ဘာစီလိုနာ ယူ-၁၉ အသင်းနည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရတဲ့ ဗဲလ်ဒက်စ်

Photo Credit

Photo Credit

ဘာစီလိုနာအသင်းဟာ ယူ-၁၉ နည်းပြဖြစ်တဲ့ ဂန္ထဝင်ဂိုးသမား ဗစ်တာဗဲလ်ဒက်စ်ကို နည်းပြရာထူးကနေ ထုတ်ပယ်လိုက်ပြီ ဖြစ်ကြောင်းအတည်ပြုကြေညာလိုက်ပါတယ်။ ဘာစီလိုနာဂိုးသမားဟောင်းဗဲလ်ဒက်စ်ဟာ အဆိုပါနည်းပြရာထူးကို ဇူလိုင်လက စတင်ရယူခဲ့တာဖြစ်ပြီး ဂျူဗန်နယ်အေအသင်းကို ကိုင်တွယ်တာ ၃ လခန့်သာရှိသေးတာ ဖြစ်ပါတယ်။

Photo Credit

သတင်းတွေရဲ့အဆိုအရ ယခုလိုထုတ်ပယ်မခံရခင် ဗဲလ်ဒက်စ်ဟာ အသင်းရဲ့ ဒါရိုက်တာဖြစ်တဲ့ တိုက်စစ်မှူးဟောင်း ပက်ထရစ်ကလွိုင်ဗက်နဲ့ ဆက်ဆံရေးမပြေလည်မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ လက်ရှိဘာစီလိုနာ ယူ-၁၉ အသင်းဟာ ရီးရဲလ်ဇာရာဂိုဇာအသင်းရဲ့နောက် အမှတ်ပေးဇယားဒုတိယနေရာမှာ ရပ်တည်နေပြီး ဗဲလ်ဒက်စ် ကိုင်တွယ်နေစဉ်ကာလမှာ ဘာကာယူ-၁၉အသင်းက ယူအီးအက်ဖ်အေလူငယ်အသင်း ပြိုင်ပွဲ ၂ ပွဲဖြစ်တဲ့ ဒေါ့မွန်နဲ့ အင်တာအသင်းတို့ကို ရှုံးနိမ့်ထားခဲ့ပါတယ်။

Photo Credit

ဘာစီလိုနာအသင်းကတော့ ယနေ့မှာ ဗဲလ်ဒက်စ်ဟာ ယူ-၁၉ အသင်းရဲ့ နည်းပြအဖြစ် ဆက်ရှိမနေတော့ကြောင်းနဲ့ အသင်းရဲ့ ဝန်ထမ်းမဟုတ်တော့ကြောင်း ထုတ်ပြန်ကြေညာခဲ့တာပါ။ အသက် ၃၇ နှစ်အရွယ် ဗဲလ်ဒက်စ်ဟာ ၂၀၁၀ ကမ္ဘာ့ဖလားကိုစပိန်အသင်းနဲ့အတူဆွတ်ခူးခဲ့ဖူးပြီး ဘာစီလိုနာအသင်းနဲ့အတူ လာလီဂါဖလား ၆ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၃ ကြိမ် ကိုင်မြှောက်နိုင်ခဲ့ပါတယ်။

Photo Credit

ဗဲလ်ဒက်စ်ရဲ့နေရာမှာတော့ ၂၀၁၀ ခုနှစ်ကတည်းက ဘာစီလိုနာလာမာစီယာလူငယ်အသင်းနည်းပြအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဖရန့်စ် အာတီဂါက အစားထိုးတာဝန်ယူကိုင်တွယ်မှာ ဖြစ်ပါတယ်။

Photo Credit

Zawgyi

ဘာစီလိုနာ ယူ-၁၉ အသင္းနည္းျပရာထူးကေန ထုတ္ပယ္ခံခဲ့ရတဲ့ ဗဲလ္ဒက္စ္

ဘာစီလိုနာအသင္းဟာ ယူ-၁၉ နည္းျပျဖစ္တဲ့ ဂႏၳ၀င္ဂိုးသမား ဗစ္တာဗဲလ္ဒက္စ္ကို နည္းျပရာထူးကေန ထုတ္ပယ္လိုက္ၿပီ ျဖစ္ေၾကာင္းအတည္ျပဳေၾကညာလိုက္ပါတယ္။ ဘာစီလိုနာဂိုးသမားေဟာင္းဗဲလ္ဒက္စ္ဟာ အဆိုပါနည္းျပရာထူးကို ဇူလိုင္လက စတင္ရယူခဲ့တာျဖစ္ၿပီး ဂ်ဴဗန္နယ္ေအအသင္းကို ကိုင္တြယ္တာ ၃ လခန္႔သာရွိေသးတာ ျဖစ္ပါတယ္။
သတင္းေတြရဲ႕အဆိုအရ ယခုလိုထုတ္ပယ္မခံရခင္ ဗဲလ္ဒက္စ္ဟာ အသင္းရဲ႕ ဒါ႐ိုက္တာျဖစ္တဲ့ တိုက္စစ္မွဴးေဟာင္း ပက္ထရစ္ကလြိဳင္ဗက္နဲ႔ ဆက္ဆံေရးမေျပလည္မႈေတြ ရွိခဲ့တယ္လို႔ သိရပါတယ္။ လက္ရွိဘာစီလိုနာ ယူ-၁၉ အသင္းဟာ ရီးရဲလ္ဇာရာဂိုဇာအသင္းရဲ႕ေနာက္ အမွတ္ေပးဇယားဒုတိယေနရာမွာ ရပ္တည္ေနၿပီး ဗဲလ္ဒက္စ္ ကိုင္တြယ္ေနစဥ္ကာလမွာ ဘာကာယူ-၁၉အသင္းက ယူအီးအက္ဖ္ေအလူငယ္အသင္း ၿပိဳင္ပြဲ ၂ ပြဲျဖစ္တဲ့ ေဒါ့မြန္နဲ႔ အင္တာအသင္းတို႔ကို ႐ံႈးနိမ့္ထားခဲ့ပါတယ္။
ဘာစီလိုနာအသင္းကေတာ့ ယေန႔မွာ ဗဲလ္ဒက္စ္ဟာ ယူ-၁၉ အသင္းရဲ႕ နည္းျပအျဖစ္ ဆက္ရွိမေနေတာ့ေၾကာင္းနဲ႔ အသင္းရဲ႕ ဝန္ထမ္းမဟုတ္ေတာ့ေၾကာင္း ထုတ္ျပန္ေၾကညာခဲ့တာပါ။ အသက္ ၃၇ ႏွစ္အရြယ္ ဗဲလ္ဒက္စ္ဟာ ၂၀၁၀ ကမၻာ႔ဖလားကိုစပိန္အသင္းနဲ႔အတူဆြတ္ခူးခဲ့ဖူးၿပီး ဘာစီလိုနာအသင္းနဲ႔အတူ လာလီဂါဖလား ၆ ႀကိမ္၊ ခ်န္ပီယံလိဂ္ဖလား ၃ ႀကိမ္ ကိုင္ေျမွာက္ႏိုင္ခဲ့ပါတယ္။
ဗဲလ္ဒက္စ္ရဲ႕ေနရာမွာေတာ့ ၂၀၁၀ ခုႏွစ္ကတည္းက ဘာစီလိုနာလာမာစီယာလူငယ္အသင္းနည္းျပအျဖစ္ တာဝန္ထမ္းေဆာင္ေနတဲ့ ဖရန္႔စ္ အာတီဂါက အစားထိုးတာဝန္ယူကိုင္တြယ္မွာ ျဖစ္ပါတယ္။