခံကစားသမား လင်ဂလတ်က ဗဟိုခံစစ် ကစားသမားနေရာမှာ ပါဝင်လာနိုင်ပေမယ့် သူ့ရဲ့ တွဲဖက်ကိုတော့ ခန့်မှန်းဖို့ခက်ပါတယ်။ ကွင်းလယ် ကစားသမား ဖရန်ကီ ဒီဂျောင်ကိုလည်း အသုံးပြုလာနိုင်ပါတယ်။

ညာနောက်ခံနေရာမှာတော့ ဒဏ်ရာကနေ ပြန်လည် သက်သာလာတဲ့ အမေရိကန်ကစားသမား ဆာဂျီညို ဒက်စ်ကို အသုံးပြုဖို့ရှိနေပါတယ်။ ဒါပေမယ့် အော်စကာ မင်ဂဲဇာကိုလည်း အသုံးပြုလာနိုင်ပါတယ်။ ကွင်းလယ် နှင့် တိုက်စစ်အတွက်တော့ ဆွေးနွေးစရာ သိပ်မရှိပါဘူး ။ ကွင်းလယ်မှာ ဘတ်စကွက် ၊ ဒီဂျောင် ၊ ပီဒရီ တို့ကို အသုံးပြုပါလိမ့်မယ်။ တိုက်စစ်မှ‌ာတော့ မက်ဆီ ၊ ဂရစ်မန်းတို့နဲ့ အတူ ဒမ်ဘီလီတို့က ပွဲထွက် ကစားသမားအနေနဲ့ ပါဝင်လာပါလိမ့်မယ်။
============

#ပီအက်စ်ဂျီ

အိမ်ရှင်အသင်းလိုပဲ ပီအက်စ်ဂျီမှာလည်း မေးခွန်းထုတ်စရာတွေ ရှိနေပါတယ်။ နည်းပြသစ် ပိုချက်တီနိုရဲ့ လက်အောက်မှာ တည်ငြိမ်တဲ့ ခြေစွမ်းရရှိဖို့ ပုံဖော်နေပါတယ်။ တိုက်စစ် အသားပေးအသင်း ဖြစ်ပြီး ဘာစီလိုနာနောက်တန်း ထိန်းချုပ်ဖို့ ခက်ခဲတဲ့ အမြန်နှုန်းနဲ့ တိုက်စစ်ဆင်မှုကို အသုံးချလေ့ရှိတယ်။ ဒါပေမယ့် ပိုချက်တီနိုအနေနဲ့ နေမာ နှင့် ဒီမာရီယာကို အသုံးပြုနိုင်မှာ မဟုတ်ပါဘူး။

ဧည့်သည့်အသင်းက ( ၄-၂-၃-၁ ) ပုံစံ အသုံးပြုလာနိုင်ပြီး နေမာ နှင့် ဒီမာရီယာ‌နေရာမှာ မွိုက်စ်ကိန်း နှင့် အက်ကာဒီ တို့ပါဝင်လာနိုင်ပါတယ်။ ကွင်းလယ် တိုက်စစ်နေရာမှာ‌ေတာ့ ဂျူလီယန် ဒရက်ဆယ်လာ ၊ ဒါမှမဟုတ် deeper role ကစားလေ့ရှိတဲ့ မာကို ဗာရက်တီ ပါဝင်လာနိုင်ပါတယ်။

အီတလီ ကွင်းလယ် ကစားသမားက ဒဏ်ရာပြဿနာ စိုးရိမ်စရာ ရှိနေပေမယ့် ဘာစီလိုနာအသင်းနဲ့ ပွဲစဥ် အတွက် ကစားသမား စာရင်းမှာ ပါဝင်လာခဲ့ပါတယ်။ double- pivot နေရာမှာတော့ Leandro Paredes နှင့် Idrissa Gueye တို့ ပါဝင်လာနိုင်ပါတယ်။

