ဘာစီလိုနာ၊ အာဆင်နယ်အသင်းတို့ကို ကိုင်တွယ်ဖို့ဆန္ဒမရှိတဲ့ ကွန်တီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အင်တာမီလန်နည်းပြဟောင်းကွန်တီကို ရလဒ်ဆိုးတွေကြောင့်ရုန်းကန်နေရတဲ့ ဘာစီလိုနာနဲ့ အာဆင်နယ်အသင်းတို့က နည်းပြအဖြစ်ခန့်အပ်ဖို့ပစ်မှတ်ထားနေတယ်လို့ သတင်းထွက်နေပေမယ့်လည်း ကွန်တီကတော့ အဲဒီနှစ်သင်းမှာ နည်းပြအဖြစ်ဆောင်ရွက်ဖို့ဆန္ဒမရှိဖြစ်နေပါတယ်။

အသက်(၅၂)နှစ်အရွယ်ရှိပြီဖြစ်သူ ကွန်တီဟာ ပြီးခဲ့တဲ့ရာသီက အင်တာမီလန်အသင်းကို (၁၁)နှစ်ကြာဝေးကွာနေတဲ့ စီးရီးအေချန်ပီယံဆုရရှိအောင်စွမ်းဆောင်ပေးခဲ့ပြီး

အပြောင်းအရွှေ့ကိစ္စရပ်တွေမှာ အသင်းပိုင်ရှင်တွေနဲ့သဘောထားမတိုက်ဆိုင်တာကြောင့် နည်းပြရာထူးကနေရုတ်တရက်နုတ်ထွက်ခဲ့ပြီးနောက်ပိုင်း အသင်းလက်မဲ့ဖြစ်နေသူပါ။

အင်တာမီလန်နဲ့နှစ်ဦးသဘောတူစာချုပ်ဖျက်သိမ်းခဲ့တုန်းက စာချုပ်ထဲမှာပါဝင်တဲ့သဘောတူညီချက်အရ ကွန်တီဟာ လာမယ့်ရာသီအထိ စီးရီးအေကလပ်အသင်းတစ်သင်းနည်းပြအဖြစ် ကိုင်တွယ်ခွင့်ရမှာမဟုတ်တာကြောင့် ပြည်ပကလပ်တစ်သင်းသင်းမှာပဲ နည်းပြအဖြစ်ဆောင်ရွက်သွားဖို့ရှိနေပါတယ်။

ဒါပေမဲ့ Sky Sport Italia သတင်းဌာနက နာမည်ကျော်ဂျာနယ်လစ်တစ်ဦးဖြစ်သူ ဖာဘရစ်ဇီယိုရိုမာနိုက ကွန်တီဟာ အသင်းတစ်သင်းကို ရာသီဝက်လောက်မှ စတင်ကိုင်တွယ်ဖို့ ဆန္ဒမရှိဘဲ ရာသီအစကတည်းက နည်းပြအဖြစ်ဆောင်ရွက်သွားဖို့သာ ဆန္ဒရှိနေတယ်လို့ ဆိုခဲ့ပါတယ်။

အခုလောလောဆယ် ဘာစီလိုနာအသင်းဟာ ရလဒ်ဆိုးတွေနဲ့ဆက်တိုက်ရင်ဆိုင်နေရသလို ကာဒစ်ဇ်နဲ့ပွဲမှာ ဂိုးမရှိသရေကျခဲ့တာကြောင့် ပြိုင်ပွဲစုံ(၃)ပွဲဆက်နိုင်ပွဲပျောက်ခဲ့တာကြောင့်

နည်းပြရော်နယ်လ်ကိုးမန်းအပေါ် ဖိအားတွေများနေပြီး အာဆင်နယ်အသင်းကလည်း ဒီရာသီအစပိုင်းမှာ ရုန်းကန်ခဲ့ရတဲ့အတွက် အာတီတာရဲ့အနာဂတ်ကလည်း တည်ငြိမ်မှုမရှိဖြစ်နေပါတယ်။

ဒါပေမဲ့ ဒီနှစ်သင်းစလုံးက နည်းပြရာထူးအတွက် ကွန်တီကို တရားဝင်ချဉ်းကပ်တာမျိုးမရှိသေးဘဲ ကွန်တေဟာ မန်ချက်စတာယူနိုက်တက်အသင်းနည်းပြအဖြစ် ဆောင်ရွက်ဖို့ဆန္ဒရှိနေတယ်ဆိုတဲ့သတင်းတွေ မကြာသေးခင်က ထွက်ပေါ်ခဲ့ဖူးပါတယ်။

ယူနိုက်တက်အသင်းအနေနဲ့ အခုကာလအတွင်း နည်းပြဆိုးလ်ရှားကို ရာထူးကထုတ်ပယ်မယ့်အနေအထားမရှိလို့ ကွန်တီကို နည်းပြသစ်ခန့်အပ်မယ်ဆိုရင်တောင် လာမယ့်ရာသီမှသာဖြစ်နိုင်မယ့်အနေအထားပါပဲ။

ဘာစီလိုနာအသင်းဟာ နည်းပြရာထူးအတွက် ဂျူဗင်တပ်စ်နည်းပြဟောင်းပီယာလိုကို ချိတ်ဆက်နေတယ်လို့ သတင်းထွက်နေပေမယ့် ရိုမာနိုကတော့ အဲဒီသတင်းက မှန်ကန်မှုမရှိဘူးလို့ ငြင်းဆန်ထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဘာစီလိုနာ၊ အာဆင္နယ္အသင္းတို႔ကို ကိုင္တြယ္ဖို႔ဆႏၵမရွိတဲ့ ကြန္တီ

