ဘာစီလိုနာ လိဂ်ဖလားမရပေမယ့် မက်ဆီက လာလီဂါမှာ ဂိုး၃၀နဲ့အထက် သွင်းနိုင်တာ ၉ရာသီ ရှိသွားပြီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဆဲလ်တာဗီဂိုအသင်းကို အိမ်ကွင်း နူးကမ့်မှာ မက်ဆီရဲ့ ဂိုးနဲ့ စပြီးဦးဆောင်လိုက်ချိန်မှာ အားလုံးက ဒီပွဲကို ဘာစီလိုနာနိုင်မယ့်ပွဲအဖြစ် ထင်မှတ်ခဲ့ကြတာပါ။

လာလီဂါ ချန်ပီယံဆုအတွက်လည်း နောက်ဆုံးပွဲစဉ်အထိ မက်ဒရစ် ၂သင်းနဲ့အတူ ဘာစီလိုနာလည်း အပြိုင်နွှဲရမယ်လို့ ထင်ချင်စရာပါပဲ။

ဒါပေမယ့် ပွဲအပြီးမှာ ဘာစီလိုနာ ရှုံးသွားတော့ ချန်ပီယံဆုက်ု အမှတ်အရ ဆက်လိုက်ဖို့ မဖြစ်နိုင်တော့ပါဘူး။

မက်ဆီတစ်ယောက် တာဝန်ကျေခဲ့ပေမယ့် ဘာစီလိုနာအတွက်ကတော့ ဖလားလက်လွှတ်လိုက်ရတာပါ။

မက်ဆီသွင်းလိုက်တဲ့ ဦးဆောင်ဂိုးဟာ ဒီရာသီမှာ လိ၈် ဂိုး ၃၀ ပြည့်ဂိုးလည်း ဖြစ်ပါတယ်။

မက်ဆီအနေနဲ့ လာလီဂါ ဘောလုံးရာသီ ၉ ရာသီအထိ ဂိုးပေါင်း ၃၀ နဲ့အထက် သွင်းယူနိုင်တဲ့ မှတ်တမ်းကိုလည်း ရရှိခဲ့တာပါ။

တစ်ဦးချင်း အောင်မြင်မှုအရ ဒီစံချိန်မှတ်တမ်းက ကျေနပ်စရာဖြစ်ပေမယ့် အမှတ်ပေးဖလား မရတော့ဘဲ ချန်ပီယံလိဂ်ကနေလည်း ထွက်ခွာခဲ့ရတာတွေက မက်ဆီတစ်ယောက် ပျော်ရွှင်နိုင်မှာ မဟုတ်ပါဘူး။

ဘာစီလိုနာနည်းပြရော်နယ်ကိုးမန်းက သူ့ရဲ့အသင်းဟာ မက်ဆီမပါဝင်ဘဲ ကစားဖို့ လုံးဝမဖြစ်နိုင်ဘူးလို့ ဆယ်လ်တာဗီဂိုကို အရေးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ ပြောဆိုလိုက်ပါတယ်။

မက်ဆီဟာ နောက်လမှာ ဘာစီလိုနာနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး လက်ရှိအချိန်ထိ စာချုပ်သစ်မချုပ်ဆိုသေးသူဖြစ်ပါတယ်။

ရာသီကုန်မှာ အသင်းကထွက်ခွာခွင့်ရရှိထားပြီး သူ့ကို မန်စီးတီး၊ ပီအက်စ်ဂျီအသင်းတွေက အလိုရှိနေပြီး ဘာစီလိုနာကတော့ အသင်းမှာဆက်လက်ကစားပေးဖို့ကို မျှော်လင့်နေပါတယ်။

ဒါပေမယ့်အသင်းအနေနဲ့ ဒီရာသီမှာ ကိုပါဒယ်ရေး ဖလား၁လုံးပဲ ရယူနိုင်ခဲ့ဲ့လို့ မက်ဆီက အသင်းကိုစွန့်ခွာဖွယ်လည်း ရှိနေပါတယ်။

ဆယ်လ်တာဗီဂိုနဲ့ပွဲအပြီးမှာ ရော်နယ်ကိုးမန်းက “သူက ဒီရာသီလာလီဂါမှာ ဂိုး ၃၀ အထိ သွင်းယူထားပြီးပါပြီ၊ ကျွန်တော်တို့အတွက်လည်း အမှတ်တွေအများကြီးကို သူ ယူပေးခဲ့ပါတယ်၊

ဒါက လီယိုအတွက် မေးခွန်းတစ်ခုပါပဲ၊ ကျွန်တော့်အတွက်ရော၊ ကလပ်အတွက်ပါ၊ သူအသင်းမှာဆက်နေပြီး ကျွန်တော်တို့နဲ့ အတူရှိနေဖို့ မျှော်လင့်ပါတယ်၊

ဘာလို့လဲဆိုတော့ သူသာ မရှိခဲ့ဘူးဆိုရင် ကျွန်တော်တို့အတွက် ဘယ်သူက ဂိုးသွင်းပေးမှာလဲဆိုတာ သံသယရှိလာရတော့မှာပါ” လို့ ပြောဆိုသွားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဘာစီလိုနာ လိဂ္ဖလားမရေပမယ့္ မက္ဆီက လာလီဂါမွာ ဂိုး၃၀နဲ႔အထက္ သြင္းႏိုင္တာ ၉ရာသီ ရွိသြားၿပီ