ခံစစ်ပိုင်းကတော့ ပီအက်စ်ဂျီရဲ့ အားအနည်းဆုံး အစိတ်အပိုင်းဖြစ်ပြီး Layvin Kurzawa, Presnel Kimpembe, Marquinhos နှင့် Alessandro Florenzi တို့က လီယွန်နယ် မက်ဆီ ဦးဆောင်တဲ့ တိုက်စစ်ကို ဘယ်လိုထိန်းချုပ်မယ်ဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။

=============

စောင့်ကြည့်ရမယ့် ကစားသမား – ကိုင်လီယမ် အမ်ဘာပေ

နေမာ နှင့် ဒီမာရီယာ မပါဝင်နိုင်တဲ့အတွက် အမ်ဘာပေက ပီအက်စ်ဂျီ တိုက်စစ်ကို ဦးဆောင်လာပါလိမ့်မယ် ။ ပြင်သစ် လူငယ်တိုက်စစ်မှူးအနေနဲ့ ၂၀၂၀ / ၂၁ ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ ( ၁၈ ) ဂိုး သွင်းယူထားပြီး ( ၉ ) ဂိုး ဖန်တီးပေးထားပါတယ်။

================


နောက်ဆုံး ( ၅ ) ကြိမ် တွေ့ဆုံမှု

Barcelona 6-1 PSG | UEFA Champions League 2016/17

PSG 4-0 Barcelona | UEFA Champions League 2016/17

Barcelona 2-0 PSG | UEFA Champions League 2014/15

PSG 1-3 Barcelona | UEFA Champions League 2014/15

Barcelona 3-1 PSG | UEFA Champions League 2013/14
===============

ဘာစီလိုနာက ကမ့်နူးမှာ ပီအက်စ်ဂျီအသင်းကို ရှုံးနိမ့်ထားခြင်းမရှိသေးသလို ဧည့်သည်အသင်းမှာ အဓိက ကစားသမားတချို့ လွဲချော်နေတာက ကတ်တလန်အသင်းအတွက် ကြီးမားတဲ့ အားသာချက် ဖြစ်ပါတယ်။ ခန့်မှန်းဂိုးရလာဒ် – ဘာစီလိုနာ ( ၂ – ၁ ) ပီအက်စ်ဂျီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဘာစီလိုနာ Vs ပီအက္စ္ဂ်ီ ၊ ပြဲႀကိဳသုံးသပ္ခ်က္

ဘာစီလိုနာ ႏွင့္ ပီအက္စ္ဂ်ီ အသင္းတို႔ရဲ႕ ခ်န္ပီယံလိဂ္ ( ၁၆ ) သင္းအဆင့္ ၊ ပထမအေက်ာ့ ပြဲစဥ္ကို သုံးသပ္တင္ျပသြားမွာ ျဖစ္ပါတယ္။
==========

ပြဲခ်ိန္ – ေဖေဖာ္ဝါရီ ( ၁၆ ) ရက္ ၊အဂၤါေန႔ ၊ ည ( ၂း ၃၀ ) နာရီ
ကြင္း – ကမ့္ႏူး ၊ ၿပိဳင္ပြဲ – ခ်န္ပီယံလိဂ္ ၊ ကြင္းလယ္ဒိုင္ – Björn Kuipers
============
ဘာစီလိုနာ ႏွင့္ ပီအက္စ္ဂ်ီအသင္းတို႔ ေနာက္ဆုံးအႀကိမ္ ေတြ႕ဆုံမႈမွာ ကတ္တလိုနီးယားတို႔က သမိုင္းဝင္ ( ၆ -၁ ) ရလာဒ္နဲ႔ အႏိုင္ရရွိထားတယ္။ ယခု အဂၤါေန႔ ကစားမယ့္ ပြဲစဥ္မွာေတာ့ ( ၂ ) သင္းစလုံးက ကိုယ္စီ သက္ေသျပဖို႔ လိုအပ္ေနပါတယ္။ ဘာစီလိုနာက ေနာက္ဆုံးကစားခဲ့တဲ့ ပြဲစဥ္မွာ ဒီဗိုတိဗို အလာဗတ္အသင္းကို ( ၅ ) ဂိုးသြင္းယူႏိုင္ခဲ့တဲ့အတြက္ စိတ္ဓာတ္ပိုင္းဆိုင္ရာ တက္ႂကြေနပါလိမ့္မယ္။ ေရာ္နယ္ကိုးမန္းရဲ႕ အသင္းက ႏိုင္ပြဲေတြရရွိထားေပမယ့္ သူတို႔ရဲ႕ အေကာင္းဆုံးပုံစံနဲ႔ေတာ့ အလွမ္းေဝး‌ေေနေသးတာ ေတြ႕ရပါတယ္။