အင္တာမီလန္နည္းျပေဟာင္းကြန္တီကို ရလဒ္ဆိုးေတြေၾကာင့္႐ုန္းကန္ေနရတဲ့ ဘာစီလိုနာနဲ႔ အာဆင္နယ္အသင္းတို႔က နည္းျပအျဖစ္ခန႔္အပ္ဖို႔ပစ္မွတ္ထားေနတယ္လို႔ သတင္းထြက္ေနေပမယ့္လည္း ကြန္တီကေတာ့ အဲဒီႏွစ္သင္းမွာ နည္းျပအျဖစ္ေဆာင္႐ြက္ဖို႔ဆႏၵမရွိျဖစ္ေနပါတယ္။ အသက္(၅၂)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ကြန္တီဟာ ၿပီးခဲ့တဲ့ရာသီက အင္တာမီလန္အသင္းကို (၁၁)ႏွစ္ၾကာေဝးကြာေနတဲ့ စီးရီးေအခ်န္ပီယံဆုရရွိေအာင္စြမ္းေဆာင္ေပးခဲ့ၿပီး အေျပာင္းအေ႐ႊ႕ကိစၥရပ္ေတြမွာ အသင္းပိုင္ရွင္ေတြနဲ႔သေဘာထားမတိုက္ဆိုင္တာေၾကာင့္ နည္းျပရာထူးကေန႐ုတ္တရက္ႏုတ္ထြက္ခဲ့ၿပီးေနာက္ပိုင္း အသင္းလက္မဲ့ျဖစ္ေနသူပါ။

အင္တာမီလန္နဲ႔ႏွစ္ဦးသေဘာတူစာခ်ဳပ္ဖ်က္သိမ္းခဲ့တုန္းက စာခ်ဳပ္ထဲမွာပါဝင္တဲ့သေဘာတူညီခ်က္အရ ကြန္တီဟာ လာမယ့္ရာသီအထိ စီးရီးေအကလပ္အသင္းတစ္သင္းနည္းျပအျဖစ္ ကိုင္တြယ္ခြင့္ရမွာမဟုတ္တာေၾကာင့္ ျပည္ပကလပ္တစ္သင္းသင္းမွာပဲ နည္းျပအျဖစ္ေဆာင္႐ြက္သြားဖို႔ရွိေနပါတယ္။ ဒါေပမဲ့ Sky Sport Italia သတင္းဌာနက နာမည္ေက်ာ္ဂ်ာနယ္လစ္တစ္ဦးျဖစ္သူ ဖာဘရစ္ဇီယို႐ိုမာႏိုက ကြန္တီဟာ အသင္းတစ္သင္းကို ရာသီဝက္ေလာက္မွ စတင္ကိုင္တြယ္ဖို႔ ဆႏၵမရွိဘဲ ရာသီအစကတည္းက နည္းျပအျဖစ္ေဆာင္႐ြက္သြားဖို႔သာ ဆႏၵရွိေနတယ္လို႔ ဆိုခဲ့ပါတယ္။

အခုေလာေလာဆယ္ ဘာစီလိုနာအသင္းဟာ ရလဒ္ဆိုးေတြနဲ႔ဆက္တိုက္ရင္ဆိုင္ေနရသလို ကာဒစ္ဇ္နဲ႔ပြဲမွာ ဂိုးမရွိသေရက်ခဲ့တာေၾကာင့္ ၿပိဳင္ပြဲစုံ(၃)ပြဲဆက္ႏိုင္ပြဲေပ်ာက္ခဲ့တာေၾကာင့္ နည္းျပေရာ္နယ္လ္ကိုးမန္းအေပၚ ဖိအားေတြမ်ားေနၿပီး အာဆင္နယ္အသင္းကလည္း ဒီရာသီအစပိုင္းမွာ ႐ုန္းကန္ခဲ့ရတဲ့အတြက္ အာတီတာရဲ႕အနာဂတ္ကလည္း တည္ၿငိမ္မႈမရွိျဖစ္ေနပါတယ္။

ဒါေပမဲ့ ဒီႏွစ္သင္းစလုံးက နည္းျပရာထူးအတြက္ ကြန္တီကို တရားဝင္ခ်ဥ္းကပ္တာမ်ိဳးမရွိေသးဘဲ ကြန္ေတဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းနည္းျပအျဖစ္ ေဆာင္႐ြက္ဖို႔ဆႏၵရွိေနတယ္ဆိုတဲ့သတင္းေတြ မၾကာေသးခင္က ထြက္ေပၚခဲ့ဖူးပါတယ္။ ယူႏိုက္တက္အသင္းအေနနဲ႔ အခုကာလအတြင္း နည္းျပဆိုးလ္ရွားကို ရာထူးကထုတ္ပယ္မယ့္အေနအထားမရွိလို႔ ကြန္တီကို နည္းျပသစ္ခန႔္အပ္မယ္ဆိုရင္ေတာင္ လာမယ့္ရာသီမွသာျဖစ္ႏိုင္မယ့္အေနအထားပါပဲ။ ဘာစီလိုနာအသင္းဟာ နည္းျပရာထူးအတြက္ ဂ်ဴဗင္တပ္စ္နည္းျပေဟာင္းပီယာလိုကို ခ်ိတ္ဆက္ေနတယ္လို႔ သတင္းထြက္ေနေပမယ့္ ႐ိုမာႏိုကေတာ့ အဲဒီသတင္းက မွန္ကန္မႈမရွိဘူးလို႔ ျငင္းဆန္ထားပါတယ္။