ဆဲလ္တာဗီဂိုအသင္းကို အိမ္ကြင္း ႏူးကမ့္မွာ မက္ဆီရဲ႕ ဂိုးနဲ႔ စၿပီးဦးေဆာင္လိုက္ခ်ိန္မွာ အားလုံးက ဒီပြဲကို ဘာစီလိုနာႏိုင္မယ့္ပြဲအျဖစ္ ထင္မွတ္ခဲ့ၾကတာပါ။ လာလီဂါ ခ်န္ပီယံဆုအတြက္လည္း ေနာက္ဆုံးပြဲစဥ္အထိ မက္ဒရစ္ ၂သင္းနဲ႔အတူ ဘာစီလိုနာလည္း အၿပိဳင္ႏႊဲရမယ္လို႔ ထင္ခ်င္စရာပါပဲ။ ဒါေပမယ့္ ပြဲအၿပီးမွာ ဘာစီလိုနာ ရႈံးသြားေတာ့ ခ်န္ပီယံဆုက္ု အမွတ္အရ ဆက္လိုက္ဖို႔ မျဖစ္ႏိုင္ေတာ့ပါဘူး။ မက္ဆီတစ္ေယာက္ တာဝန္ေက်ခဲ့ေပမယ့္ ဘာစီလိုနာအတြက္ကေတာ့ ဖလားလက္လႊတ္လိုက္ရတာပါ။

မက္ဆီသြင္းလိုက္တဲ့ ဦးေဆာင္ဂိုးဟာ ဒီရာသီမွာ လိ၈္ ဂိုး ၃၀ ျပည့္ဂိုးလည္း ျဖစ္ပါတယ္။ မက္ဆီအေနနဲ႔ လာလီဂါ ေဘာလုံးရာသီ ၉ ရာသီအထိ ဂိုးေပါင္း ၃၀ နဲ႔အထက္ သြင္းယူႏိုင္တဲ့ မွတ္တမ္းကိုလည္း ရရွိခဲ့တာပါ။ တစ္ဦးခ်င္း ေအာင္ျမင္မႈအရ ဒီစံခ်ိန္မွတ္တမ္းက ေက်နပ္စရာျဖစ္ေပမယ့္ အမွတ္ေပးဖလား မရေတာ့ဘဲ ခ်န္ပီယံလိဂ္ကေနလည္း ထြက္ခြာခဲ့ရတာေတြက မက္ဆီတစ္ေယာက္ ေပ်ာ္႐ႊင္ႏိုင္မွာ မဟုတ္ပါဘူး။

ဘာစီလိုနာနည္းျပေရာ္နယ္ကိုးမန္းက သူ႔ရဲ႕အသင္းဟာ မက္ဆီမပါဝင္ဘဲ ကစားဖို႔ လုံးဝမျဖစ္ႏိုင္ဘူးလို႔ ဆယ္လ္တာဗီဂိုကို အေရးနိမ့္ခဲ့တဲ့ပြဲအၿပီးမွာ ေျပာဆိုလိုက္ပါတယ္။ မက္ဆီဟာ ေနာက္လမွာ ဘာစီလိုနာနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္ၿပီး လက္ရွိအခ်ိန္ထိ စာခ်ဳပ္သစ္မခ်ဳပ္ဆိုေသးသူျဖစ္ပါတယ္။ ရာသီကုန္မွာ အသင္းကထြက္ခြာခြင့္ရရွိထားၿပီး သူ႔ကို မန္စီးတီး၊ ပီအက္စ္ဂ်ီအသင္းေတြက အလိုရွိေနၿပီး ဘာစီလိုနာကေတာ့ အသင္းမွာဆက္လက္ကစားေပးဖို႔ကို ေမွ်ာ္လင့္ေနပါတယ္။ ဒါေပမယ့္အသင္းအေနနဲ႔ ဒီရာသီမွာ

ကိုပါဒယ္ေရး ဖလား၁လုံးပဲ ရယူႏိုင္ခဲ့ဲ့လို႔ မက္ဆီက အသင္းကိုစြန႔္ခြာဖြယ္လည္း ရွိေနပါတယ္။

ဆယ္လ္တာဗီဂိုနဲ႔ပြဲအၿပီးမွာ ေရာ္နယ္ကိုးမန္းက “သူက ဒီရာသီလာလီဂါမွာ ဂိုး ၃၀ အထိ သြင္းယူထားၿပီးပါၿပီ၊ ကြၽန္ေတာ္တို႔အတြက္လည္း အမွတ္ေတြအမ်ားႀကီးကို သူ ယူေပးခဲ့ပါတယ္၊ ဒါက လီယိုအတြက္ ေမးခြန္းတစ္ခုပါပဲ၊ ကြၽန္ေတာ့္အတြက္ေရာ၊ ကလပ္အတြက္ပါ၊ သူအသင္းမွာဆက္ေနၿပီး ကြၽန္ေတာ္တို႔နဲ႔ အတူရွိေနဖို႔ ေမွ်ာ္လင့္ပါတယ္၊ ဘာလို႔လဲဆိုေတာ့ သူသာ မရွိခဲ့ဘူးဆိုရင္ ကြၽန္ေတာ္တို႔အတြက္ ဘယ္သူက ဂိုးသြင္းေပးမွာလဲဆိုတာ သံသယရွိလာရေတာ့မွာပါ” လို႔ ေျပာဆိုသြားခဲ့ပါတယ္။