ပီအက္စ္ဂ်ီက အလာဗတ္ထက္ ပိုမို ေတာင့္တင္းတဲ့ အသင္းဆိုတာ ေျပာဖို႔လိုမယ္ မထင္ပါဘူး ။ ပဲရစ္တိုင္းသားေတြဟာ ေနာက္ပိုင္းရာသီေတြမွာ ျပင္သစ္ေဘာလုံးေလာကကို ေတာက္ေလွ်ာက္လႊမ္းမိုးထာၿပီး ယခင္ႏွစ္က ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲထိ တက္ေရာက္ထားပါတယ္။
========
#ဘာစီလိုနာ

ဘာစီလိုနာအေနနဲ႔ မၾကာေသးမီက ကိုပါဒယ္ေရးမွာ ဆီဗီလာအသင္းကို ရွံုးနိမ့္ထားေပမယ့္ ေနာက္ပိုင္းပြဲစဥ္ေတြမွာ ေျခစြမ္းတိုးတက္လာတာေတြ႕ရပါတယ္။ လာလီဂါမွာ ႏိုင္ပြဲေတြဆက္ေနၿပီး ယခင္ကထက္ ပိုေပ်ာ္႐ႊင္တဲ့ အသင္းျဖစ္ေနပါတယ္။ ေနာက္ဆုံး ကစားခဲ့တဲ့ ပြဲစဥ္မွာ အဓိက ကစားသမား အခ်ိဳ႕ကို အနားေပးထားၿပီး ဂိုးျပတ္ႏိုင္ပြဲရရွိခဲ့တဲ့ အတြက္ ေရာ္နယ္ကိုးမန္းရဲ႕ အသင္းက ယခုပြဲစဥ္အတြက္ အသင့္ျဖစ္ေနပါလိမ့္မယ္။

လာလီဂါမွာ ( ၇ )ပြဲဆက္ အႏိုင္ရရွိထားၿပီး မက္ဒရစ္ၿမိဳ႕ခံ ( ၂ ) သင္းရဲ႕ ေနာက္မွာရပ္တည္ေနပါတယ္။ ဥေရာပမွာေတာ့ ဂ်ဴဗင္တပ္ရဲ႕ေနာက္ အုပ္စု ဒုတိယေနရာရရွိခဲ့ၿပီး ( ၆ ) ပြဲမွာ ( ၁၆ ) ဂိုး သြင္းယူခဲ့ပါတယ္။ ဘာစီလိုနာဟာ ေနာက္ပိုင္းမွာ ပြဲစဥ္ အခ်ိဳ႕ကို အခ်ိန္ပိုမိနစ္ ( ၃၀ ) ကစားခဲ့ရတာေၾကာင့္ ပြဲပန္းမႈေတြ ရွိလာႏိုင္ပါတယ္။

ဘာစီလိုနာအသင္းပြဲထြက္ ကစားသမားစာရင္းရဲ႕ ဂိုးသမားေနရာမွာ တာစတီဂ်န္ ပါဝင္လာဖို႔ရွိပါတယ္။ ဒါေပမယ့္ ခံစစ္ပိုင္းက ေမးခြန္းထုတ္စရာ ရွိေနပါတယ္။ ဘယ္ေနာက္ခံေနရာမွာ အယ္လ္ဘာ ပါဝင္လာဖို႔ ေသခ်ာသေလာက္ရွိေပမယ့္ က်န္တဲ့( ၃ ) ေနရာကေတာ့ ကိုးမန္းရဲ႕ ဆုံးျဖတ္ခ်က္အေပၚမွာပဲ မူတည္ေနပါတယ္။ ပီေကး ႏွင့္ Araujo တို႔က ပြဲထြက္ ကစားသမားစာရင္းမွာ ပါဝင္ဖို႔ ဆႏၵျပင္းျပေနေပမယ့္ ( ၂ ) ဦးစလုံးအတြက္ ေသခ်ာမႈမရွိေသးတာ ေတြ႕ရပါတယ္။ ေနာက္ဆုံးျပဳလုပ္ခဲ့တဲ့ ေလ့က်င့္ခန္း အစီအစဥ္မွာ ပီေကးက အသင္းနဲ႔အတူ ေလ့က်င့္ခဲ့ေပမယ့္ Araujo ကိုေတာ့ မေတြ႕ခဲ့ရပါဘူး။ ျပင္သစ္ ေနာက္ခံကစားသမား လင္ဂလတ္က ဗဟိုခံစစ္ ကစားသမားေနရာမွာ ပါဝင္လာႏိုင္ေပမယ့္ သူ႔ရဲ႕ တြဲဖက္ကိုေတာ့ ခန႔္မွန္းဖို႔ခက္ပါတယ္။ ကြင္းလယ္ ကစားသမား ဖရန္ကီ ဒီေဂ်ာင္ကိုလည္း အသုံးျပဳလာႏိုင္ပါတယ္။

ညာေနာက္ခံေနရာမွာေတာ့ ဒဏ္ရာကေန ျပန္လည္ သက္သာလာတဲ့ အေမရိကန္ကစားသမား ဆာဂ်ီညိဳ ဒက္စ္ကို အသုံးျပဳဖို႔ရွိေနပါတယ္။ ဒါေပမယ့္ ေအာ္စကာ မင္ဂဲဇာကိုလည္း အသုံးျပဳလာႏိုင္ပါတယ္။ ကြင္းလယ္ ႏွင့္ တိုက္စစ္အတြက္ေတာ့ ေဆြးေႏြးစရာ သိပ္မရွိပါဘူး ။ ကြင္းလယ္မွာ ဘတ္စကြက္ ၊ ဒီေဂ်ာင္ ၊ ပီဒရီ တို႔ကို အသုံးျပဳပါလိမ့္မယ္။ တိုက္စစ္မွ‌ာေတာ့ မက္ဆီ ၊ ဂရစ္မန္းတို႔နဲ႔ အတူ ဒမ္ဘီလီတို႔က ပြဲထြက္ ကစားသမားအေနနဲ႔ ပါဝင္လာပါလိမ့္မယ္။

============
#ပီအက္စ္ဂ်ီ

အိမ္ရွင္အသင္းလိုပဲ ပီအက္စ္ဂ်ီမွာလည္း ေမးခြန္းထုတ္စရာေတြ ရွိေနပါတယ္။ နည္းျပသစ္ ပိုခ်က္တီႏိုရဲ႕ လက္ေအာက္မွာ တည္ၿငိမ္တဲ့ ေျခစြမ္းရရွိဖို႔ ပုံေဖာ္ေနပါတယ္။ တိုက္စစ္ အသားေပးအသင္း ျဖစ္ၿပီး ဘာစီလိုနာေနာက္တန္း ထိန္းခ်ဳပ္ဖို႔ ခက္ခဲတဲ့ အျမန္ႏႈန္းနဲ႔ တိုက္စစ္ဆင္မႈကို အသုံးခ်ေလ့ရွိတယ္။ ဒါေပမယ့္ ပိုခ်က္တီႏိုအေနနဲ႔ ေနမာ ႏွင့္ ဒီမာရီယာကို အသုံးျပဳႏိုင္မွာ မဟုတ္ပါဘူး။ ဧည့္သည့္အသင္းက ( ၄-၂-၃-၁ ) ပုံစံ အသုံးျပဳလာႏိုင္ၿပီး ေနမာ ႏွင့္ ဒီမာရီယာ‌ေနရာမွာ မြိဳက္စ္ကိန္း ႏွင့္ အက္ကာဒီ တို႔ပါဝင္လာႏိုင္ပါတယ္။ ကြင္းလယ္ တိုက္စစ္ေနရာမွာ‌ေတာ့ ဂ်ဴလီယန္ ဒရက္ဆယ္လာ ၊ ဒါမွမဟုတ္ deeper role ကစားေလ့ရွိတဲ့ မာကို ဗာရက္တီ ပါဝင္လာႏိုင္ပါတယ္။

အီတလီ ကြင္းလယ္ ကစားသမားက ဒဏ္ရာျပႆနာ စိုးရိမ္စရာ ရွိေနေပမယ့္ ဘာစီလိုနာအသင္းနဲ႔ ပြဲစဥ္ အတြက္ ကစားသမား စာရင္းမွာ ပါဝင္လာခဲ့ပါတယ္။ double- pivot ေနရာမွာေတာ့ Leandro Paredes ႏွင့္ Idrissa Gueye တို႔ ပါဝင္လာႏိုင္ပါတယ္။ ခံစစ္ပိုင္းကေတာ့ ပီအက္စ္ဂ်ီရဲ႕ အားအနည္းဆုံး အစိတ္အပိုင္းျဖစ္ၿပီး Layvin Kurzawa, Presnel Kimpembe, Marquinhos ႏွင့္ Alessandro Florenzi တို႔က လီယြန္နယ္ မက္ဆီ ဦးေဆာင္တဲ့ တိုက္စစ္ကို ဘယ္လိုထိန္းခ်ဳပ္မယ္ဆိုတာ စိတ္ဝင္စားဖို႔ေကာင္းပါတယ္။

=============

ေစာင့္ၾကည့္ရမယ့္ ကစားသမား – ကိုင္လီယမ္ အမ္ဘာေပ

ေနမာ ႏွင့္ ဒီမာရီယာ မပါဝင္ႏိုင္တဲ့အတြက္ အမ္ဘာေပက ပီအက္စ္ဂ်ီ တိုက္စစ္ကို ဦးေဆာင္လာပါလိမ့္မယ္ ။ ျပင္သစ္ လူငယ္တိုက္စစ္မႉးအေနနဲ႔ ၂၀၂၀ / ၂၁ ေဘာလုံးရာသီမွာ ၿပိဳင္ပြဲစုံ ( ၁၈ ) ဂိုး သြင္းယူထားၿပီး ( ၉ ) ဂိုး ဖန္တီးေပးထားပါတယ္။

================

ေနာက္ဆုံး ( ၅ ) ႀကိမ္ ေတြ႕ဆုံမႈ

Barcelona 6-1 PSG | UEFA Champions League 2016/17
PSG 4-0 Barcelona | UEFA Champions League 2016/17
Barcelona 2-0 PSG | UEFA Champions League 2014/15

PSG 1-3 Barcelona | UEFA Champions League 2014/15
Barcelona 3-1 PSG | UEFA Champions League 2013/14
===============

ဘာစီလိုနာက ကမ့္ႏူးမွာ ပီအက္စ္ဂ်ီအသင္းကို ရႈံးနိမ့္ထားျခင္းမရွိေသးသလို ဧည့္သည္အသင္းမွာ အဓိက ကစားသမားတခ်ိဳ႕ လြဲေခ်ာ္ေနတာက ကတ္တလန္အသင္းအတြက္ ႀကီးမားတဲ့ အားသာခ်က္ ျဖစ္ပါတယ္။ ခန႔္မွန္းဂိုးရလာဒ္ – ဘာစီလိုနာ ( ၂ – ၁ ) ပီအက္စ္ဂ်ီ